႐ုပ္ရွင္ဇာတ္ကားေတြ ဆက္မ႐ိုက္ ျဖစ္ေတာ့တဲ့ အဓိကအေၾကာင္းအရင္း ကို ဖြင့္ဟလာ တဲ့ မင္းသားႀကီး ေက်ာ္ရဲေအာင္

မင္းသားႀကီးေက်ာ္ရဲေအာင္ကေတာ့ ပရိသတ္ေတြၾကား ယခုထိ ေအာင္ျမင္ေနသူတစ္ဦိးပါ ႐ိုး႐ိုးရွင္းရွင္း စကားေျပာတတ္သလို သဘာဝဆန္တဲ့ သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္လည္း လူႀကိဳက္မ်ားလွ်က္ရွိတာျဖစ္ပါတယ္ယခုေနာက္ပိုင္းမွာေတာ့ ေက်ာ္ရဲေအာင္ဟာ ႐ုပ္ရွင္႐ိုက္ကူးမႈေတြ နည္းလာခဲ့တာျဖစ္ၿပီး အႏုပညာလႈပ္ရွားမႈႀကဲပါးသြားခဲ့တာပါ ဒီအေၾကာင္း ကို ေက်ာ္ရဲေအာင္က အခုလိုရွင္းျပလာခဲ့ပါတယ္“ဇာတ္ကားေတြ မ႐ိုက္ျဖစ္ဘူးဆိုတာ ကိုဗစ္ေကာ ကိုဗစ္မရွိတုန္းကလဲ သိပ္ၿပီး မ႐ိုက္ျဖစ္ဘူး။ နည္းနည္းပါးပါးပဲလုပ္ျဖစ္တယ္ ဇာတ္ကားေတြကို သိပ္ၿပီးေတာ့ မေ႐ြးခ်ယ္ေပမယ့္ မ႐ိုက္ျဖစ္တာကေတာ့ လာမငွားလို႔ မ႐ိုက္ျဖစ္တာေလ၊ လာမငွားတာရယ္ ေနာက္တစ္ခုက ကိုယ္သိပ္မႀကိဳက္တာရယ္ ငွားတဲ့ဟာက်ေတာ့လဲ သိပ္ၿပီးေတာ့ အဆင္မေျပဘူး။ ကိုယ္နဲ႔ သိပ္မလိုက္ဘူးေလ ကိုယ္နဲ႔လိုက္ရင္ေတာ့ ႐ိုက္ျဖစ္ပါတယ္” လို႔ဆိုလာခဲ့တာပါ

ဆက္လက္ၿပီး ေက်ာ္ရဲေအာင္က “အခုေနာက္ပိုင္းေတာ့ ေတာ္ၾက ပါတယ္။ ႐ုပ္ရွင္႐ိုက္တဲ့ ဒါ႐ိုက္တာ အသစ္ေလးေတြနဲ႔ ကြၽန္ေတာ္မ်ားမ်ား ႐ိုက္ဖူးတယ္။ သူတို႔ေတြ စိတ္ရွည္လက္ရွည္ ႐ိုက္ၾကတယ္။ အရင္လို ဝုန္းဒိုင္း ဝုန္းဒိုင္းမဟုတ္တဲ့ အတြက္ေၾကာင့္ စိတ္ခ်မ္းသာတယ္။ ကြၽန္ေတာ္က အဲ့လို႐ိုက္ခ်င္တာ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ ကားမ႐ိုက္တဲ့ ကိစၥနဲ႔ပတ္သတ္ၿပီး ေမးလို႔ ေျပာျပရဦးမယ္ ကား႐ိုက္ရတာ အရင္တုန္းက ေကာင္းတယ္ဗ် ေကာင္းတယ္ဆိုတာ တိုင္တိုင္ပင္ပင္နဲ႔ ႐ိုက္ၾကတယ္ အနဲဆုံးမ႐ိုင္ဘူးဆိုရင္ေတာင္ ရက္(၂၀)ေလာက္ ၾကာၾကတယ္။ အခုဟာက ရက္(၂၀)မဟုတ္ေတာ့ဘူးေလ အခုဟာ ကားက (၇)ရက္နဲ႔တစ္ကား (၅)ရက္နဲ႔တစ္ကား ၿပီးေအာင္ လိုက္႐ိုက္တဲ့ အခါက်ေတာ့ ကြၽန္ေတာ္က မ႐ိုက္ခ်င္ ေတာ့ဘူး။ ေနာက္ၿပီးေတာ့ အဲ့ေလာက္ႀကီးလဲ ကြၽန္ေတာ္ မလိုက္ႏိုင္ဘူး။ ဇာတ္ကားတစ္ကား႐ိုက္ၿပီဆို နဲနဲပါးပါးတိုင္တိုင္ပင္ပင္ေတာ့ ရွိရမယ္ဗ်။

