မိန္းကေလးတစ္ေယာက္ကို ႐ုပ္ရွင္ဆန္ဆန္ ကားတင္ေျပးၿပီး အခ်ိန္အေတာ္အၾကာမွ ျပန္လႊတ္ေပးခဲ့

၁၉ ႏွစ္အ႐ြယ္ မိန္းကေလးကို ႐ုပ္ရွင္ဆန္ဆန္ကား တင္ေျပးၿပီး (၆)ရက္ခန႔္ၾကာမွ ျပန္လႊတ္ေပးခဲ့မႈ (မိန္းကေလးေျပာၾကား) ၾသဂုတ္(၃၁) AlinnMyay(အလင္းေျမ) ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ တြင္ ညေမွာင္စပ်ိဳး အခ်ိန္ေခါက္ဆြဲထြက္ဝယ္ေသာအသက္(၁၉)ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ဦးအား ကားအနက္ေရာင္စီးလာသည့္လူတစ္စုမွ ‌ေဆးတိုက္ၿပီးကားတင္ေျပးကာအစာမေကြၽးဘဲ ေဆးေကြၽးကာ(၆)ရက္အၾကာတြင္ျပန္လႊတ္ေပးခဲ့သျဖင့္ မိုးညႇင္းၿမိဳ႕မရဲစခန္းတြင္အမႈဖြင့္လွစ္ထားခဲ့ေၾကာင္းသိရွိရသည္ဖစ္ပြါးပုံမွာ ဩဂုတ္လ(၂၆)ရက္ေန႔ည(၉)နာရီအခ်ိန္ခန႔္တြင္ လြန္ခဲ့ေသာဩဂုတ္လ(၂၀)ရက္ေန႔ကေပ်ာက္ဆုံးသြားေသာ မ——- (၁၉)ႏွစ္ (ဘ) ဦး——– ပင္းဟဲေက်း႐ြာ မိုးညႇင္းၿမိဳ႕နယ္ ေနထိုင္သူသည္

မိုးညႇင္းခ႐ိုင္ေဆး႐ုံသို႔ေရာက္ရွိေနေၾကာင္းသတင္းရရွိခဲ့သျဖင့္ မိုးညႇင္းၿမိဳ႕မရဲစခန္းမႉးဒုရဲမႉးဝင္းေက်ာ္ေအာင္ႏွင့္တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူသြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္းသိရသည္။ စစ္ေဆးေပၚေပါက္ခ်က္အရ မႏွင္းပြင့္ေဇာ္သည္မိုးညႇင္းၿမိဳ႕နယ္ ဟဲလုံေက်း႐ြာအုပ္စု ေပ်ာ္ဘြယ္ေက်း႐ြာတြင္ဖြင့္လွစ္ထားသည့္ ———– EducationCenter ေဘာ္ဒါေဆာင္တြင္ ဂိုက္ဆရာမအျဖစ္ဇူလိုင္လ(၂၀)ရက္ေန႔မွစတင္လုပ္ကိုင္ခဲ့ၿပီး ဩဂုတ္လ(၂၀)ရက္ေန႔ ည(၇)နာရီအခ်ိန္ခန႔္တြင္ အေဆာင္ေနေက်ာင္းသား/သူမ်ားစားသုံးရန္အတြက္ မိုးညႇင္းၿမိဳ႕နတ္ႀကီးကုန္း(ဗမာပိုင္း)ရပ္ကြက္ရွိေ႐ႊဇင္ေယာ္ေခါက္ဆြဲစက္သို႔ေခါက္ဆြဲဝယ္ရန္ထြက္လာစဥ္

