တစ်ညလုံးမအိပ်ရလို့ အိပ်ရေးပျက်နေရင်တောင် သမီးလေးဘီလီယံအတွက်ဆို အားအင်တွေပြည့်နေတယ်ဆိုတဲ့ “သားဂန်း”

Posted on

ချစ်သူဘဝကတည်းက ယနေ့အချိန်ထိ အမြဲအလိုလိုက်ပြီးချစ်မဝဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူကိုပိုင်ဆိုင်ထားတာကတော့ ဘေဘီမောင်ပဲ ဖြစ်ပါတယ်။ သူတို့အတွဲလေးဟာအမြဲနားလည်မှုအပြည့်နဲ့တည်ဆောက်ထားတာကြောင့် ပရိတ်သတ်တွေအားကျရတဲ့စုံတွဲလေးလည်းဖြစ်ပါတယ်။ သားဂန်းနဲဘေဘိမောင်ဟာဆိုရင် ခုမှာလည်း ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပါ။

မကြာသေးခင်အချိန်ကမှ သမီးဦးလေးတစ်ယောက်ကို ပိုင်ဆိုင် ခဲ့တဲ့ သားဂန်းဟာ သမီးလေးနဲ့ပတ်သက်ပြီးအရာရာကို ပီတိဖြစ်နေရတာပဲဖြစ်ပါတယ်။ သားဂန်းက သမီးလေးနဲ့ ပုံရိပ်လေးကိုပြသရင်း “မောနီး😊 သမီးအတွက်ညဂျူတီဝင်နေရတဲ့ဖေဖေပါဗျ😁 တစ်ညလုံးမအိပ်ရသေးလဲ🥱 သမီးမျက်နှာလေးကြည့်နေရရင် အိပ်ရေးဝသလိုပါပဲ❤️🥰👨🏻‍🍼” ဆိုပြီး ပြသလာပါတယ်။

သားဂန်းကတော့ သမီးလေးအတွက် တစ်ညလုံးအိပ်ရေးပျက်ရတောာင် ဖခင်မေတ္တာကြောင့် အားအင်တွေ ပြည့်နေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သားဂန်းတို့ သားအဖနှစ်ယောက်ကိုကြည့်ပြီး ဖခင်မေတ္တာကိုခံစားမိကြမယ်ထင်ပါတယ်နော်။

Source: Thar Gan’s fb

zawgyi




Source: Thar Gan’s fb