ဘယ္လိုတိုင္တိုင္ပင္ပင္ရွိရမလဲဆိုေတာ့ သ႐ုပ္ေဆာင္နဲ႔ ဒါ႐ိုက္တာ နဲ႔ ေနာက္ၿပီးေတာ့ သ႐ုပ္ေဆာက္ အခ်င္းခ်င္းေတြ အဲ့လို တိုင္တိုင္ပင္ပင္လုပ္မွ အေပးအယူေတြမွ်တာ အခုဟာပ ကားအေရအတြက္မ်ားဖို႔ ျပသခြင့္ျမန္ျမန္ရဖို႔ ႐ိုက္ေနၾကေတာ့ ၾကာလာေတာ့ မ႐ိုင္ခ်င္ေတာ့ဘူး။ ကြၽန္ေတာ္က ေပတီးေပကပ္ လုပ္လာေရာ၊ ေပတီးေပကပ္လုပ္လာတဲ့အခါက်ေတာ့ ဘာျဖစ္လာလဲဆိုေတာ့ ကြၽန္ေတာ္ မေကာင္းဘူးျဖစ္သြားေရာ။ အဲ့ေတာ့ အဆင္ေျပေအာင္ ျမန္ျမန္႐ိုက္တဲ့သူေတြေၾကာင့္ ကိုယ္ပဲဦးေႏွာက္မေကာင္းလို႔လား မသိဘူး လိုက္မမွီဘူး။ ေနာက္တစ္ခုက ျမန္ျမန္ဆန္ဆန္ မ႐ိုက္တတ္ဘူး။ ကြၽန္ေတာ္က အၾကာႀကီး႐ိုက္ဖို႔ကို ေျပာတာမဟုတ္ဘူး။

