crd : panpoelat
unicode
သူမကို ညီမလေး တစ်ယောက်လို အမြဲပြောဆို ဆုံးမပေးတဲ့ သင်ဇာ ကို ဘယ်လိုနေနေ ချစ်ခင်လေးစားနေမှာပါ ဆိုတဲ့ မီးနို
Glaxy Star သီချင်း ဆိုပြိုင်ပွဲကနေ စတင်ကာ ပရိသတ်တွေ ရဲ့ အားပေးမှုတွေ ကို ရရှိခဲ့သူ အဆိုတော်မလေး မီးနိုကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီး သားဖြစ်မယ် ထင်ပါတယ်နော်.။ မီးနိုကတော့ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို သူမရဲ့အသံပါဝါတွေ နဲ့ သိမ်းပိုက် ထားသူလေး ပဲဖြစ်ပါတယ်.။ မီးနိုရဲ့ သီချင်းတိုင်း ဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားပြီး လူကြိုက်များ အားပေးမှုတွေကို ရရှိ ပိုင်ဆိုင်ထားတာပါ.။
လက်ရှိ Covid ကာလအတွင်းမှာတော့ မီးနိုက အနုပညာ လှုပ်ရှား မှုတွေကို သိပ်မလုပ်ဖြစ်ပေမယ့် ခန္ဓာကိုယ်အလှအတွက် Gym ကစားဖြစ်နေပြီး အတူကစားဖြစ် တဲ့ မင်းသမီး သင်ဇာဝင့်ကျော်နဲ့ က ညီအစ်မအရင်းတွေလို ခင်မင်ရင်းနှီးကြသူတွေပဲဖြစ်ပါတယ်.။ ဒီနေ့ မေလ (၂၅)ရက်နေ့မှာတော့ မီးနိုက သင်ဇာဝင့်ကျော် နဲ့ Gym မှာ အတူတူ ရိုက်ထားတဲ့ ပုံလေးတွေကို “ချစ်ခြင်းမေတ္တာက အသက်ဝင်ပါတယ် .။ ညီမကို အမတစ်ယောက် လို ပြောဆိုဆုံးမပေး လို့လည်း ကျေးဇူးတင်ပါတယ် .။ ချစ်တယ်မမ.။ မမဘယ်လိုနေနေချစ်တယ်.။ မမပြောသလို forever ” ဆိုပြီး သူမ ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
မီးနိုကတော့ သူမကို ညီမလေး တစ်ယောက်လို ပြောဆိုဆုံးမပေးတဲ့ သင်ဇာဝင့်ကျော် ကို ချစ်ခင်ကာ ဘယ်လို နေနေချစ်နေမှာပါ ဆိုပြီး သူမတို့နှစ်ဦး ရဲ့ ချစ်ခင် ရင်းနှီးမှုကို ချပြ လာတာပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးအတွက်လည်း ညီအစ်မတွေလို ချစ်ခင် ရင်းနှီးကြတဲ့ သင်ဇာဝင့်ကျော် နဲ့ မီးနိုတို့ရဲ့ Gym ရောက် ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေး လိုက်ပါ တယ်နော်.။
Add a Comment
Your email address will not be published. Required fields are marked *
4 − one =