အုတ္က်င္းရပ္ကြက္ အမွတ္(၃)အထက္တန္းေက်ာင္းေရွ႕ေရာက္စဥ္ အနက္ေရာင္မွန္လုံပိတ္‌ေမာ္ေတာ္ယာဥ္တစ္စီးဆိုင္ကယ္ေရွ႕မွပိတ္ရပ္ကာ မ်က္ႏွာတြင္အနက္ေရာင္ပိတ္စမ်ားစည္းထားသည့္လူတစ္စုဆင္းလာၿပီး မႏွင္းပြင့္ေဇာ္ ၏မ်က္ႏွာအားပိတ္စႏွင့္အုပ္ကာ ကားေပၚဆြဲတင္ခဲ့‌ေၾကာင္း၊ကားေပၚေရာက္သည့္အခါမ———- အားဝိုင္းခ်ဳပ္ၿပီး ပါးစပ္အတြင္းေဆးအတင္းတိုက္ခဲ့သျဖင့္ ခႏၶာကိုယ္ေပ်ာ့ေခြသြားကာ ကားေမာင္းထြက္ခဲ့ရာနာရီဝက္ခန႔္အၾကာတြင္ေနအိမ္တစ္အိမ္သို႔ေရာက္ရွိၿပီး အခန္းတစ္ခန္းအတြင္းထည့္၍ မ်က္စိႏွင့္ပါးစပ္အားအဝတ္ႏွင့္ပိတ္ၿပီးလက္ႏွစ္ဖက္အား ပူးကာႀကိဳးခ်ည္တုပ္ထားခဲ့ၾကေၾကာင္း ရဲမွတ္တမ္းမ်ားအရသိရသည္။

ဩဂုတ္လ(၂၁)ရက္ေန႔မနက္တြင္ထမင္းတစ္နပ္ေကြၽးၿပီး ေဆးမ်ားတိုက္ခဲ့သျဖင့္ သတိလစ္ခဲ့ေၾကာင္းေနာက္ေန႔မ်ားတြင္လည္း အစာမေကြၽးဘဲ တစ္ေန႔လ်င္ေဆး(၅/၆)ႀကိမ္ခန႔္တိုက္ေကြၽးခဲ့ၿပီးဩဂုတ္လ(၂၆)ရက္ေန႔တြင္ မ——— အနီးရွိအမ်ိဳးသားတစ္ဦးမွ မ——– ၏ အေဆာင္မႉး‌———– ထံသို႔ဖုန္းဆက္သံၾကားရာတြင္ ေဒၚ‌———- အားမေက်နပ္၍ ၎ခ်စ္ေသာ မ———- အားေခၚေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္းေျပာသံၾကားရၿပီး ေဒၚ———- ဘက္မွလည္း ၎ႏွင့္မဆိုင္ေၾကာင္း မ——— ကိုလည္းဆိုင္ကယ္ႏွင့္ပိုက္ဆံယူသြားသျဖင့္ တိုင္ၾကားႏိုင္ေၾကာင္း မင္းတို႔လုပ္ခ်င္ရာလုပ္ ဟုေျပာၾကားသံၾကားရေၾကာင္း ၎တို႔ေျပာသံအရ ရဲသီဟ ဟူေသာအမည္ကိုလည္းၾကားရၿပီး မ———အနီးရွိအမ်ိဳးသားမွ

မင္းကိုျပန္ပို႔ေပးမယ္ဟုေျပာၿပီးေဆးမ်ားတိုက္ကာ ကားေပၚတင္ၿပီး နာရီဝက္ ခန႔္ေမာင္း၍ မ——— အားမ်က္ႏွာ ပါးစပ္မွအဝတ္မ်ားႏွင့္လက္မွႀကိဳးကိုျဖည္ေပးကာ ကား‌ေပၚမွခ်ထားခဲ့ၿပီးကားအားေမာင္းႏွင္ထြက္ခြါသြားၾကသည္။မ———- သည္ပတ္ဝန္းက်င္အားေလ့လာၾကည့္ရာ ေအာင္ခ်မ္းသာရပ္ကြက္ရွိ သန႔္စင္ေအာင္နည္းျပ ေဘာ္ဒါေဆာင္ေရွ႕ေရာက္ေနသည္ကိုေတြ႕ရၿပီး ည(၈)နာရီခြဲခန႔္ရွိၿပီဟုခန႔္မွန္းရကာ စက္ကုန္းရပ္ကြက္ရွိ သူငယ္ခ်င္းျဖစ္သူ၏ေနအိမ္သို႔လမ္းေလ်ာက္လာစဥ္စက္ကုန္းမူလတန္းေက်ာင္းအနီးလမ္းဆုံအေရာက္တြင္ သတိလစ္လဲက်ခဲ့ေၾကာင္းစစ္ေဆးေပၚေပါက္ခဲ့ေၾကာင္းသိရသည္။

