လက္ရွိေနတဲ့ အိမ္မွာ သရဲေျခာက္လွန္႔မႈေတြ ရွိေနတာေၾကာင့္ စိတ္မလုံမၿခဳံ ျဖစ္ေနရတဲ့ “ေမာ္ဒယ္ေ႐ႊျမင့္မိုရ္”

သုံးဆယ့္တစ္ဘုံ မွာလည္း ျမင္အပ္မျမင္အပ္ေတြ ရွိတာေၾကာင့္ ပရေလာက ဆိုတာလည္း ႀကဳံေတြ႕လာရတဲ့အခါ စိတ္အားငယ္တတ္သူေတြအဖို႔ေတာ့ အေတာ္ေလးကို ေသြးပ်က္ေစမွာပါ။ ေမာ္ဒယ္ေ႐ႊျမင့္မိုရ္က သူမရဲ႕ အခက္အခဲကို ” ကြၽန္မခုေနေနတဲ့ တိုက္ခန္းမွာ ကြၽန္မကလြဲၿပီး က်န္တဲ့သူေတြ အားလုံး သရဲအေျခာက္ခံရသလိုျဖစ္ၾကတယ္ မာမီဘရစ္တနီတို႔ သုံသုံတို႔ စေျပာတုန္းက ကြၽန္မကမ ယုံေတာ့ ကေတာက္ကဆေတာင္ျဖစ္ခဲ့ေသးတယ္ ဘုန္းဘုန္းေတြပင့္ၿပီးဆြမ္းကပ္တာေတြလုပ္ၾကေသးတယ္ ေနာက္ပိုင္းမာမီတို႔အိမ္ခြဲသြားတယ္ ကြၽန္မတစ္ေယာက္တည္းအခန္းမွာ ေနခဲ့တဲ့ရက္ေတြ အမ်ားႀကီးပဲ ဘာမွမေတြ႕ရမၾကားရတာ ကြၽန္မနဲ႔လာေနတဲ့ သူတိုင္း တစ္မ်ိဳး မဟုတ္တစ္မ်ိဳးႀကဳံၾကတယ္ ” ဆိုၿပီးေျပာျပခဲ့ပါတယ္။

အမ်ားကအမွ်အတန္းေဝဖို႔အႀကံေပးၾကတဲ့ အခါမွာ ” အင္း ပထမတစ္ခါလည္း အလႉလုပ္ေပးထားတယ္ အကုန္လုံးျမင္ၾကတယ္ နံရံထဲကို ေယာက်္ားႀကီး တစ္ေယာက္ဝင္သြားတယ္ ဆိုၿပီး ခုလည္း ညီမအခန္းထဲမွာရွိတယ္ အိပ္ေနတာ အဲ့တာကိုအျပင္မွာအိပ္တဲ့ ညီမေလးက ေနာက္ေဖးခန္း ကေန လမ္းေလွ်ာက္လာၿပီ ညီမအခန္းထဲကို တဒုန္းဒုန္းနဲ႔ ဝင္သြားသလိုၾကားလို႔လန႔္ၿပီးထေအာ္တာ ” ဆိုၿပီး ထပ္ေျပာျပခဲ့ပါေသးတယ္။

မျမင္ရတဲ့ တစ္စုံတစ္ေယာက္ ကိုလည္း ” ပင္ပန္းရတဲ့အထဲ အိပ္ေရးေတြ ပ်က္ပါတယ္ ကြၽန္မနဲ႔ေနတဲ့ ကေလးကိုမေနာက္ပါနဲ႔ ရွင္ျဖစ္ခ်င္တာကို ကြၽန္မကို အိပ္မက္ေပးပါ ” ဆိုၿပီး ေရးသားခဲ့ပါေသးတယ္။ တစ္အိမ္လုံးျမင္ၾကၿပီး မိုရ္ေလးတစ္ေယာက္တည္း မျမင္တာဆိုေတာ့ မိုရ္ေလးက ကံျမင့္ေနလို႔ မ်ားလားပဲ။ ပရိသတ္ႀကီး ရဲ႕ အျမင္ေလးေတြလည္း ေျပာေပးခဲ့ပါဦး။