အခုဟာက တစ္ေယာက္နဲ႔ တစ္ေယာက္ ညႇိခ်ိန္ မရွိေတာ့ဘူး။ အဲ့တာမ်ိဳးေတြက သိပ္ၾကာလာတဲ့အခါ မ်ားလာတဲ့ အခါမ်ိဳးမွာက်ေတာ့ ႐ုပ္ရွင္ေလာကႀကီးပါ မေကာင္းေတာ့ဘူး။ တျဖည္းျဖည္း အဲ့လိုျဖစ္သြားတယ္။ တျခည္းျဖည္းနဲ႔ ဒါ႐ိုက္တာေတြဟာ ထုတ္လုပ္သူကို အလိုလိုက္တယ္။ ထုတ္လုပ္သူေတြကလဲ ရက္နဲနဲနဲ႔ မ်ားမ်ားလိုခ်င္ၾကတယ္။ လူတိုင္းကေတာ့ ဒီတိုင္းပဲေလ။ ပိုက္ဆံေတြရင္းႏွီးထားရေတာ့ သူတို႔လဲ မ်ားမ်ားေတာ့ လ္ုခ်င္မွာပဲ။ ရက္နဲနဲနဲ႔ မ်ားမ်ားရ သူတို႔လဲကိုက္တယ္။ သူတို႔ကိုလဲ အျပစ္မေျပာပါဘူး။ ဒါေပမယ့္ ဘာစည္းေစာင့္သင့္လဲဆိုေတာ့ (၅)ရက္နဲ႔ အၿပီး႐ိုက္ခ်င္နဲ႔သူေတြရွိၾကတယ္။ အဲ့လိုေတာ့ မလုပ္သင့္ဘူး။ မေကာင္းတာေတာ့ အကုန္လုံး မေကာင္းၾကတာပါ။ တစ္ေယာက္ထဲေတာ့ သြားေျပာလို႔ မရဘူး။ “ဆိုၿပီး ေျပာျပလာခဲ့တာျဖစ္ပါတယ္ေက်ာ္ရဲေအာင္ကေတာ့ ႐ုပ္ရွင္တစ္ကားကို ၅ ရက္နဲ႔ အၿပီး႐ိုက္သူေတြေၾကာင့္ ႐ုပ္ရွင္ေလာကႀကီး ပ်က္စီးလာတဲ့အေၾကာင္း ေျပာျပသြားခဲ့တာပါေနာ္ ပရိသတ္ႀကီးလည္းေက်ာ္ရဲေအာင္ရဲ႕အျမင္ေလးကို သေဘာတူမတူ ေျပာခဲ့ၾကပါအုန္း

Credit ShweyaungMyanmar

unicode

မင်းသားကြီးကျော်ရဲအောင်ကတော့ ပရိသတ်တွေကြား ယခုထိ အောင်မြင်နေသူတစ်ဦိးပါ ရိုးရိုးရှင်းရှင်း စကားပြောတတ်သလို သဘာဝဆန်တဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း လူကြိုက်များလျှက်ရှိတာဖြစ်ပါတယ်ယခုနောက်ပိုင်းမှာတော့ ကျော်ရဲအောင်ဟာ ရုပ်ရှင်ရိုက်ကူးမှုတွေ နည်းလာခဲ့တာဖြစ်ပြီး အနုပညာလှုပ်ရှားမှုကြဲပါးသွားခဲ့တာပါ ဒီအကြောင်း ကို ကျော်ရဲအောင်က အခုလိုရှင်းပြလာခဲ့ပါတယ်“ဇာတ်ကားတွေ မရိုက်ဖြစ်ဘူးဆိုတာ ကိုဗစ်ကော ကိုဗစ်မရှိတုန်းကလဲ သိပ်ပြီး မရိုက်ဖြစ်ဘူး။ နည်းနည်းပါးပါးပဲလုပ်ဖြစ်တယ် ဇာတ်ကားတွေကို သိပ်ပြီးတော့ မရွေးချယ်ပေမယ့် မရိုက်ဖြစ်တာကတော့ လာမငှားလို့ မရိုက်ဖြစ်တာလေ၊ လာမငှားတာရယ် နောက်တစ်ခုက ကိုယ်သိပ်မကြိုက်တာရယ် ငှားတဲ့ဟာကျတော့လဲ သိပ်ပြီးတော့ အဆင်မပြေဘူး။ ကိုယ်နဲ့ သိပ်မလိုက်ဘူးလေ ကိုယ်နဲ့လိုက်ရင်တော့ ရိုက်ဖြစ်ပါတယ်” လို့ဆိုလာခဲ့တာပါ

