လႉထားတဲ့ ထီလက္မွတ္ေတြ ထဲက ထီဆုေတြ အမ်ားႀကီးပါေနၿပီ ျဖစ္ေၾကာင္း မွ်ေဝလာတဲ့ ယုန္ေလး

ယုန္ေလးကေတာ့ လြန္ခဲ့တဲ့ ရက္ပိုင္းက သူ႔ရဲ႕ေမြးေန႔အႀကိဳအလႉေလး အျဖစ္ သက္ႀကီး ႐ြယ္အို အဘိုးအဘြားေတြနဲ႔ ခ်ိဳ႕တဲ့သူေတြအတြက္ ဆန္၊ဆီ၊စားေသာက္ကုန္ေတြနဲ႔ ထီလက္မွတ္ေတြကို လႉဒါန္းမွ်ေဝေပးခဲ့ပါတယ္။ အလႉခံတစ္ဦးခ်င္းစီတိုင္းအတြက္ ထီလက္မွတ္သုံးေစာင္စီ လႉဒါန္းေပးခဲ့ၿပီး ဒီေန႔ေအာင္ဘာေလထီ ဖြင့္လွစ္ခ်ိန္မွာေတာ့ ထီဆုတခ်ိဳ႕ေပါက္ခဲ့ေၾကာင္း မွ်ေဝလာပါတယ္။

လက္ရွိထီတိုက္ၾကည့္ သေလာက္ တစ္သိန္းဆု တစ္ခု၊ ငါးေသာင္းဆု (၁၅) ဆုပါေနၿပီ ျဖစ္ၿပီး (၃) ေစာင္တြဲ ထီမွာ (၃) ေစာင္လုံး ေပါက္တာ သုံးေယာက္ ရွိပါၿပီတဲ့ ပရိသတ္ႀကီးေရ… ေနာက္ထပ္ ထီတိုက္ဖို႔ အေစာင္ေရ(၇၀၀) က်န္ေသး တာမို႔ အဲ့ဒီထဲက (၅)သိန္း (၁၀) သိန္းဆုေတြ ပါပါေစ လို႔လည္း ယုန္ေလးကေတာ့ ဆုေတာင္းခဲ့ပါတယ္။

ေလာေလာ ဆယ္တိုက္ေနတဲ့အခ်ိန္ထိ ထီဆုႀကီး မပါေသးေပမယ့္ တကယ္လို အပ္တဲ့သူ၊ ခ်ိဳ႕တဲ့သူေတြကိုသာ ထီလက္မွတ္ေဝခဲ့တာမို႔ (၅) ေသာင္း၊ (၁) သိန္းကလည္း သူတို႔ကိုေပ်ာ္ေစမွာ အမွန္ပဲမို႔ ဆုႀကီး မပါေပမယ့္လည္း အရမ္းပီတိျဖစ္ရေၾကာင္း ေရးသားမွ်ေဝခဲ့ပါတယ္။ က်န္ေသးတဲ့အေစာင္(၇၀၀) ထဲက ထီဆုႀကီးေတြေပါက္ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ ယုန္ေလးေရ..

Source – Yone Lay
Credit – Cele Gabar

unicode

လှူထားတဲ့ ထီလက်မှတ်တွေ ထဲက ထီဆုတွေ အများကြီးပါနေပြီ ဖြစ်ကြောင်း မျှဝေလာတဲ့ ယုန်လေး

ယုန်လေးကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းက သူ့ရဲ့မွေးနေ့အကြိုအလှူလေး အဖြစ် သက်ကြီး ရွယ်အို အဘိုးအဘွားတွေနဲ့ ချို့တဲ့သူတွေအတွက် ဆန်၊ဆီ၊စားသောက်ကုန်တွေနဲ့ ထီလက်မှတ်တွေကို လှူဒါန်းမျှဝေပေးခဲ့ပါတယ်။ အလှူခံတစ်ဦးချင်းစီတိုင်းအတွက် ထီလက်မှတ်သုံးစောင်စီ လှူဒါန်းပေးခဲ့ပြီး ဒီနေ့အောင်ဘာလေထီ ဖွင့်လှစ်ချိန်မှာတော့ ထီဆုတချို့ပေါက်ခဲ့ကြောင်း မျှဝေလာပါတယ်။

လက်ရှိထီတိုက်ကြည့် သလောက် တစ်သိန်းဆု တစ်ခု၊ ငါးသောင်းဆု (၁၅) ဆုပါနေပြီ ဖြစ်ပြီး (၃) စောင်တွဲ ထီမှာ (၃) စောင်လုံး ပေါက်တာ သုံးယောက် ရှိပါပြီတဲ့ ပရိသတ်ကြီးရေ… နောက်ထပ် ထီတိုက်ဖို့ အစောင်ရေ(၇၀၀) ကျန်သေး တာမို့ အဲ့ဒီထဲက (၅)သိန်း (၁၀) သိန်းဆုတွေ ပါပါစေ လို့လည်း ယုန်လေးကတော့ ဆုတောင်းခဲ့ပါတယ်။

လောလော ဆယ်တိုက်နေတဲ့အချိန်ထိ ထီဆုကြီး မပါသေးပေမယ့် တကယ်လို အပ်တဲ့သူ၊ ချို့တဲ့သူတွေကိုသာ ထီလက်မှတ်ဝေခဲ့တာမို့ (၅) သောင်း၊ (၁) သိန်းကလည်း သူတို့ကိုပျော်စေမှာ အမှန်ပဲမို့ ဆုကြီး မပါပေမယ့်လည်း အရမ်းပီတိဖြစ်ရကြောင်း ရေးသားမျှဝေခဲ့ပါတယ်။ ကျန်သေးတဲ့အစောင်(၇၀၀) ထဲက ထီဆုကြီးတွေပေါက်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ် ယုန်လေးရေ..

Source – Yone Lay
Credit – Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *

seven − 4 =