မ———- ၏ဖခင္ ဦး——— မွ”ကြၽန္ေတာ့္သမီးက မိုးညႇင္းဒီဂရီေကာလိပ္တြင္ ဒုတိယႏွစ္တက္ရမွာျဖစ္ၿပီး သူ႔ ဆရာမျဖစ္သူေဒၚ——— ထံမွာဂိုက္လုပ္ေနပါတယ္ ဩဂုတ္လ(၂၀)ရက္ေန႔မွာ ေပ်ာက္ဆုံးသြားလို႔ မိုးညႇင္းၿမိဳ႕မရဲစခန္း၌လူေပ်ာက္တိုင္ၾကားခဲ့ၿပီး ဩဂုတ္လ(၂၆)ရက္ေန႔ ည(၉)နာရီအခ်ိန္ေလာက္မွာ သမီးျဖစ္သူ မ——– ရဲ႕ သူငယ္ခ်င္းျဖစ္သူကဖုန္းဆက္အေၾကာင္းၾကားလို႔ စက္ကုန္းရပ္ကြက္သို႔လိုက္လာၿပီး သမီးျဖစ္သူကို မိုးညႇင္းခ႐ိုင္‌ေဆး႐ုံသို႔ပို႔ေဆာင္ကာေဆးဝါးကုသမႈခံယူေနတဲ့အခ်ိန္မွာ သမီးျဖစ္သူ၏ပါးစပ္မွ”ဆရာမသိပ္ရက္စက္တယ္” လို႔ဂေယာင္ဂတမ္းေျပာသံလဲၾကားရပါတယ္၊အခုျဖစ္စဥ္နဲ႔ပတ္သက္လို႔ လုံးဝမေက်နပ္ပါဘူးရဲတပ္ဖြဲ႕အေနနဲ႔လည္းတရားခံကိုအျမန္ဆုံးေဖၚထုတ္ေပးေစခ်င္ပါတယ္”ဟုေျပာၾကားခဲ့သည္။

မ——–မွလည္း”အခုလိုမင္းမဲ့စ႐ိုက္ဆန္မႈအတြက္တာဝန္ရွိသူ‌ေတြအ‌ေနနဲ႔တရားဥပေဒအတိုင္းျဖစ္ေစခ်င္ပါတယ္၊တရားဥပေဒကိုေငြေၾကးနဲ႔မေရာယွက္ေစခ်င္ပါဘူး၊ဒါမွလည္းအေျခခံလူတန္းစားေတြအတြက္တရားမွ်တမႈရွိလာမွာပါ၊ေငြေၾကးနဲ႔အရာအားလုံးကိုဆုံးျဖတ္မယ္ဆိုရင္စစ္မွန္တဲ့အမွန္တရားကေပၚေပါက္မွာမဟုတ္တဲ့အျပင္ ဥပေဒ ဟာအေျခခံလူတန္းစားေတြအတြက္အားကိုးရာလဲျဖစ္မွာ မဟုတ္ပါဘူး၊အမႈကိုလည္းအျမန္ဆုံေဖၚထုတ္ၿပီးတရားခံေတြကိုလည္းထိုက္တန္တဲ့ျပစ္ဒဏ္ခ်မွတ္ေစခ်င္ပါတယ္”ဟုေျပာၾကားကာ

