“အိမ် မှာနေ ရင်း WORKOUT လုပ်ကာ ခန္ဓာကိုယ် ထိန်းသိမ်းနေတဲ့ သင်ဇာဝင့်ကျော် ရဲ့ ဗီဒီယိုဖိုင်”





unicode

နာမည်ကြီး မင်းသမီးချော သင်ဇာဝင့်ကျော် ကိုတော့ ပရိသတ်ကြီး လည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ သင်ဇာဟာ အမိုက်စား ဘော်ဒီကောက်ကြောင်း အလှတွေကြောင့်လည်း မိန်းကလေးပရိသတ်တွေရဲ့ အားကျမှုတွေနဲ့အတူ ပုရိသပရိသတ်တွေရဲ့ နှစ်ခြိုက်အားပေးမှုတွေကို ရရှိနေသူ ပဲဖြစ်ပါတယ်.။ ဇာတ်ရုပ်တိုင်း ကိုလည်း ပီပြင်အောင် သရုပ်ဆောင်နိုင် တဲ့ မင်းသမီးချောလေး တစ်လက် လို့ ပြောရမှာပါ. ။

သင်ဇာဟာ သူမရဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်လေးတွေနဲ့အတူ လေ့ကျင့်ခန်းလုပ်တဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ မျှဝေ တင်လေ့ ရှိသူပါ.။ ဒီနေ့ မေလ (၁၂)ရက်နေ့မှာတော့ သင်ဇာက သူမလေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယိုဖိုင်လေးတွေကို “With booty band or without ???” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်. ။ အမိုက်စား ကောက်ကြောင်းလေး ရဖို့အတွက် ကြိုးစားပမ်းစား Workout လုပ်နေရတဲ့ သူမရဲ့ အမိုက်စား ဗီဒီယိုဖိုင်လေးကို တင်လာခဲ့တာပဲဖြစ်ပါတယ်.။

သင်ဇာကတော့ နေ့တိုင်း အစားအသောက်ပိုင်း မှာလည်း စနစ်တကျစားကာ Workout သေချာလုပ်ကာ ထိန်းသိမ်းထားနိုင်တာကြောင့် လှပလွန်း တဲ့ကောက်ကြောင်း အလှတွေကို ပိုင်ဆိုင်နိုင်တာပဲဖြစ်မယ် ထင်ပါတယ်နော် ပရိသတ်ကြီး.။ ပရိသတ်ကြီးအတွက်လည်း သင်ဇာဝင့်ကျော်လေး ရဲ့ လေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယိုဖိုင်လေးတွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်.။

Source: Thin Zar Wint Kyaw’s Facebook

Add a Comment

Your email address will not be published. Required fields are marked *

3 × 4 =