လႊတ္ေတာ္ အမတ္ ကိုယ္တိုင္ ေျပာ တဲ့ စမ္းေခ်ာင္း ၿမိဳ႕နယ္ ေနာက္ဆုံး ရ သတင္း

စမ္းခ်ာင္းၿမိဳ႕ နယ္ လင္းလြန္းေျမာက္ ရပ္ကြက္ အဂၤပူလမ္း အိမ္အမွတ္ (၉) (၆/ဘီ) ေနသူ အသက္ (၂၆) ႏွစ္အ႐ြယ္အမ်ိဳးသားသည္ Asia Plaza Hotel ၌ ကြာရတင္းဝင္ေရာက္လွ်က္ရွိသည္။ ၎အမ်ိဳးသားသည္ ရန္ကုန္ေဆး႐ုံႀကီးတြင္ တက္ေရာက္ကုသေနေသာ သာေကတ ၿမိဳ႕နယ္ေန ေရာဂါပိုးေတြ႕ရွိသူ Case-701 ႏွင့္ အဓိက အေရးပါေသာ ထိေတြ႕ခဲ့သူ ျဖစ္ပါသည္။ ထို အမ်ိဳးသားသည္ ရန္ကုန္ၿမိဳ႕အလံျပဘုရားလမ္းေပၚရွိ လျပည့္ဝန္းေစ်းမွ ဝန္ထမ္းတစ္ဦးျဖစ္ပါသည္။

စက္တင္ဘာလ (၁) ရက္ေန႔ က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာန စစ္ေဆးေတြ႕ရွိခ်က္အရအဆိုပါ အမ်ိဳးသားတြင္ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕ရွိခဲ့ပါသည္။ ထို႔ေၾကာင့္ ၎ေနထိုင္ရာ အဂၤပူလမ္းတိုက္အမွတ္ (၉) အား စက္တင္ဘာ (၁) ရက္ေန႔ (၂၁:၀၀) နာရီတြင္ ေလာ့ဂ္ေဒါင္း Lockdown ျပဳလုပ္လိုက္ပါသည္။ အတူေနထိုင္သူ အမျဖစ္သူအား ေနအိမ္ ကြာရတင္း (အထူးၾကပ္မတ္) ထားရွိခဲ့ပါသည္။

ဩဂုတ္လ (၃၀)ရက္ေန႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ဌာနမွ ထုတ္ျပန္ခဲ့သည့္ဓာတ္ခြဲအတည္ျပဳလူနာ Case-773 ၏ အဓိက ထိေတြ႕ခဲ့သူ ေလးဦးအား အထူးၾကပ္မတ္ အိမ္ကြာရတင္းထားရွိထားပါမည္။ ၎တို႔ေလးဦးမွာ သီရိေခမာရပ္ကြက္ သီရိလမ္း အိမ္အမွတ္ (၆၇)(၄/ဘီ) တြင္ေနထိုင္သူမ်ားျဖစ္သည္။

ဩဂုတ္လ (၃၀) ရက္ေန႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ခဲ့သည့္ဓာတ္ခြဲအတည္ျပဳလူနာ Case-771 ၏ အဓိက ထိေတြ႕ခဲ့သူ (၂) ဦး အား အထူးၾကပ္မတ္ အိမ္ကြာရတင္းထားရွိထားရာမွ စက္တင္ဘာ (၁) ရက္ေန႔ (၁၉:၀၀) နာရီတြင္ AsiaPlaza Hotel သို႔ပို႔ေဆာင္ ၍ ဟိုတယ္ကြာရတင္းဝင္ ေရာက္ခဲ့ၿပီျဖစ္ပါသည္။

၎တို႔ ႏွစ္ဦးမွာ ေျမနီကုန္း ေျမာက္ရပ္ကြက္ ရွမ္းကုန္းလမ္း အိမ္အမွတ္ (၄၇)(၄/ဘီ)တြင္ေနထိုင္သူ ႏွင့္ ရွင္ေစာပုရပ္ကြက္ ရွင္ေစာပုဘုရားလမ္း အိမ္အမွတ္ (၉)(၄လႊာ) ေနထိုင္သူျဖစ္ပါသည္။

