ေဒါက္တာ ေဇာ္ဝင့္ႏိုင္ ေျပာျပတဲ့ စစ္ေတြ ေဆး႐ုံက ကိုဗစ္လူနာေတြ ရဲ႕ အေျခအေန”

ျပည္​သူမ်ား သိသင္​့​ေသာ Covid (၅)က်​ေနာ္​တို႔ ဘယ္​လို ကု​ေနသလဲ(၁) ပိုး​ေတြ႕လူနာ ဘယ္​ကလာFever Corner သို႔ လာျပ​ေသာ သံသယလူနာကို စစ္​ရာမွ ထြက္​​ေပၚပါသည္​။ ၄င္​း၏ ထိ​ေတြ႕သူ Contact မ်ားကို စစ္​ရာမွ ထပ္​မံထြက္​​ေပၚပါသည္​။(၂) ပိုး​ေတြ႕လူနာ ဘယ္​လိုကု​ေနအုပ္​စု ၅စု ခြဲျခားကုသပါသည္​။

အုပ္​စု (က) ​ေရာဂါလကၡဏာမျပသူ No symptoms ႏွင္​့ အုပ္​စု (ခ) ​ေရာဂါလကၡဏာမျပင္​းထန္​သူ Mild symtoms တို႔ကို ​ေန႔စဥ္​​ေရာဂါ လကၡဏာ​ေမးျခင္​း ​ေသြး​ေပါင္​ခ်ိန္​တိုင္​းျခင္​း အဖ်ားတိုင္​းျခင္​း ​ေသြး​တြင္​း​ေအာက္​ဆီဂ်င္​ SPO2 တိုင္​းျခင္​း အဓိက လုပ္​​ေဆာင္​ပါသည္​။

အုပ္​စု (ဂ) ​ေရာဂါျပင္​းထန္​ႏိုင္​​ေျခ မ်ားသူ High Risk groupဂ႐ုစိုက္​​ေစာင္​့ၾကည္​့ရမည္​့ အုပ္​စုျဖစ္​ပါသည္​။ အသက္​ ၅ ႏွစ္​​ေအာက္​က​ေလး၊ အသက္​ ၆၅ အထက္​လူႀကီးႏွင္​့ နဂို​ေရာဂါအခံ Comorbidity ရွိသူမ်ားျဖစ္​ပါသည္​။အုပ္​စု (ဃ) ​ေရာဂါျပင္​းထန္​သူ​ေသြးတြင္​း​ေအာက္​ဆီဂ်င္​ SpO2 သည္​ ၉၃ ​ေအာက္​က်လာျခင္​းျဖင္​့ သတ္​မွတ္​ ပါသည္​။

ယခင္​​ေန႔မ်ားက မရွိ​ေသာ္​လည္​း မ​ေန႔ကစ၍ ထြက္​​ေပၚ လာပါၿပီ။ လက္​ရွိ စစ္​​ေတြလူနာ ၁၈၀ တြင္​ ၃ ​ေယာက္​ရွိပါသည္​။ အသက္​ ၆၀ မွ ၇၀ ၾကားျဖစ္​ၾကၿပီး ​ဆီးခ်ိဳ​ေရာဂါ အဆုပ္​ပြ​ေရာဂါ နဂိုရွိသူမ်ားျဖစ္​ပါသည္​။အထူးဂ႐ုစိုက္​​ကုသ​ေနပါသည္​။ သမား​ေတာ္​ႀကီးမွ ​ေန႔စဥ္​အ​ေျခအ​ေနကို ​ေဝဘာဂီႏွင္​့ ​ေတာင္​ဥကၠလာမွ ပါ​ေမာကၡႀကီးမ်ားနင္​့ ဆက္​သြယ္​တိုင္​ပင္​ၿပီး ​ေန႔စဥ္​ကုသမႈမ်ား မလစ္​ဟင္​းရ​ေအာင္​ ၾကပ္​မတ္​ပါသည္​။ ​ေအာက္​ဆီဂ်င္​ ​ေပးထားရပါၿပီ။ ​ေမ့​ေဆးအထူးကုအဖြဲ႕ႏွင္​့လဲ ​ေန႔စဥ္​တိုင္​ပင္​ပါသည္​။

အုပ္​စု (င) အသည္​းအသန္​လူနာ Critically Ill​ေမ့​ေဆးအထူးကုမ်ားမွ အသက္​ရႉစက္​တပ္​ဆင္​ၿပီး ICU တြင္​ထားရန္​ဆုံးျဖတ္​ပါက အသည္​းအသန္​လူနာ အျဖစ္​သတ္​မွတ္​ပါမည္​။ လက္​တ​ေလာ မရွိပါ။အသက္​ ၈၄ ႏွင္​့ အသက္​ ၉၂ လူနာမ်ား အ​ေျခအ​ေန​ေကာင္​းမြန္​​ေနပါသည္​။ အသက္​ႀကီး​ေသာ္​လည္​း ​ေရာဂါအခံမရွိၾကပါ။