Happy – Cele Zone
Photo – Shwe Myint Mo

unicode

လက်ရှိနေတဲ့ အိမ်မှာ သရဲခြောက်လှန့်မှုတွေ ရှိနေတာကြောင့် စိတ်မလုံမခြုံ ဖြစ်နေရတဲ့ “မော်ဒယ်ရွှေမြင့်မိုရ်”

သုံးဆယ့်တစ်ဘုံ မှာလည်း မြင်အပ်မမြင်အပ်တွေ ရှိတာကြောင့် ပရလောက ဆိုတာလည်း ကြုံတွေ့လာရတဲ့အခါ စိတ်အားငယ်တတ်သူတွေအဖို့တော့ အတော်လေးကို သွေးပျက်စေမှာပါ။ မော်ဒယ်ရွှေမြင့်မိုရ်က သူမရဲ့ အခက်အခဲကို ” ကျွန်မခုနေနေတဲ့ တိုက်ခန်းမှာ ကျွန်မကလွဲပြီး ကျန်တဲ့သူတွေ အားလုံး သရဲအခြောက်ခံရသလိုဖြစ်ကြတယ် မာမီဘရစ်တနီတို့ သုံသုံတို့ စပြောတုန်းက ကျွန်မကမ ယုံတော့ ကတောက်ကဆတောင်ဖြစ်ခဲ့သေးတယ် ဘုန်းဘုန်းတွေပင့်ပြီးဆွမ်းကပ်တာတွေလုပ်ကြသေးတယ် နောက်ပိုင်းမာမီတို့အိမ်ခွဲသွားတယ် ကျွန်မတစ်ယောက်တည်းအခန်းမှာ နေခဲ့တဲ့ရက်တွေ အများကြီးပဲ ဘာမှမတွေ့ရမကြားရတာ ကျွန်မနဲ့လာနေတဲ့ သူတိုင်း တစ်မျိုး မဟုတ်တစ်မျိုးကြုံကြတယ် ” ဆိုပြီးပြောပြခဲ့ပါတယ်။

အများကအမျှအတန်းဝေဖို့အကြံပေးကြတဲ့ အခါမှာ ” အင်း ပထမတစ်ခါလည်း အလှူလုပ်ပေးထားတယ် အကုန်လုံးမြင်ကြတယ် နံရံထဲကို ယောကျ်ားကြီး တစ်ယောက်ဝင်သွားတယ် ဆိုပြီး ခုလည်း ညီမအခန်းထဲမှာရှိတယ် အိပ်နေတာ အဲ့တာကိုအပြင်မှာအိပ်တဲ့ ညီမလေးက နောက်ဖေးခန်း ကနေ လမ်းလျှောက်လာပြီ ညီမအခန်းထဲကို တဒုန်းဒုန်းနဲ့ ဝင်သွားသလိုကြားလို့လန့်ပြီးထအော်တာ ” ဆိုပြီး ထပ်ပြောပြခဲ့ပါသေးတယ်။

မမြင်ရတဲ့ တစ်စုံတစ်ယောက် ကိုလည်း ” ပင်ပန်းရတဲ့အထဲ အိပ်ရေးတွေ ပျက်ပါတယ် ကျွန်မနဲ့နေတဲ့ ကလေးကိုမနောက်ပါနဲ့ ရှင်ဖြစ်ချင်တာကို ကျွန်မကို အိပ်မက်ပေးပါ ” ဆိုပြီး ရေးသားခဲ့ပါသေးတယ်။ တစ်အိမ်လုံးမြင်ကြပြီး မိုရ်လေးတစ်ယောက်တည်း မမြင်တာဆိုတော့ မိုရ်လေးက ကံမြင့်နေလို့ များလားပဲ။ ပရိသတ်ကြီး ရဲ့ အမြင်လေးတွေလည်း ပြောပေးခဲ့ပါဦး။

Happy – Cele Zone
Photo – Shwe Myint Mo

Add a Comment

Your email address will not be published. Required fields are marked *

9 + one =