U Bo Bo Oo (စမ္းေခ်ာင္း လႊတ္ေတာ္အမတ္)

unicode

လွှတ်တော် အမတ် ကိုယ်တိုင် ပြော တဲ့ စမ်းချောင်း မြို့နယ် နောက်ဆုံး ရ သတင်း

စမ်းချာင်းမြို့ နယ် လင်းလွန်းမြောက် ရပ်ကွက် အင်္ဂပူလမ်း အိမ်အမှတ် (၉) (၆/ဘီ) နေသူ အသက် (၂၆) နှစ်အရွယ်အမျိုးသားသည် Asia Plaza Hotel ၌ ကွာရတင်းဝင်ရောက်လျှက်ရှိသည်။ ၎င်းအမျိုးသားသည် ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော သာကေတ မြို့နယ်နေ ရောဂါပိုးတွေ့ရှိသူ Case-701 နှင့် အဓိက အရေးပါသော ထိတွေ့ခဲ့သူ ဖြစ်ပါသည်။ ထို အမျိုးသားသည် ရန်ကုန်မြို့အလံပြဘုရားလမ်းပေါ်ရှိ လပြည့်ဝန်းစျေးမှ ဝန်ထမ်းတစ်ဦးဖြစ်ပါသည်။

စက်တင်ဘာလ (၁) ရက်နေ့ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန စစ်ဆေးတွေ့ရှိချက်အရအဆိုပါ အမျိုးသားတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ပါသည်။ ထို့ကြောင့် ၎င်းနေထိုင်ရာ အင်္ဂပူလမ်းတိုက်အမှတ် (၉) အား စက်တင်ဘာ (၁) ရက်နေ့ (၂၁:၀၀) နာရီတွင် လော့ဂ်ဒေါင်း Lockdown ပြုလုပ်လိုက်ပါသည်။ အတူနေထိုင်သူ အမဖြစ်သူအား နေအိမ် ကွာရတင်း (အထူးကြပ်မတ်) ထားရှိခဲ့ပါသည်။

ဩဂုတ်လ (၃၀)ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ခဲ့သည့်ဓာတ်ခွဲအတည်ပြုလူနာ Case-773 ၏ အဓိက ထိတွေ့ခဲ့သူ လေးဦးအား အထူးကြပ်မတ် အိမ်ကွာရတင်းထားရှိထားပါမည်။ ၎င်းတို့လေးဦးမှာ သီရိခေမာရပ်ကွက် သီရိလမ်း အိမ်အမှတ် (၆၇)(၄/ဘီ) တွင်နေထိုင်သူများဖြစ်သည်။

ဩဂုတ်လ (၃၀) ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့်ဓာတ်ခွဲအတည်ပြုလူနာ Case-771 ၏ အဓိက ထိတွေ့ခဲ့သူ (၂) ဦး အား အထူးကြပ်မတ် အိမ်ကွာရတင်းထားရှိထားရာမှ စက်တင်ဘာ (၁) ရက်နေ့ (၁၉:၀၀) နာရီတွင် AsiaPlaza Hotel သို့ပို့ဆောင် ၍ ဟိုတယ်ကွာရတင်းဝင် ရောက်ခဲ့ပြီဖြစ်ပါသည်။

၎င်းတို့ နှစ်ဦးမှာ မြေနီကုန်း မြောက်ရပ်ကွက် ရှမ်းကုန်းလမ်း အိမ်အမှတ် (၄၇)(၄/ဘီ)တွင်နေထိုင်သူ နှင့် ရှင်စောပုရပ်ကွက် ရှင်စောပုဘုရားလမ်း အိမ်အမှတ် (၉)(၄လွှာ) နေထိုင်သူဖြစ်ပါသည်။

U Bo Bo Oo (စမ်းချောင်း လွှတ်တော်အမတ်)

Add a Comment

Your email address will not be published. Required fields are marked *

one × four =