တစ်ခဏ အတွင်း ကြည့်ရှုသူ သန်း ချီခဲ့တဲ့ ယုန်လေး ရဲ့ဝမ်းစာ သီချင်း ကို ပညာပေး ရိုက်ကူး ခဲ့တဲ့ နေဆန်း ရဲ့ ဗီဒီယို

တစ်ခဏ အတွင်း ကြည့်ရှုသူ သန်း ချီခဲ့တဲ့ ယုန်လေးရဲ့ဝမ်းစာ သီချင်း ကို ပညာပေး ရိုက်ကူးခဲ့တဲ့ နေဆန်းရဲ့ ဗီဒီယို

မွန်တိုင်းရင်းသားလေး နေဆန်း ကတော့ ဖေ့ဘုတ်စ် စာမျက်နှာတွေထက်မှာ ဟာသဗီဒီ ယိုလေးတွေ တင်ရင်း လူသိများလာခဲ့တဲ့ဖေ့ဘုတ်စ် ဆယ်လီတစ်ယောက်ပဲဖြစ်ပါတယ် ။ သူရိုက်ကူးခဲ့တဲ့ ပညာပေး ဗီဒီယိုလေးတွေနဲ့ ဟာသ ဗီဒီယိုလေးတွေကတော့ ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြလို့ အားပေး ဝန်းရံခဲ့ကြတာပဲဖြစ်ပါတယ် ။

လတ်တလော ပရိသတ်တွေကြားမှာရေပန်းစားနေ တဲ့ ယုန်လေး ရဲ့ သာမန်အောက်ခြေ လူ တန်းစားတွေရဲ့ဘဝကိုအခြေခံထားတဲ့ ဝမ်းစာဆိုတဲ့ သီချင်းလေးကို နေဆန်းက ပညာပေးအ နေ နဲ့ ပြန်လည်ရိုက်ကူးပုံဖော်ခဲ့ပါတယ် ။ tik tok ရိုက်ဖို့စဉ်းစားခဲ့ပေမယ့်

သီချင်းက Tik Tok နဲ့မလိုက်ဖက်တဲ့ အတွက် ပညာပေးပုံစံလေး ရိုက်ကူး ခဲ့တာဖြစ်ပြီး ခဏ လေးအတွင်းမှာ ကြည့်ရှုသူသန်းချီခဲ့သလို ကိုယုန်လေးကိုယ်တိုင်ကလည်း နေဆန်း ကို အရမ်းတော်တယ်လို့ ချီးကျူးခဲ့တယ်လို့သိရပါတယ် ။

Covid-19 ကာလမှာတော့ အလုပ်တွေ မနားရဘဲ အပ်ထားတဲ့အလုပ်တွေ အများကြီးရှိနေတဲ့ နေဆန်းကတော့ ပရိသတ်တွေအတွက် အသစ်အသစ်တွေ ထပ်မံချပြဦးမှာဖြစ်လို့ ပရိသတ် တွေကလည်း စောင့်မျှော်ပေးကြပါဦးနော် ။ နေဆန်းရဲ့ ချစ်ပရိသတ်ကြီးအတွက်လည်း အင်တာဗျူး ဗီဒီယိုလေး ကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Source : Exclusive On Cele Gabar
Emily (Cele Gabar),Reference&Credit:Celegabar.com

Add a Comment

Your email address will not be published. Required fields are marked *

16 + six =