unicode
မူလ ကျမ်းမာရေး စနစ် အခြေအနေမျိုး ပြန်ရောက် သွားမည့် အစိုးရ နှင့် ပြည်သူ သာလျင် အဓိက အခြေ အနေ
သူငယ်ချင်း တယောက်နဲ့ စကားပြောတယ်၊ ကိုဗစ်ဟာ လူထုလူတန်းစား အလွှာ အသီးသီးကို ကူးသွားပြီးပြီ။ အလွှာအသီးသီး မှာ ရှိနေပြီ။ အလွှာတခုထဲ မြို့တမြို့ထဲမှာ ရှိတုန်းက အဲ့ဒီနေရာကို ရှောင်လို့ရတယ်။ အခု လူတိုင်းကို ရှောင်ဖို့ လိုလာပြီ။ လူဦးရေ ၅၄ သန်းမှာ ၆ လအတွင်း လူ တသိန်းခွဲ ပဲ စစ်ရသေးတယ်။ မစစ်ရသေး တဲ့ ရောဂါရှင် အများကြီးရှိနိုင်တယ်။
အစိုးရက စီမံခန့်ခွဲသူ အဆင့် ကနေ လျောကျပြီး ပြုစုစောင့်ရှောက် ပေးသူ အဆင့်ကို ရောက်သွားပြီ။
ပြောရရင် သွေးတိုးဆီးချို နှလုံးကင်ဆာ မဖြစ်အောင် အစားအသောက် အနေအထိုင် ဆင်ခြင်။ ဖြစ်လို့ဆေးရုံ လာရင်တော့ တတ်နိုင်သမျှ ရှိတာလေးနဲ့ ကုပေးမယ်၊ သက်တမ်းကုန် ရင်လည်း ကုန်တယ်လို့သာ မှတ်လိုက် ဆိုတဲ့ မူလကျမ်းမာရေးစနစ် အခြေအနေမျိုး ပြန်ရောက်သွားပြီ။ အထူးတလည် စီမံချက် အခြေအနေမျိုး ကနေ ဆုတ် သွားပြီ။
ရောဂါကို နိုင်ဖို့ဆိုတာ ပြည်သူ ဘယ်လောက် ဆင်ခြင်သလဲအပေါ်သာ မူတည် တော့တယ်။ အခုအခြေအနေကမှ ပြည် သူသာလျင်အဓိက ပါဆိုတဲ့ အခြေအနေအစစ်။
နိဗ္ဗာန် ရောက်ဖို့ ကိုယ့်အားထုတ်မှဖြစ်တာ၊ ရောဂါ မဖြစ်ဖို့ကလည်း ကိုယ့် အသိဉာဏ်နဲ့ အားထုတ်မှ ဖြစ်မှာ။ ဒီအချိန် မှာ အစိုးရအပြစ်တင် နေလို့ မှားမယ်။ သူတို့မှာ ကာကွယ် ပေးနိုင်တဲ့ ပါဝါမရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် mask သာ တပ်ပါ။ မလိုပဲ မထွက်တာ ကောင်းတာပေါ့။ (Kyaw Swa Min)
Add a Comment
Your email address will not be published. Required fields are marked *
nine + 3 =