(​၃) ပိုး​ေတြ႕လူနာ ဘယ္​​ေတာ့ ​ေလ်ာ့သက္​သာ​ေပ်ာက္​ကင္​းသူ Recoveredက်​ေနာ္​ အျဖစ္​​ေစခ်င္​ဆုံးျဖစ္​ပါသည္​။ ျပန္​စစ္​ပိုးမ​ေတြ႕လူနာမ်ား ​ေပၚထြက္​ လာ​ေစရန္​ အားတင္​းထားပါသည္​။ ယခုထိ ဒုတိယအႀကိမ္​ ၁၁ ရက္​တြင္​ ျပန္​စစ္​သူ ၇ ဦးရွိရာ ပိုး​ေတြ႕ဆဲျဖစ္​​ေနပါသည္​။ တတိယအႀကိမ္​ကို ​ေနာက္​ထပ္​ ၆ ရက္​​ေျမာက္​တြင္​ ျပန္​စစ္​ရပါမည္​။

ကြယ္လြန္သူ Death

ကြၽန္​​ေတာ္​တို႔ မျဖစ္​​ေစခ်င္ ​ဆုံးျဖစ္​ပါသည္​။ မျဖစ္​ရ​ေအာင္​ အထူးႀကိဳးစား​ေနပါသည္​။​ေဆးကုသသူသမား​ေတာ္​သည္​ လူနာကို သူ၏ကုသမႈကို သ​ေဘာ​ေပါက္​နားလည္​​ေစရန္​ ရွင္​းျပရမည္​့ ၀တၱရားရွိပါသည္​။ ကြၽန္​​ေတာ္​သည္​ ထိုဝတၱရားကို တတ္​ႏိုင္​သမ် အစဥ္​​ေလးစားလိုက္​နာခဲ့သည္​့အတိုင္​းျပည္​သူမ်ား အစိုးရိမ္​လြန္​ အ​ေၾကာက္​လြန္​ၿပီး ကြၽန္​​ေတာ္​တို႔ဘာလုပ္​​ေနသည္​ကို မသိမည္​စိုး​ေသာ​ေၾကာင္​့​ေလးစားစြာ ရွင္​းလင္​းတင္​ျပပါသည္​။ကြၽန္​​ေတာ္​တို႔ ႀကိဳးစား​ေနပါသည္​။ျပည္​သူမ်ား အ​ေၾကာက္​မလြန္​ဘဲ နားလည္​ ပူး​ေပါင္​းပါဝင္​ျခင္​းျဖင့္ ကြၽန္​​ေတာ္​တို႔ ​ေက်ာ္​ျဖတ္​ႏိုင္​ၾကပါလိမ္​့မည္​။

Dr.Zaw Wint Naing

unicode

ဒေါက်တာ ဇော်ဝင့်နိုင် ပြောပြတဲ့ စစ်တွေ ဆေးရုံက ကိုဗစ်လူနာတွေ ရဲ့ အခြေအနေ”

ပြည်​သူများ သိသင်​့​သော Covid (၅)ကျ​နော်​တို့ ဘယ်​လို ကု​နေသလဲ(၁) ပိုး​တွေ့လူနာ ဘယ်​ကလာFever Corner သို့ လာပြ​သော သံသယလူနာကို စစ်​ရာမှ ထွက်​​ပေါ်ပါသည်​။ ၄င်​း၏ ထိ​တွေ့သူ Contact များကို စစ်​ရာမှ ထပ်​မံထွက်​​ပေါ်ပါသည်​။(၂) ပိုး​တွေ့လူနာ ဘယ်​လိုကု​နေအုပ်​စု ၅စု ခွဲခြားကုသပါသည်​။

အုပ်​စု (က) ​ရောဂါလက္ခဏာမပြသူ No symptoms နှင်​့ အုပ်​စု (ခ) ​ရောဂါလက္ခဏာမပြင်​းထန်​သူ Mild symtoms တို့ကို ​နေ့စဉ်​​ရောဂါ လက္ခဏာ​မေးခြင်​း ​သွေး​ပေါင်​ချိန်​တိုင်​းခြင်​း အဖျားတိုင်​းခြင်​း ​သွေး​တွင်​း​အောက်​ဆီဂျင်​ SPO2 တိုင်​းခြင်​း အဓိက လုပ်​​ဆောင်​ပါသည်​။

အုပ်​စု (ဂ) ​ရောဂါပြင်​းထန်​နိုင်​​ခြေ များသူ High Risk groupဂရုစိုက်​​စောင်​့ကြည်​့ရမည်​့ အုပ်​စုဖြစ်​ပါသည်​။ အသက်​ ၅ နှစ်​​အောက်​က​လေး၊ အသက်​ ၆၅ အထက်​လူကြီးနှင်​့ နဂို​ရောဂါအခံ Comorbidity ရှိသူများဖြစ်​ပါသည်​။အုပ်​စု (ဃ) ​ရောဂါပြင်​းထန်​သူ​သွေးတွင်​း​အောက်​ဆီဂျင်​ SpO2 သည်​ ၉၃ ​အောက်​ကျလာခြင်​းဖြင်​့ သတ်​မှတ်​ ပါသည်​။

