ရခိုင်ပြည်နယ် က ပြန်လာပြီး ကိုဗစ်သံသယဖြင့် ခေါ်ယူစစ်ဆေးခြင်းခံရတဲ့ သူတစ်ဦး ရဲ့ အတွေ့အကြုံ

ဒီစာကို ရေးချင်လွန်းလို့ ကိုယ့် result ထွက်မဲ့နေ့ထိ စိတ်ရှည်ရှည် နဲ့စောင့်နေခဲ့တာပါ…

ကျွန်တော်က သံတွဲကနေ ရန်ကုန်ကို August 16 ရက်နေ့က ပြန်ရောက်တာ August 25 ရက်နေ့ညမှာ MOHS Page မှာ တင်ထားတဲ့ August 10 ရက်နေ့နောက်ပိုင်း ရောဂါပိုးကူးဆက်ခံထားရသော ရခိုင်ပြည်နယ် အတွင်း ခရီးသွားရာဇဝင်ရှိခဲ့ပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သတင်းပို့ အကြောင်းကြားရန်ဆိုတဲ့ ပန်ကြားလွှာကို သွားတွေ့တော့.. အလိုက်တသိ နဲ့ပဲ ကိုယ့်အလုပ်ကိုရော ကျန်းမာရေးဌာနကိုပါ သတင်းပို့ခဲ့ပါတယ်…

အရမ်းတွေလွယ်တယ်များထင်နေပါသလား ကျွန်တော်က အဆောင်ငှား နေသူပါ ပထမဆုံး အဆောင်ပိုင်ရှင်ကို အသိပေးရပါတယ် ပီးတော့မှကျန်းမာရးဌာနကို ဖုန်းဆက်အကြောင်းကြားတာပါ.. သူတို့တွေနဲ့စကားပြောတဲ့အချိန် ကိုယ့်အသံတုန်မနေအောင် အရမ်းသတိထားခဲ့ရတယ်…

ဒါနဲ့ပဲ August 27 ရက်နေ့မှာ Swab test လုပ်ပါတယ် ပါဝါရိန်းဂျားတွေက (တကယ်လဲ ပါဝါရိန်းဂျားတွေပါ) ဝင့်အွန် ဝင့်အွန် မြည်တဲ့ကားအဖြူကြီးနဲ့ လာကြိုပါတယ်.. လမ်းထဲမယ် ကိုယ့်သတင်း အရမ်းတွေမွှေးသွားပါလိမ့်မယ်.. ဂြိုလ်သားအကြည့်ပေါင်းများစွာရဲ့အောက် ကျွန်တော်ကတော့ ခေါင်းငုံ့ပီး ကားပေါ် အမြန်ပြေးတက်ခဲ့တယ်..

ကားပေါ်မှာ ကိုယ်နဲ့ဘဝတူ လူတွေတွေ့တော့မှ နည်းနည်းစိတ်သက်သာရာရတယ်.. အားလုံးနီးပါက စစ်တွေကပြန်လာကြတဲ့လူတွေများတယ်.. အမှန်တိုင်းပြောရရင် စိုးရိမ်မိပါတယ် ကိုယ့်ဆီမှာ ပိုးမရှိပဲ သူတို့ထဲက တစ်ယောက်ယောက်ဆီမှာများ ပိုးရှိနေခဲ့ရင်… ဟုတ်တယ်လေ လတ်တလောမှာတော့ စစ်တွေရာဇဝင်ရှိတဲ့လူတွေက စစ်လိုက်တိုင်းတွေ့နေတာပဲမလား….

အဲ့ဒီလိုတွေးနေရင်းနဲ့မှ ခေါင်းထဲရောက်လာတဲ့ နောက်အတွေး တစ်ခုက တကယ်လို့ ပိုးရှိနေတဲ့ကောင်က ငါဆိုရင်ကော…. ဆိုတဲ့အတွေးပါ.. ဟုတ်ပါတယ် ကျွန်တော်တို့လို လူတော်တော်များများက အတွေးတစ်ခု ဒါမှမဟုတ် အဖြစ်ပျက်တစ်ခုကို အစချီရင် ကိုယ့်ဘက်ကိုယ် အကောင်းအရင်ယူကြတာပါ…

ဒီ Covid ကိစ္စမှာလဲ အဲ့ဒီလိုပါပဲ သူများဆီက ပိုးကိုယ့်မကူးရေးကိုပဲ အလေးပေးနေကြတယ်လို့မြင်ပါတယ်.. ကိုယ့်ဆီကပိုး သူများမကူးရေးဆိုတာကိုတော့ မေ့ထားကြဟန်တူပါတယ်.. ဘာလို့လဲဆို ကိုယ့်ကိုကိုယ်တော့ အကောင်းထင်ထားကြတာကိုး.. ဒါတွေကြောင့်လဲ quarantine ကိုရှောင်တဲ့လူနဲ့ ဟိုနားဒီနားသွားရင် Mask မတပ်သူနဲ့ တွေ့နေ ကြားနေရတာပါ