ဩဂုတ္လ(၂၈)ရက္ေန႔ေန႔လယ္(၁၁)နာရီအခ်ိန္တြင္ေဆး႐ုံမွဆင္းခြင့္ရသျဖင့္ မိုးညႇင္းၿမိဳ႕မရဲစခန္းတြင္အမႈဖြင့္လွစ္ခဲ့သည္။အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ မိုးညႇင္းၿမိဳ႕မရဲစခန္းမွ(ပ)၁၁၅/၂၀၂ဝပုဒ္မ ၃၄၇ ျဖင့္အမႈေရးဖြင့္ကာ မ———- အားဖမ္းဆီးေခၚေဆာင္သြားသူမ်ားအားဥပေဒႏွင့္အညီအေရးယူႏႈိင္ရန္အတြက္ စုံစမ္းရွာေဖြမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္းသိရွိရသည္။ဦးခင္ေမာင္ဦး(မိုးညႇင္း) #AlinnMyay(အလင္းေျမ)
#ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ Credit # အလင္းေျမ

unicode

၁၉ နှစ်အရွယ် မိန်းကလေးကို ရုပ်ရှင်ဆန်ဆန်ကား တင်ပြေးပြီး (၆)ရက်ခန့်ကြာမှ ပြန်လွှတ်ပေးခဲ့မှု (မိန်းကလေးပြောကြား) သြဂုတ်(၃၁) AlinnMyay(အလင်းမြေ) ကချင်ပြည်နယ် မိုးညှင်းမြို တွင် ညမှောင်စပျိုး အချိန်ခေါက်ဆွဲထွက်ဝယ်သောအသက်(၁၉)နှစ်အရွယ်အမျိုးသမီးတစ်ဦးအား ကားအနက်ရောင်စီးလာသည့်လူတစ်စုမှ ‌ဆေးတိုက်ပြီးကားတင်ပြေးကာအစာမကျွေးဘဲ ဆေးကျွေးကာ(၆)ရက်အကြာတွင်ပြန်လွှတ်ပေးခဲ့သဖြင့် မိုးညှင်းမြို့မရဲစခန်းတွင်အမှုဖွင့်လှစ်ထားခဲ့ကြောင်းသိရှိရသည်ဖစ်ပွါးပုံမှာ ဩဂုတ်လ(၂၆)ရက်နေ့ည(၉)နာရီအချိန်ခန့်တွင် လွန်ခဲ့သောဩဂုတ်လ(၂၀)ရက်နေ့ကပျောက်ဆုံးသွားသော မ——- (၁၉)နှစ် (ဘ) ဦး——– ပင်းဟဲကျေးရွာ မိုးညှင်းမြို့နယ် နေထိုင်သူသည်

မိုးညှင်းခရိုင်ဆေးရုံသို့ရောက်ရှိနေကြောင်းသတင်းရရှိခဲ့သဖြင့် မိုးညှင်းမြို့မရဲစခန်းမှူးဒုရဲမှူးဝင်းကျော်အောင်နှင့်တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ စစ်ဆေးပေါ်ပေါက်ချက်အရ မနှင်းပွင့်ဇော်သည်မိုးညှင်းမြို့နယ် ဟဲလုံကျေးရွာအုပ်စု ပျော်ဘွယ်ကျေးရွာတွင်ဖွင့်လှစ်ထားသည့် ———– EducationCenter ဘော်ဒါဆောင်တွင် ဂိုက်ဆရာမအဖြစ်ဇူလိုင်လ(၂၀)ရက်နေ့မှစတင်လုပ်ကိုင်ခဲ့ပြီး ဩဂုတ်လ(၂၀)ရက်နေ့ ည(၇)နာရီအချိန်ခန့်တွင် အဆောင်နေကျောင်းသား/သူများစားသုံးရန်အတွက် မိုးညှင်းမြို့နတ်ကြီးကုန်း(ဗမာပိုင်း)ရပ်ကွက်ရှိရွှေဇင်ယော်ခေါက်ဆွဲစက်သို့ခေါက်ဆွဲဝယ်ရန်ထွက်လာစဉ်

