ဗုဒၶဘာသာဝင္တိုင္း သိထားသင့္တဲ့ ဆံေတာ္ရွင္ က်ိဳက္ထီး႐ိုးေစတီေတာ္ျမတ္ႀကီး ရဲ႕အံ့ဖြယ္ (၉) ပါး

ပရိသတ္ႀကီးတို႔ေရ က်ိဳက္ထီး႐ိုးဆံေတာ္ရွင္ေစတီေတာ္ျမတ္ႀကီးကို ဖူးေျမာ္ဖူးၾကမွာပါ……က်ိဳက္ထီး႐ိုး ေစတီေတာ္ ျမတ္ႀကီးဟာ က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာရွိ တဲ့ တန္ခိုးႀကီးဘုရားေလးဆူထဲမွာ တစ္ဆူအပါအဝင္ျဖစ္ၿပီး အေရွ႕႐ိုးမေတာင္တန္း၏ ေပါင္းေလာင္းေတာင္ေပၚမွာ စံပယ္ေတာ္မူလ်က္ရွိပါတယ္။

ပင္လယ္ေရမ်က္ႏွာႏွာျပင္အထက္ ေပ ၃၆၀ဝ မွာရွိၿပီး ေစတီေတာ္ရဲ႕ ေက်ာက္တုံးႀကီး လုံးပတ္က ၅၅ ေတာင္ တစ္မိုက္ခန္႔ရွိၿပီး အျမင့္ကေတာ့ ၈၃ ေတာင္ျမင့္ပါတယ္။ ျမတ္စြာဘုရားဆံေတာ္မ်ား ကိန္းဝပ္ အပူေဇာ္ခံယူေနတယ္ဆိုတဲ့ ယုံၾကည္မႈနဲ႔ ျမန္မာႏိုင္ငံအရပ္ရပ္က ဘုရားဖူးမ်ား လာေရာက္ဖူးေျမာ္ၾကသည္သာမက အခုေနာက္ပိုင္းမွာ ႏိုင္ငံတကာက ကမာၻလွည့္ခရီးသြားေတြပါ လာေရာက္ ၾကၿပီး စည္ကားလ်က္ရွိပါတယ္။

မေရာက္ဖူးေသးတဲ့ မိတ္ေဆြမ်ားအတြက္ က်ိဳက္ထီး႐ိုးေစတီေတာ္ႀကီးရဲ႕ အံဖြယ္ ၉ ပါးကို ေျပာျပေပး လိုက္ပါတယ္…

( ၁ ) ျမတ္စြာဘုရား ဆံေတာ္ျမတ္ကို မိမိဆံက်စ္၌္ အၿမဲ ကိုးကြယ္ေသာ တိႆရေသ့ႀကီး နာမက်န္းျဖစ္၍ ထိုဆံေတာ္ျမတ္ကို ဌာပနာ၍ ဘုရားတည္လိုေသာအခါ သိၾကားမင္းသည္ ထိုရေသ့၏ ဦးေခါင္းႏွင့္တူေသာ ေက်ာက္တုံးႀကီးကို သမုဒၵရာအတြင္းမွေဆာင္ယူ၍ က်ိဳက္ထီး႐ိုးေက်ာက္ေဆာင္ထိပ္၌ ဘုရားတည္ရန္ တင္ထားျခင္း။

(၂ ) ထိုေက်ာက္တုံးႀကီးသည္ ေက်ာက္ေတာင္ေစာင္းထိပ္ ၌ တည္ပါလ်က္ ငလ်င္လႈပ္ျခင္းစေသာ အေၾကာင္းေၾကာင့္ ေ႐ြ႕လ်ားျခင္း မရွိျခင္း။ (၃) ထိုေက်ာက္တုံးႀကီးေပၚ၌ ခက္ခဲစြာေစတီတည္ထားျခင္း။ ( ၄ ) ျမတ္စြာဘုရား၏ ဆံေတာ္ ဌာပနာျခင္း။

(၅ ) ကမာၻေပၚ တြင္ က်ိဳက္ထီး႐ိုးေစတီႏွင့္တူေသာ ေစတီမရွိျခင္း။ ( ၆ ) ဘုရားဖူးတို႔သည္ခက္ခဲစြာ ေတာေတာင္လွ်ိဳေျမာင္တို႔ကို ျဖတ္ေက်ာ္၍ ေတာင္တက္ဘုရားဖူးရျခင္း။ ( ၇ ) ဘုရားဖူးတို႔သည္ ဖူးမဝျဖစ္၍ ေနာက္ထပ္လာေရာက္ ဖူးပါရေစဟု ဆုေတာင္းျခင္း၊ အေခါက္မ်ားစြာ လာေရာက္ဖူးေျမာ္ၾကရျခင္း။

