မဖြစ်မနေ အပြင် ထွက်ရရင် အကာအကွယ်လေး နဲ့ Mask တွေသုံးဖို့ စိတ်ပူစွာ သတိပေး လာတဲ့ အိချောပို
|မဖြစ်မနေ အပြင် ထွက်ရရင် အကာအကွယ်လေး နဲ့ Mask တွေသုံးဖို့ စိတ်ပူစွာ သတိပေး လာတဲ့ အိချောပို
ပရိသတ်တွေက စူစူလို့ ချစ်စနိုးလေးခေါ်ကြတဲ့ မင်းသမီးချောလေး အိချောပိုကတော့ အနုပညာပျိုးခင်းရဲ့ အောင်မြင်တဲ့ မင်းသမီးလေးတစ်လက် ဖြစ်ပါတယ်။ အိချောပိုက အကယ်ဒမီဆုကြီးနဲ့ လွဲချော်နေသေးပေမယ့် အောင်မြင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင် သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အိချောပို ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား တိုင်းကို ရုံပြည့်ရုံလျှံတဲ့အထိ အားပေးကြပါတယ်။
ဒီကနေ့မှာတော့ အိချောပိုက သူမရဲ့ ပရိသတ်တွေ ကို စိတ်ပူစွာနဲ့ သတိပေးလာတာကို တွေ့ရပါတယ်။ အိချောပိုက “အပြင်တွေသိပ်မထွက် နဲ့ဦးနော်။ မဖြစ်မနေထွက်ရမယ်ဆိုလည်းဒီလိုအကာကွယ်လေးတွေနဲ့ထွက်။ ဘာကြည့်နေတာလဲ…👀ပြောနေတာကြားလား… ဟိုတစ်ယောက်…❣️” ဆိုပြီး ချစ်စဖွယ်လေး ပြော ထားပါတယ်။
အိချောပိုကတော့ ကျန်းမာရေးအခြေ အနေတွေကြောင့် Mask တွေ အကာအကွယ်တွေ အပြည့်ဝတ်ဆင်ထားရပေမယ့် အထာကျပြီး လှနေဆဲနော်။ ပရိသတ်ကြီး လည်း အိချောပို သတိပေးသလို အပြင်ထွက်ရင် Mask တပ်ဖို့ မမေ့ကြပါနဲ့နော်။
Source: Ei Chaw Po’s fb