ယခင်​​နေ့များက မရှိ​သော်​လည်​း မ​နေ့ကစ၍ ထွက်​​ပေါ် လာပါပြီ။ လက်​ရှိ စစ်​​တွေလူနာ ၁၈၀ တွင်​ ၃ ​ယောက်​ရှိပါသည်​။ အသက်​ ၆၀ မှ ၇၀ ကြားဖြစ်​ကြပြီး ​ဆီးချို​ရောဂါ အဆုပ်​ပွ​ရောဂါ နဂိုရှိသူများဖြစ်​ပါသည်​။အထူးဂရုစိုက်​​ကုသ​နေပါသည်​။ သမား​တော်​ကြီးမှ ​နေ့စဉ်​အ​ခြေအ​နေကို ​ဝေဘာဂီနှင်​့ ​တောင်​ဥက္ကလာမှ ပါ​မောက္ခကြီးများနင်​့ ဆက်​သွယ်​တိုင်​ပင်​ပြီး ​နေ့စဉ်​ကုသမှုများ မလစ်​ဟင်​းရ​အောင်​ ကြပ်​မတ်​ပါသည်​။ ​အောက်​ဆီဂျင်​ ​ပေးထားရပါပြီ။ ​မေ့​ဆေးအထူးကုအဖွဲ့နှင်​့လဲ ​နေ့စဉ်​တိုင်​ပင်​ပါသည်​။

အုပ်​စု (င) အသည်​းအသန်​လူနာ Critically Ill​မေ့​ဆေးအထူးကုများမှ အသက်​ရှူစက်​တပ်​ဆင်​ပြီး ICU တွင်​ထားရန်​ဆုံးဖြတ်​ပါက အသည်​းအသန်​လူနာ အဖြစ်​သတ်​မှတ်​ပါမည်​။ လက်​တ​လော မရှိပါ။အသက်​ ၈၄ နှင်​့ အသက်​ ၉၂ လူနာများ အ​ခြေအ​နေ​ကောင်​းမွန်​​နေပါသည်​။ အသက်​ကြီး​သော်​လည်​း ​ရောဂါအခံမရှိကြပါ။

(​၃) ပိုး​တွေ့လူနာ ဘယ်​​တော့ ​လျော့သက်​သာ​ပျောက်​ကင်​းသူ Recoveredကျ​နော်​ အဖြစ်​​စေချင်​ဆုံးဖြစ်​ပါသည်​။ ပြန်​စစ်​ပိုးမ​တွေ့လူနာများ ​ပေါ်ထွက်​ လာ​စေရန်​ အားတင်​းထားပါသည်​။ ယခုထိ ဒုတိယအကြိမ်​ ၁၁ ရက်​တွင်​ ပြန်​စစ်​သူ ၇ ဦးရှိရာ ပိုး​တွေ့ဆဲဖြစ်​​နေပါသည်​။ တတိယအကြိမ်​ကို ​နောက်​ထပ်​ ၆ ရက်​​မြောက်​တွင်​ ပြန်​စစ်​ရပါမည်​။

ကွယ်လွန်သူ Death

ကျွန်​​တော်​တို့ မဖြစ်​​စေချင် ​ဆုံးဖြစ်​ပါသည်​။ မဖြစ်​ရ​အောင်​ အထူးကြိုးစား​နေပါသည်​။​ဆေးကုသသူသမား​တော်​သည်​ လူနာကို သူ၏ကုသမှုကို သ​ဘော​ပေါက်​နားလည်​​စေရန်​ ရှင်​းပြရမည်​့ ၀တ္တရားရှိပါသည်​။ ကျွန်​​တော်​သည်​ ထိုဝတ္တရားကို တတ်​နိုင်​သမျ အစဉ်​​လေးစားလိုက်​နာခဲ့သည်​့အတိုင်​းပြည်​သူများ အစိုးရိမ်​လွန်​ အ​ကြောက်​လွန်​ပြီး ကျွန်​​တော်​တို့ဘာလုပ်​​နေသည်​ကို မသိမည်​စိုး​သော​ကြောင်​့​လေးစားစွာ ရှင်​းလင်​းတင်​ပြပါသည်​။ကျွန်​​တော်​တို့ ကြိုးစား​နေပါသည်​။ပြည်​သူများ အ​ကြောက်​မလွန်​ဘဲ နားလည်​ ပူး​ပေါင်​းပါဝင်​ခြင်​းဖြင့် ကျွန်​​တော်​တို့ ​ကျော်​ဖြတ်​နိုင်​ကြပါလိမ်​့မည်​။

Dr.Zaw Wint Naing

Add a Comment

Your email address will not be published. Required fields are marked *

seventeen + nine =