အသည်းယားစရာ ကောင်းလွန်း တဲ့ ပိုပို ရဲ့ ဗီဒီယိုဖိုင်လေး

ချစ်ပရိသတ်ကြီးရေ ပိုပိုရဲ့ တေးသီချင်းလေးတွေ ဟာဆိုရင် အေးအေးလေးတွေပဲဖြစ်ပြီး လူငယ်တွေကြားမှာ ယနေ့အချိန်ထိ ရေပန်းစား လူကြိုက်များ ခဲ့တဲ့ သီချင်းကောင်းတွေပဲဖြစ်ပါတယ်။ လတ်ရှိမှာတော့ ပရိသတ်တွေနဲ့ ထပ်တူကျစေမယ့် သီချင်းကောင်းတွေကိုလည်း ဖန်တီးနေတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် တစ်နေ့ထက်တစ်နေ့ အလှတွေ တိုးလာတဲ့ ပိုပိုက ပုရိသတွေကြားမှာ အရမ်းကို ရေပန်းစားလူကြိုက်များနေသူလေးလည်း ဖြစ်ပါတယ်။

ပိုပိုကတော့ အလုပ်တွေကြိုးစားသလို အလှူ တန်းတွေမှာလည်း တက်နိုင်သမျှပါဝင်လှူဒါန်းပေးကာ ဘာသာရေးမှာ အထူးကိုင်းရှိုင်းတတ်သူပဲဖြစ်ပါတယ်။ မိန်းကလေးတွေရဲ့ ချစ်ခင်အားပေးမှုသာမက ယောကျာ်းလေးတွေရဲ့ ချစ်ခင်အားပေးမှုကိုပါရရှိနေတဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။မကြာခင်ကမှ ပိုပိုက ခရီးတွေထွက်နေတာဖြစ်ပြီး ခရီးသွားအမှတ်တရ ပုံလေးတွေကို ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။

ပိုပိုက သူမရဲ့ပရိသတ်တွေအတွက် သီချင်းလေးတွေ အပြင် အပျော်တမ်း Tik Tok ဗီဒီယိုလေးတွေကိုပါ မျှဝေပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။လတ်တလောမှာလည်း အသည်းယားစရာကောင်းလွန်းတဲ့ acting လေးတွေမျိုးစုံလုပ်ပြကာချစ်ဖို့ကောင်းလွန်းနေတဲ့ ဗီဒီယိုလေးကို သူရဲ့ အကောင့်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာ ပိုပို တစ်ယောက် ကလေးလေး တစ်ယောက်လို ချစ်စရာကောင်းလွန်းနေတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Source : Wutyipo Tik Tok Account

Add a Comment

Your email address will not be published. Required fields are marked *

2 × 1 =