အင္းစိန္ ၿမိဳ႕နယ္ က အထက္တန္း ေက်ာင္းသား (၁) ဦး တြင္ ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႕ရွိ

ၾသဂုတ္လ ၃၁ ရက္က သတင္း ထုတ္ျပန္ ခဲ့တဲ့ ကိုဗစ္-၁၉ အတည္ျပဳ လူနာသစ္ စာရင္းထဲမွာ ရန္ကုန္ အင္းစိန္ ၿမိဳ႕နယ္ ေအာင္ဆန္း ဘူတာ႐ုံလမ္း မွာ ေနထိုင္တဲ့ အသက္ ၁၄ ႏွစ္အ႐ြယ္ အထက္တန္း ေက်ာင္းသားတစ္ဦး ပါဝင္ပါတယ္။ အဆိုပါ အတည္ျပဳလူနာအေနနဲ႔ ျပည္တြင္းျပည္ပခရီးသြား ရာဇဝင္မရွိသလို အတည္ျပဳ လူနာေဟာင္း ေတြ နဲ႔လည္း ထိေတြ႕ထားတာမရွိဘူးလို႔ ဆိုပါတယ္။

သူ႔ဟာ ၾသဂုတ္လ ၂၉ ရက္က ဖ်ားနာခဲ့ တာေၾကာင့္ ဩဂုတ္လ ၃၀ ရက္ေန႔မွာ ေဆး႐ုံတင္လိုက္ၿပီး ေရာဂါပိုး ဓာတ္ခြဲရွာေဖြ စစ္ေဆးရာကေန ကိုဗစ္-၁၉ ကူးစက္ ထားေၾကာင္း ေတြ႕ရတာျဖစ္တယ္လို႔ အင္းစိန္ၿမိဳ႕နယ္ က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာသႏၲာေဆြ က ေျပာပါတယ္။ သူနဲ႔ထိေတြ႕ဆက္စပ္သူေတြကို လက္ရွိမွာ စစ္ေဆးေန ဆဲလည္း ျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ဌာန အေနနဲ႔ ၾသဂုတ္လ ၃၁ ရက္ညနဲ႔ ဒီကေန႔ စက္တင္ဘာ ၁ ရက္ေန႔ မနက္ပိုင္းမွာ ကိုဗစ္-၁၉ ကူးစက္ ခံရသူ အတည္ျပဳ လူနာစုစုေပါင္း ၁၀၀ ရွိတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

ဒီၿဗီဘီ

unicode

အင်းစိန် မြို့နယ် က အထက်တန်း ကျောင်းသား (၁) ဦး တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

သြဂုတ်လ ၃၁ ရက်က သတင်း ထုတ်ပြန် ခဲ့တဲ့ ကိုဗစ်-၁၉ အတည်ပြု လူနာသစ် စာရင်းထဲမှာ ရန်ကုန် အင်းစိန် မြို့နယ် အောင်ဆန်း ဘူတာရုံလမ်း မှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် အထက်တန်း ကျောင်းသားတစ်ဦး ပါဝင်ပါတယ်။ အဆိုပါ အတည်ပြုလူနာအနေနဲ့ ပြည်တွင်းပြည်ပခရီးသွား ရာဇဝင်မရှိသလို အတည်ပြု လူနာဟောင်း တွေ နဲ့လည်း ထိတွေ့ထားတာမရှိဘူးလို့ ဆိုပါတယ်။

သူ့ဟာ သြဂုတ်လ ၂၉ ရက်က ဖျားနာခဲ့ တာကြောင့် ဩဂုတ်လ ၃၀ ရက်နေ့မှာ ဆေးရုံတင်လိုက်ပြီး ရောဂါပိုး ဓာတ်ခွဲရှာဖွေ စစ်ဆေးရာကနေ ကိုဗစ်-၁၉ ကူးစက် ထားကြောင်း တွေ့ရတာဖြစ်တယ်လို့ အင်းစိန်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန္တာဆွေ က ပြောပါတယ်။ သူနဲ့ထိတွေ့ဆက်စပ်သူတွေကို လက်ရှိမှာ စစ်ဆေးနေ ဆဲလည်း ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာန အနေနဲ့ သြဂုတ်လ ၃၁ ရက်ညနဲ့ ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းမှာ ကိုဗစ်-၁၉ ကူးစက် ခံရသူ အတည်ပြု လူနာစုစုပေါင်း ၁၀၀ ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဗြီဘီ

Add a Comment

Your email address will not be published. Required fields are marked *

four × 3 =