အုတ်ကျင်းရပ်ကွက် အမှတ်(၃)အထက်တန်းကျောင်းရှေ့ရောက်စဉ် အနက်ရောင်မှန်လုံပိတ်‌မော်တော်ယာဉ်တစ်စီးဆိုင်ကယ်ရှေ့မှပိတ်ရပ်ကာ မျက်နှာတွင်အနက်ရောင်ပိတ်စများစည်းထားသည့်လူတစ်စုဆင်းလာပြီး မနှင်းပွင့်ဇော် ၏မျက်နှာအားပိတ်စနှင့်အုပ်ကာ ကားပေါ်ဆွဲတင်ခဲ့‌ကြောင်း၊ကားပေါ်ရောက်သည့်အခါမ———- အားဝိုင်းချုပ်ပြီး ပါးစပ်အတွင်းဆေးအတင်းတိုက်ခဲ့သဖြင့် ခန္ဓာကိုယ်ပျော့ခွေသွားကာ ကားမောင်းထွက်ခဲ့ရာနာရီဝက်ခန့်အကြာတွင်နေအိမ်တစ်အိမ်သို့ရောက်ရှိပြီး အခန်းတစ်ခန်းအတွင်းထည့်၍ မျက်စိနှင့်ပါးစပ်အားအဝတ်နှင့်ပိတ်ပြီးလက်နှစ်ဖက်အား ပူးကာကြိုးချည်တုပ်ထားခဲ့ကြကြောင်း ရဲမှတ်တမ်းများအရသိရသည်။

ဩဂုတ်လ(၂၁)ရက်နေ့မနက်တွင်ထမင်းတစ်နပ်ကျွေးပြီး ဆေးများတိုက်ခဲ့သဖြင့် သတိလစ်ခဲ့ကြောင်းနောက်နေ့များတွင်လည်း အစာမကျွေးဘဲ တစ်နေ့လျင်ဆေး(၅/၆)ကြိမ်ခန့်တိုက်ကျွေးခဲ့ပြီးဩဂုတ်လ(၂၆)ရက်နေ့တွင် မ——— အနီးရှိအမျိုးသားတစ်ဦးမှ မ——– ၏ အဆောင်မှူး‌———– ထံသို့ဖုန်းဆက်သံကြားရာတွင် ဒေါ်‌———- အားမကျေနပ်၍ ၎င်းချစ်သော မ———- အားခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းပြောသံကြားရပြီး ဒေါ်———- ဘက်မှလည်း ၎င်းနှင့်မဆိုင်ကြောင်း မ——— ကိုလည်းဆိုင်ကယ်နှင့်ပိုက်ဆံယူသွားသဖြင့် တိုင်ကြားနိုင်ကြောင်း မင်းတို့လုပ်ချင်ရာလုပ် ဟုပြောကြားသံကြားရကြောင်း ၎င်းတို့ပြောသံအရ ရဲသီဟ ဟူသောအမည်ကိုလည်းကြားရပြီး မ———အနီးရှိအမျိုးသားမှ

မင်းကိုပြန်ပို့ပေးမယ်ဟုပြောပြီးဆေးများတိုက်ကာ ကားပေါ်တင်ပြီး နာရီဝက် ခန့်မောင်း၍ မ——— အားမျက်နှာ ပါးစပ်မှအဝတ်များနှင့်လက်မှကြိုးကိုဖြည်ပေးကာ ကား‌ပေါ်မှချထားခဲ့ပြီးကားအားမောင်းနှင်ထွက်ခွါသွားကြသည်။မ———- သည်ပတ်ဝန်းကျင်အားလေ့လာကြည့်ရာ အောင်ချမ်းသာရပ်ကွက်ရှိ သန့်စင်အောင်နည်းပြ ဘော်ဒါဆောင်ရှေ့ရောက်နေသည်ကိုတွေ့ရပြီး ည(၈)နာရီခွဲခန့်ရှိပြီဟုခန့်မှန်းရကာ စက်ကုန်းရပ်ကွက်ရှိ သူငယ်ချင်းဖြစ်သူ၏နေအိမ်သို့လမ်းလျောက်လာစဉ်စက်ကုန်းမူလတန်းကျောင်းအနီးလမ်းဆုံအရောက်တွင် သတိလစ်လဲကျခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ကြောင်းသိရသည်။

