ဧပြီလ မီတာခ များနေတဲ့ ကိစ္စ နဲ့ ပါတ်သတ်ပြီး ဖြစ်နိုင်ခြေရှိ တဲ့ အခြေအနေများ နှင့် ဖြေရှင်းချက် များ (အဲဒါကြောင့် မီတာများ ဖြစ်နေတာများလား)
၎…အဆိုပါယူနစ် အသုံးများမှာ မသမာမှု့များ မဖြစ်နိုင်ပါကြောင်း နှင့် နွေရာသီအပူ အိမ်နေချိန်များ ပေါင်းစပ်ပီး ဖြစ်ပေါ်လာသော ကိစ္စရပ်
unicode
ဧပြီလ မီတာခကိစ္စနဲ့ ပါတ်သတ်ပီး ပြောစရာလေးရှိပါတယ်… ယူနစ် ၁၅၀ free unit နှုတ်ပီး တာတောင် အိမ်သုံးမီတာတွေက အရင်လတွေ ထက် ၂ ဆကျော်လောက်ကျသင့်နေကြပါတယ်…
ကျနော့် သိသလောက် အချက် ၃ ချက်ပဲရှိပါတယ်….
၁… Stay At Home နေ တာများတယ့်အတွက် အိမ်တွေ အားလုံးလိုလိုဟာ လျှပ်စစ်နဲ့ပါတ်သတ်တယ့်အရာတွေကို ပိုသုံးဖြစ်ပါတယ်.. ဥပမာ …အဲယားကွန်း ပန်ကာ မီးပူ လျှပ်စစ်မီးဖို ထမင်းပေါင်းအိုး တီဗီ အားသွင်းစေရတယ့်လျှပ်စစ်ပစ္စည်းများ …..
၂… ယခုလမီတာခငွေမှာ ဧပြီလအတွက်ဖြစ်ပါတယ်…နွေရာသီ အလွန်ပူ တယ့်ရာသီဖြစ်ပီး စံချိန်တင် အပူချိန်တွေဖြစ်ပေါ်နေပါတယ်..ဒီအချက်က Stay At Home မှာ လျှပ်စစ်ပိုသုံးဖို့ Boost ပေးသလိုဖြစ်နေပါတယ်…
၃.. မီတာဖတ် စာရေးများ၏ ပျက်ကွက်မှု့ကြောင့်ဖြစ်နိုင် ပါတယ်…
မီတာဖတ် စာရေးများသည် တစ်ဦးလျှင်အိမ်ခြေ ၅၀၀ မှ ၁၀၀၀ ခန့်ကို လစဉ် ၁ရက်နေ့မှ ၅ ရက်နေ့အတွင်း ဖတ်ရှု့ရပါတယ်…အဆိုပါဝန်ထမ်းများမှာ ပုံမှန်အသုံးများသာရှိသော နေအိမ်များ၏ မီတာယူနစ်အား လစဉ် အပြည့်အဝ မဖတ်ပဲ ရမ်းဖြည့်မှန်းဖြည့်ကြတာ အစဉ်အလာ လိုဖြစ်နေပါပီ… ထိန်းချုပ်ရအလွန်ခက်သော အလုပ်ဖြစ်ပါတယ်…နည်းပညာကို သုံးရန် အရင်းအနှီးတော်တော်ကြီးပါတယ်…
ထို့ကြောင့် ရှေး ယခင်လတွေက မှန်းဖြည့်ရမ်းဖြည့် ခဲ့ပီးမှ ယခုလတွေအတွင်း သေချာဖတ်ကြတော့ ယူနစ် အသုံးတွေက အများကြီးဖြစ်နေရခြင်း ဖြစ်နိုင်ပါတယ် …
၄…အဆိုပါယူနစ် အသုံးများမှာ မသမာမှု့များ မဖြစ်နိုင်ပါကြောင်း နှင့် နွေရာသီအပူ အိမ်နေချိန်များ ပေါင်းစပ်ပီး ဖြစ်ပေါ်လာသော ကိစ္စရပ်
ဟုထင်မြင်ယူဆရပါသည် …အသုံး ယူနစ်တိုးသွားအောင် မည်သည့်နည်းပညာနဲ့မှ လုပ်မရတာသေချာပါတယ်…မီတာဖတ်စာရေးတွေ ပုံမှန်ဖတ်ခြင်း မဖတ်ခြင်း နှင့် ရာသီဥတုရယ် ကိုဗစ်ကြောင့် အိမ်နေချိန်များခြင်းများကြောင့်သာ ဖြစ်ပါလိမ့်မည် …
၅…မိမိတို့နေအိမ်များအတွက်သံသယ တစ်စုံတစ်ရာရှိပါက မီတာစာရွက်တွင်ရှိသော အသုံးယူနစ်အား မိမိတို့၏ မီတာဘောက်တွင် ဖတ်ရှု့ကြည့်ခြင်းဖြင့် စစ်ဆေးကြစေလိုပါတယ်…ကျွန်တော်တို့ဘက်မှလည်း ကူညီရန်အသင့်ရှိပါတယ်ခင်ဗျာ …
ကျေးဇူးတင်မျက်နှာပူပါရစေ …
Share နိုင်ပါတယ်ခင်ဗျာ..