( ၈ ) ဘုရားဖူးတို႔သည္ ေဘးရန္အႏၲရာယ္မရွိ၊ ၾကည္ႏူး ခ်မ္းသာျခင္း။

( ၉ ) ႏွစ္စဥ္မပ်က္ ေတာင္တက္ဘုရားဖူးမ်ား အဆင္းအတက္ ရွိလ်က္ရင္ ျပင္ေတာ္၌ ျပည့္ၾကပ္မ်ားျပားျခင္း။ ဒါေၾကာင့္ ဗုဒၶဘာသာဝင္ပရိသတ္ႀကီးတို႔လည္း ဆံေတာ္ရွင္က်ိဳက္ထီး႐ိုးေစတီေတာ္ျမတ္ႀကီးကို မဖူးေျမာ္ဖူးေသးရင္လည္း သြားေရာက္ဖူးေျမာ္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္ေနာ္.

unicode

ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်တဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ရဲ့အံ့ဖွယ် (၉) ပါး

ပရိသတ်ကြီးတို့ရေ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီးကို ဖူးမြော်ဖူးကြမှာပါ……ကျိုက်ထီးရိုး စေတီတော် မြတ်ကြီးဟာ ကျနော်တို့ မြန်မာနိုင်ငံမှာရှိ တဲ့ တန်ခိုးကြီးဘုရားလေးဆူထဲမှာ တစ်ဆူအပါအဝင်ဖြစ်ပြီး အရှေ့ရိုးမတောင်တန်း၏ ပေါင်းလောင်းတောင်ပေါ်မှာ စံပယ်တော်မူလျက်ရှိပါတယ်။

ပင်လယ်ရေမျက်နှာနှာပြင်အထက် ပေ ၃၆၀ဝ မှာရှိပြီး စေတီတော်ရဲ့ ကျောက်တုံးကြီး လုံးပတ်က ၅၅ တောင် တစ်မိုက်ခန့်ရှိပြီး အမြင့်ကတော့ ၈၃ တောင်မြင့်ပါတယ်။ မြတ်စွာဘုရားဆံတော်များ ကိန်းဝပ် အပူဇော်ခံယူနေတယ်ဆိုတဲ့ ယုံကြည်မှုနဲ့ မြန်မာနိုင်ငံအရပ်ရပ်က ဘုရားဖူးများ လာရောက်ဖူးမြော်ကြသည်သာမက အခုနောက်ပိုင်းမှာ နိုင်ငံတကာက ကမ္ဘာလှည့်ခရီးသွားတွေပါ လာရောက် ကြပြီး စည်ကားလျက်ရှိပါတယ်။

မရောက်ဖူးသေးတဲ့ မိတ်ဆွေများအတွက် ကျိုက်ထီးရိုးစေတီတော်ကြီးရဲ့ အံဖွယ် ၉ ပါးကို ပြောပြပေး လိုက်ပါတယ်…

( ၁ ) မြတ်စွာဘုရား ဆံတော်မြတ်ကို မိမိဆံကျစ်၌် အမြဲ ကိုးကွယ်သော တိဿရသေ့ကြီး နာမကျန်းဖြစ်၍ ထိုဆံတော်မြတ်ကို ဌာပနာ၍ ဘုရားတည်လိုသောအခါ သိကြားမင်းသည် ထိုရသေ့၏ ဦးခေါင်းနှင့်တူသော ကျောက်တုံးကြီးကို သမုဒ္ဒရာအတွင်းမှဆောင်ယူ၍ ကျိုက်ထီးရိုးကျောက်ဆောင်ထိပ်၌ ဘုရားတည်ရန် တင်ထားခြင်း။

(၂ ) ထိုကျောက်တုံးကြီးသည် ကျောက်တောင်စောင်းထိပ် ၌ တည်ပါလျက် ငလျင်လှုပ်ခြင်းစသော အကြောင်းကြောင့် ရွေ့လျားခြင်း မရှိခြင်း။ (၃) ထိုကျောက်တုံးကြီးပေါ်၌ ခက်ခဲစွာစေတီတည်ထားခြင်း။ ( ၄ ) မြတ်စွာဘုရား၏ ဆံတော် ဌာပနာခြင်း။

(၅ ) ကမ္ဘာပေါ် တွင် ကျိုက်ထီးရိုးစေတီနှင့်တူသော စေတီမရှိခြင်း။ ( ၆ ) ဘုရားဖူးတို့သည်ခက်ခဲစွာ တောတောင်လျှိုမြောင်တို့ကို ဖြတ်ကျော်၍ တောင်တက်ဘုရားဖူးရခြင်း။ ( ၇ ) ဘုရားဖူးတို့သည် ဖူးမဝဖြစ်၍ နောက်ထပ်လာရောက် ဖူးပါရစေဟု ဆုတောင်းခြင်း၊ အခေါက်များစွာ လာရောက်ဖူးမြော်ကြရခြင်း။

( ၈ ) ဘုရားဖူးတို့သည် ဘေးရန်အန္တရာယ်မရှိ၊ ကြည်နူး ချမ်းသာခြင်း။

( ၉ ) နှစ်စဉ်မပျက် တောင်တက်ဘုရားဖူးများ အဆင်းအတက် ရှိလျက်ရင် ပြင်တော်၌ ပြည့်ကြပ်များပြားခြင်း။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်ပရိသတ်ကြီးတို့လည်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို မဖူးမြော်ဖူးသေးရင်လည်း သွားရောက်ဖူးမြော်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်.

Add a Comment

Your email address will not be published. Required fields are marked *

15 − nine =