




unicode

ရင်ခုန် စွဲမက်စရာကောင်းလောက်အောင် ညှို့ယူဖမ်းစား ထားတဲ့ ပက်ထရစ်ရှာ ရဲ့ အမိုက်စား Tik Tok Video လေး

ကြည်လင်ဝင်းပလွန်းပြီး မြင်သူတိုင်း လည်ပြန်ငေးမောရ လောက်တဲ့ အသားအရေလေးကို ပိုင်ဆိုင်ထားပြီး ပုရိသတွေရဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ပက်ထရစ်ရှာပဲ ဖြစ်ပါတယ်။ သူမဟာ နိုင်ငံခြားသူလေးလို့ ထင်မှတ်မှား ရလောက်အောင်ပင် ချစ်စရာကောင်းလွန်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပက်ထရစ်ရှာ ဟာ သရုပ်ဆောင်အလုပ်ကို ဝါသနာပါလွန်းတာကြောင့် အနုပညာလောကထဲကို ဝင်ရောက် လာတာပဲဖြစ်ပြီး ယနေ့ချိန်မှာတော့ အောင်မြင်တဲ့ မင်းသမီးလေးတစ်လက် အဖြစ် ရပ်တည်နေပြီပဲ ဖြစ်ပါတယ်။

ရှာရှာဟာ လတ်တလော မှာတော့ အနုပညာ လှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာဘဲ အနားယူအပန်းဖြေ နေထိုင်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင်လို့လည်း သူမရဲ့ ပုံလေးတွေနဲ့ Tik Tok Video တွေ တင်ပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း ပက်ထရစ်ရှာရဲ့ Facebook Page လေး မှာ ပရိသတ်တွေအတွက် ဗီဒီယိုလေး တစ်ခု ဝေမျှပေးထားတာပဲ ဖြစ် ပါတယ်။ ဒါကတော့ ရင်ခုန်စွဲမက်စရာကောင်းလောက်အောင် ညှို့ယူဖမ်းစားထားတဲ့ မင်းသမီးချောလေး ပက်ထရစ်ရှာရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။

ရှာရှာဟာ သူမရဲ့ အဆင့်ဆင့် မိတ်ကပ်လိမ်း နည်းလေးကိုပါ ပရိသတ်တွေကို ပြန်လည် မျှဝေပေးထားသေးတာပဲ ဖြစ်ပါတယ်။ သူမရဲ့ တောက်ပလွန်းတဲ့ မျက်ဝန်းလေးကလည်း မြင်ရသူတိုင်းကို အချစ်ပိုစေမှာ အသေချာပါပဲနော်။ ပရိသတ်ကြီးလည်း ကြည့်ရှုခံစားနိုင်အောင် ပက်ထရစ်ရှာရဲ့ အမိုက်စား Tik Tok Video လေးကို တစ်ဆင့်ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd – Patricia’s Facebook Page

Add a Comment

Your email address will not be published. Required fields are marked *

5 × one =