မ———- ၏ဖခင် ဦး——— မှ”ကျွန်တော့်သမီးက မိုးညှင်းဒီဂရီကောလိပ်တွင် ဒုတိယနှစ်တက်ရမှာဖြစ်ပြီး သူ့ ဆရာမဖြစ်သူဒေါ်——— ထံမှာဂိုက်လုပ်နေပါတယ် ဩဂုတ်လ(၂၀)ရက်နေ့မှာ ပျောက်ဆုံးသွားလို့ မိုးညှင်းမြို့မရဲစခန်း၌လူပျောက်တိုင်ကြားခဲ့ပြီး ဩဂုတ်လ(၂၆)ရက်နေ့ ည(၉)နာရီအချိန်လောက်မှာ သမီးဖြစ်သူ မ——– ရဲ့ သူငယ်ချင်းဖြစ်သူကဖုန်းဆက်အကြောင်းကြားလို့ စက်ကုန်းရပ်ကွက်သို့လိုက်လာပြီး သမီးဖြစ်သူကို မိုးညှင်းခရိုင်‌ဆေးရုံသို့ပို့ဆောင်ကာဆေးဝါးကုသမှုခံယူနေတဲ့အချိန်မှာ သမီးဖြစ်သူ၏ပါးစပ်မှ”ဆရာမသိပ်ရက်စက်တယ်” လို့ဂယောင်ဂတမ်းပြောသံလဲကြားရပါတယ်၊အခုဖြစ်စဉ်နဲ့ပတ်သက်လို့ လုံးဝမကျေနပ်ပါဘူးရဲတပ်ဖွဲ့အနေနဲ့လည်းတရားခံကိုအမြန်ဆုံးဖေါ်ထုတ်ပေးစေချင်ပါတယ်”ဟုပြောကြားခဲ့သည်။

မ——–မှလည်း”အခုလိုမင်းမဲ့စရိုက်ဆန်မှုအတွက်တာဝန်ရှိသူ‌တွေအ‌နေနဲ့တရားဥပဒေအတိုင်းဖြစ်စေချင်ပါတယ်၊တရားဥပဒေကိုငွေကြေးနဲ့မရောယှက်စေချင်ပါဘူး၊ဒါမှလည်းအခြေခံလူတန်းစားတွေအတွက်တရားမျှတမှုရှိလာမှာပါ၊ငွေကြေးနဲ့အရာအားလုံးကိုဆုံးဖြတ်မယ်ဆိုရင်စစ်မှန်တဲ့အမှန်တရားကပေါ်ပေါက်မှာမဟုတ်တဲ့အပြင် ဥပဒေ ဟာအခြေခံလူတန်းစားတွေအတွက်အားကိုးရာလဲဖြစ်မှာ မဟုတ်ပါဘူး၊အမှုကိုလည်းအမြန်ဆုံဖေါ်ထုတ်ပြီးတရားခံတွေကိုလည်းထိုက်တန်တဲ့ပြစ်ဒဏ်ချမှတ်စေချင်ပါတယ်”ဟုပြောကြားကာ

ဩဂုတ်လ(၂၈)ရက်နေ့နေ့လယ်(၁၁)နာရီအချိန်တွင်ဆေးရုံမှဆင်းခွင့်ရသဖြင့် မိုးညှင်းမြို့မရဲစခန်းတွင်အမှုဖွင့်လှစ်ခဲ့သည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မိုးညှင်းမြို့မရဲစခန်းမှ(ပ)၁၁၅/၂၀၂ဝပုဒ်မ ၃၄၇ ဖြင့်အမှုရေးဖွင့်ကာ မ———- အားဖမ်းဆီးခေါ်ဆောင်သွားသူများအားဥပဒေနှင့်အညီအရေးယူနှိုင်ရန်အတွက် စုံစမ်းရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်းသိရှိရသည်။ဦးခင်မောင်ဦး(မိုးညှင်း) #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ Credit # အလင်းမြေ

Add a Comment

Your email address will not be published. Required fields are marked *

twenty − nine =