ခိုးဆိုးလုႏႈိက္ အခ်ဳပ္သား မ်ားႏွင့္ အတူမထားရန္ ဦးေဌးေအာင္ ႐ုံးေတာ္ ကို ေလွ်ာက္ထား

ႏိုင္ငံေတာ္ အၾကည္ ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄(က)နဲ႔ တရားစြဲ ဆိုထားတဲ့ Orchid ေဟာ္တယ္ပိုင္ရွင္ ဦးေဌးေအာင္ အမႈကို အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးမွာ ဒီေန႔ ႐ုံးထုတ္ခဲ့ၿပီး မႈခင္းစီမံခန႔္ခြဲမႈ အၿပီးသတ္ လုပ္ေဆာင္ခဲ့ပါတယ္။ ဒီအမႈကို ၆ လအတြင္း (ရက္ေပါင္း ၁၈၀) နဲ႔အၿပီးသတ္စစ္ေဆးသြားမယ္လို႔ အမႈစစ္ တရားသူႀကီးက ေျပာပါတယ္။

႐ုံးထုတ္ စစ္ေဆးစဥ္ တရားခြင္မွာ ဦးေဌးေအာင္ က အခုအမႈကို အာမခံ ေလွ်ာက္ထားမွာ မဟုတ္ဘူးလို႔ေျပာပါတယ္။ ဒါ့အျပင္ လတ္တေလာ ေရွ႕ေနငွားရမ္း တာမ်ိဳးလည္း မရွိေသးပါဘူး။ လက္ရွိ အင္းစိန္ေထာင္ကေန အခ်ဳပ္နဲ႔ တရားရင္ဆိုင္ ေနရတာျဖစ္တဲ့ အတြက္ သူ႔ကို ခိုးဆိုးလုႏႈိက္အခ်ဳပ္သားေတြနဲ႔ အတူ မထားဖို႔ ႐ုံးေတာ္ ကို ေလွ်ာက္ထားရာမွာ တရားသူႀကီးက အဲဒီကိစၥဟာ ေထာင္အာဏာပိုင္ေတြရဲ႕ စီမံခန႔္ခြဲတဲ့အလုပ္သာျဖစ္တယ္လို႔ ျပန္လည္ေျပာၾကားခဲ့ ပါတယ္။

ေနာက္ တပတ္႐ုံးခ်ိန္း ကို အခုလ ၁၁ ရက္ေန႔ျပန္ လည္ခ်ိန္း ဆိုထားၿပီး အဲဒီေန႔မွာ အၿပီးသတ္ အႀကိဳညႇိႏႈိင္း အစည္းအေဝးျပဳလုပ္ကာ တရားလိုဘက္ကို စတင္စစ္ေဆးသြားမွာပါ။ ၿပီးခဲ့တဲ့ ဩဂုတ္ ၈ ရက္က ႏိုင္ငံေရးပါတီေတြကို ဖိတ္ၾကားၿပီး Orchid ဟိုတယ္မွာ ရွင္းလင္းပြဲျပဳလုပ္ခဲ့တဲ့ကိစၥရယ္ ၂၀ ရက္ေန႔မွာ လူမႈကြန္ရက္ကေန NLD ပါတီကို အေမရိကန္က ေထာက္ပံ့ထားတယ္ ဆိုၿပီးတင္ခဲ့တာေတြ ကို အေျခခံကာ ဦးေဌးေအာင္ကို ပုဇြန္ေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးက တရားလို ျပဳလုပ္ၿပီး ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄(က)နဲ႔ စြဲဆိုခဲ့တာပါ။

ဒီၿဗီဘီ

unicode

ခိုးဆိုးလုနှိုက် အချုပ်သား များနှင့် အတူမထားရန် ဦးဌေးအောင် ရုံးတော် ကို လျှောက်ထား

နိုင်ငံတော် အကြည် ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)နဲ့ တရားစွဲ ဆိုထားတဲ့ Orchid ဟော်တယ်ပိုင်ရှင် ဦးဌေးအောင် အမှုကို အရှေ့ပိုင်းခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီး မှုခင်းစီမံခန့်ခွဲမှု အပြီးသတ် လုပ်ဆောင်ခဲ့ပါတယ်။ ဒီအမှုကို ၆ လအတွင်း (ရက်ပေါင်း ၁၈၀) နဲ့အပြီးသတ်စစ်ဆေးသွားမယ်လို့ အမှုစစ် တရားသူကြီးက ပြောပါတယ်။

ရုံးထုတ် စစ်ဆေးစဉ် တရားခွင်မှာ ဦးဌေးအောင် က အခုအမှုကို အာမခံ လျှောက်ထားမှာ မဟုတ်ဘူးလို့ပြောပါတယ်။ ဒါ့အပြင် လတ်တလော ရှေ့နေငှားရမ်း တာမျိုးလည်း မရှိသေးပါဘူး။ လက်ရှိ အင်းစိန်ထောင်ကနေ အချုပ်နဲ့ တရားရင်ဆိုင် နေရတာဖြစ်တဲ့ အတွက် သူ့ကို ခိုးဆိုးလုနှိုက်အချုပ်သားတွေနဲ့ အတူ မထားဖို့ ရုံးတော် ကို လျှောက်ထားရာမှာ တရားသူကြီးက အဲဒီကိစ္စဟာ ထောင်အာဏာပိုင်တွေရဲ့ စီမံခန့်ခွဲတဲ့အလုပ်သာဖြစ်တယ်လို့ ပြန်လည်ပြောကြားခဲ့ ပါတယ်။

နောက် တပတ်ရုံးချိန်း ကို အခုလ ၁၁ ရက်နေ့ပြန် လည်ချိန်း ဆိုထားပြီး အဲဒီနေ့မှာ အပြီးသတ် အကြိုညှိနှိုင်း အစည်းအဝေးပြုလုပ်ကာ တရားလိုဘက်ကို စတင်စစ်ဆေးသွားမှာပါ။ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်က နိုင်ငံရေးပါတီတွေကို ဖိတ်ကြားပြီး Orchid ဟိုတယ်မှာ ရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့ကိစ္စရယ် ၂၀ ရက်နေ့မှာ လူမှုကွန်ရက်ကနေ NLD ပါတီကို အမေရိကန်က ထောက်ပံ့ထားတယ် ဆိုပြီးတင်ခဲ့တာတွေ ကို အခြေခံကာ ဦးဌေးအောင်ကို ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလို ပြုလုပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)နဲ့ စွဲဆိုခဲ့တာပါ။

ဒီဗြီဘီ

Add a Comment

Your email address will not be published. Required fields are marked *

2 × 5 =