ငါ့ဆီမှာပိုးရှိနေခဲ့ရင် သူများဆီးတော့ကူးသွားမှာပဲ အဲ့ဒီအတွက် ငါကာကွယ်ရမယ်လို့ တွေးတဲ့လူကတော့ 100 မှာ 3 ယောက် 4 ယောက်တော့ရှိပါလိမ့်မယ်.. ဒါကြောင့်လဲ ကားကြီးဝင်းကနေ quarantine စင်တာကို လမ်းလျှောက်လာတဲ့လူရယ်လို့ ပေါ်လာတာပေါ့..

တကယ်လို့ အဲ့ဒီလိုအတွေးမျိုးတွေးတဲ့လူတွေ 100% ရှိသွားခဲ့ရင်တော့ လက်ရှိ ရခိုင်မှာရော မြန်မာပြည်မှာ ဖြစ်နေတဲ့ Covid second wave ဆိုတာကြီးကို ကျန်းမာရေးဝန်ထမ်းတွေ ပေါ့ပေါ့ပါးပါး သက်သက်သာသာနဲ့ တားစီးနိုင်လိမ့်မယ်လို့ ထင်ပါတယ်..

“swab test ယူခြင်းကိစ္စ”

တစ်ချို့က swab test ယူရင် အရမ်းတွေနာတယ်လို့ ထင်ကြပါတယ်.. တကယ်ကတော့ ထင်သလောက်မဟုတ်ပါဘူး (ပုရွက်ဆိပ် ကိုက်တာတောင်နာတတ်တဲ့လူဆိုရင်တော့ မသိဘူးပေါ့)

အာသီးနောက်ကို ခြစ်ယူတဲ့အချိန်.. အာ….. ဆိုတဲ့ vowel sound ကိုခပ်ဆွဲဆွဲလေးအော်ပေးထားရပါမယ်.. နှာခေါင်ကို ယူတဲ့အချိန်မှာတော့ ပစပ်ကနေ အသက်ရှုပေးပါ ခေါင်းကိုအရမ်းကြီးမမော့ပါနဲ့.. သူတို့ကနားကြပ်သလို လှည့်ယူတာဆိုတော့ ယားကြိကြိနဲ့ ယူတတ်ရင် ဇိမ်ပဲ… မျက်ရည်တော့နည်းနည်းဝဲမယ်…

“ရွဲ့ခြင်းကိစ္စ”

အခု ကျွန်တော့ first test result ကတော့ negative ပါ.. (second test ယူဖို့ရှိမရှိ အထက်ကလောလောဆယ် မညွှန်ကြားသေးတဲ့အတွက် လိုအပ်ရင် ဖုန်းဆက်ပါ့မယ်လို့ ကျွန်တော့ကို ကူညီတဲ့ ဆရာဝန် ကတော့ပြောပါတယ် stay home နေပီဘယ်မှမသွားဖို့ သတိပေးပါတယ်)

အဲ့ဒီအတွက် ကျွန်တော် လုပ်ရမဲ့ တာဝန်ကရှင်းပါတယ် လမ်းထဲက ကျွန်တော့ကို ဂြိုလ်သားကြည့်နဲ့ ကြည့်တဲ့လူတွေအကုန်လုံးကို အခုကျွန်တော် ဂြိုလ်သားအကြည့်နဲ့ပြန်ကြည့်ပါမယ်..

ကိုယ်က first time negative ပြထားသူဆိုတော့ ကိုယ်ဖြူစင်တာ ကိုယ်သိနေပီလေ ဖြူမှန်းမဲမှန်းမသိတဲ့ နေရာတကာလျှောက်သွားပီး စည်းကမ်းလိုက်နာမှုမရှိတဲ့ လမ်းထဲက ဂြိုလ်သားတွေကို 6 ပေအကွာကနေ မတူသလိုမတန်သလို ဆက်ဆံသွားမည် ဖြစ်ပါကြောင်း.. အဲ့လိုမလုပ်ရင်လဲ တကယ်လို့ second test ကျမှ ကွိခနဲတွေ့သွားရင် ကိုယ့်ဖြူစင်မူ့လေး နှမျောစရာဖြစ်မယ်…

ကူညီပေးခဲ့တဲ့ သူငယ်ချင်း လုပ်ဖော် ကိုင်ဖက် အဆောင်ပိုင်ရှင် စတဲ့လူတွေမပါ သူတို့ကိုတော့ 3 ပေလျော့ပေးမယ် ဟဲဟဲ..

(NayKhantKyaw)

Add a Comment

Your email address will not be published. Required fields are marked *

12 − 10 =