အမြန်လမ်းပေါ်မှာ ကားအက်စီးဒန့် ဖြစ်ခဲ့ပြီး အသက်ဘေး နဲ့ ကြုံခဲ့ရကြောင်းပြောပြတဲ့ အဆိုတော် “ပိုးမီ”

Posted on

ပရိသတ်ကြီးရေ အဆိုတော် ပိုးမီကတော့ Myanmar Idol ပြိုင်ပွဲကြီးကနေ အကောင်းဆုံး ယှဥ်ပြိုင်ခဲ့ပြီး ပရိသတ်တွေ ရဲ့ အားပေးမှာရရှိလာတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ အဆိုတော် ပိုးမီက အမြန်လမ်းပေါ်မှာ ကားအက်စီးဒန့် ဆိုးဆိုးဝါဝါးဖြစ်ခဲ့ပြီး အသက်ဘေးနဲ့ ကြုံခဲ့ရကြောင်းပြောလာတာလည်းဖြစ်ပါတယ်။

ပိုးမီကပိုးမီအတွက်2022ခုနှစ်ဟာ လောကကြီးက ပေးတဲ့ သင်ခန်းစာတွေကိုအပြင်းထန်ဆုံး သင်ကြားရတဲ့ ခုနှစ်ပါပဲ။အသက်၃၄ နှစ်တာ ကာလတစ်လျှောက်လုံး မှာဖြစ်သလို ပျော်သလိုနေထိုင်လာခဲ့ရာကနေဘဝနေနည်း ကိုကောင်းစွာ သိနားလည် ပြောင်းလဲ ခွင့်ရခဲ့နှစ်ဖြစ်သလိုအဆိုးဆုံးသောအသက်ပါသေလောက်တဲ့အခြေအနေကိုလဲကြုံခဲ့ရတဲ့ နှစ်ပါပဲ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ခရီးတစ်ခုကအပြန် အမြန်လမ်းပေါ်မှာ ကား အက်စီးဒန့် ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ရတယ်။ ကားတစ်စီးလုံး စုတ်ပြတ်သတ်သွားတဲ့အထိ ပြင်းထန်ခဲ့ပေမဲ့ခေါင်းကို ထိခိုက်မိပြီး ၆ချက်ချုပ်ရုံကလွဲလို့ အပွန်းအပဲ့ အကျိုး အပဲ့ အထိအခိုက် တစ်စုံတစ်ရာတောင် မရခဲ့ပါဘူး ကံကောင်းခဲ့တယ် လို့ပဲ တွေးမိတော့တယ်

တစ်စက္ကန့် နှစ်စက္ကန့်အတွင်းဖြစ်သွားခဲ့သမျှသတိတချက်မလွတ်ခဲ့လို့အစ/အဆုံး အက်ရှင်ကားထဲက ဇာတ်ဝင်ခန်းလိုပါပဲသွေးနည်းနည်းမြင်ရင်တောင် တုန်ယင်ပြီးကြောက်တတ်ခဲ့ပေမယ်တကယ်တမ်း ရင်ဆိုင်ရတဲ့အခါတည်ငြိမ်ပြီးသတိမလွတ်တဲ့ကိုယ့်ကိုကိုယ်တောင် အံ့ဩရပါတယ်။ အခုလို accidentဖြစ်ပြီးသွားတဲ့နောက်တွေးမိသွားခဲ့တာကကံပါလာရင် ဘယ်အရာကိုမှ ရှောင်လွှဲလို့မရပါဘူးကြိုမမြင်ရတဲ့ ကံကြမ္မာဟာ အချိန်အခါမရွေးကောင်းတာပဲ ဖြစ်ဖြစ်ဆိုးတာပဲ ဖြစ်ဖြစ် ရွေးချယ်ခွင့်မရှိ ကြုံကိုကြုံရမယ် ဆိုတာပါပဲ။

သတင်းကြားပြီး စိတ်ပူနေကြတဲ့ မိတ်တွေ အပေါင်းအသင်းတွေ ကို စိတ်အေးစေချင်တာကြောင့်ရောပိုးမီ ကြုံတွေ့ရတဲ့ အခြေအနေကနေ ဆင်ခြင်မိခဲ့တဲ့ အရာတွေကို ပြောချင်တာရောကိုယ့်လို မဖြစ်ရလေအောင် သတိချပ်စေချင်တာရောကြောင့် ဒီနေ့ ဒီစာလေးကို ရေးလိုက်တာပါပိုးမီ အခုသက်သာနေပါပြီမကြာမီ ချုပ်ရိုးဖြည်ရပါမယ်ပြီးရင်တော့ လူဝတ်လဲပြီး သာသနာ့ဘောင်ကို ခဏ ဝင်ဖြစ်ပါမယ်ရှင့်ကျေးဇူးတင်ပါတယ် ပြောပြလာတာဖြစ်ပါတယ်။

crd