ဆက်လက်ပြီး ကျော်ရဲအောင်က “အခုနောက်ပိုင်းတော့ တော်ကြ ပါတယ်။ ရုပ်ရှင်ရိုက်တဲ့ ဒါရိုက်တာ အသစ်လေးတွေနဲ့ ကျွန်တော်များများ ရိုက်ဖူးတယ်။ သူတို့တွေ စိတ်ရှည်လက်ရှည် ရိုက်ကြတယ်။ အရင်လို ဝုန်းဒိုင်း ဝုန်းဒိုင်းမဟုတ်တဲ့ အတွက်ကြောင့် စိတ်ချမ်းသာတယ်။ ကျွန်တော်က အဲ့လိုရိုက်ချင်တာ။ ဘာလို့လဲဆိုတော့ ကျွန်တော် ကားမရိုက်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး မေးလို့ ပြောပြရဦးမယ် ကားရိုက်ရတာ အရင်တုန်းက ကောင်းတယ်ဗျ ကောင်းတယ်ဆိုတာ တိုင်တိုင်ပင်ပင်နဲ့ ရိုက်ကြတယ် အနဲဆုံးမရိုင်ဘူးဆိုရင်တောင် ရက်(၂၀)လောက် ကြာကြတယ်။ အခုဟာက ရက်(၂၀)မဟုတ်တော့ဘူးလေ အခုဟာ ကားက (၇)ရက်နဲ့တစ်ကား (၅)ရက်နဲ့တစ်ကား ပြီးအောင် လိုက်ရိုက်တဲ့ အခါကျတော့ ကျွန်တော်က မရိုက်ချင် တော့ဘူး။ နောက်ပြီးတော့ အဲ့လောက်ကြီးလဲ ကျွန်တော် မလိုက်နိုင်ဘူး။ ဇာတ်ကားတစ်ကားရိုက်ပြီဆို နဲနဲပါးပါးတိုင်တိုင်ပင်ပင်တော့ ရှိရမယ်ဗျ။

ဘယ်လိုတိုင်တိုင်ပင်ပင်ရှိရမလဲဆိုတော့ သရုပ်ဆောင်နဲ့ ဒါရိုက်တာ နဲ့ နောက်ပြီးတော့ သရုပ်ဆောက် အချင်းချင်းတွေ အဲ့လို တိုင်တိုင်ပင်ပင်လုပ်မှ အပေးအယူတွေမျှတာ အခုဟာပ ကားအရေအတွက်များဖို့ ပြသခွင့်မြန်မြန်ရဖို့ ရိုက်နေကြတော့ ကြာလာတော့ မရိုင်ချင်တော့ဘူး။ ကျွန်တော်က ပေတီးပေကပ် လုပ်လာရော၊ ပေတီးပေကပ်လုပ်လာတဲ့အခါကျတော့ ဘာဖြစ်လာလဲဆိုတော့ ကျွန်တော် မကောင်းဘူးဖြစ်သွားရော။ အဲ့တော့ အဆင်ပြေအောင် မြန်မြန်ရိုက်တဲ့သူတွေကြောင့် ကိုယ်ပဲဦးနှောက်မကောင်းလို့လား မသိဘူး လိုက်မမှီဘူး။ နောက်တစ်ခုက မြန်မြန်ဆန်ဆန် မရိုက်တတ်ဘူး။ ကျွန်တော်က အကြာကြီးရိုက်ဖို့ကို ပြောတာမဟုတ်ဘူး။

အခုဟာက တစ်ယောက်နဲ့ တစ်ယောက် ညှိချိန် မရှိတော့ဘူး။ အဲ့တာမျိုးတွေက သိပ်ကြာလာတဲ့အခါ များလာတဲ့ အခါမျိုးမှာကျတော့ ရုပ်ရှင်လောကကြီးပါ မကောင်းတော့ဘူး။ တဖြည်းဖြည်း အဲ့လိုဖြစ်သွားတယ်။ တခြည်းဖြည်းနဲ့ ဒါရိုက်တာတွေဟာ ထုတ်လုပ်သူကို အလိုလိုက်တယ်။ ထုတ်လုပ်သူတွေကလဲ ရက်နဲနဲနဲ့ များများလိုချင်ကြတယ်။ လူတိုင်းကတော့ ဒီတိုင်းပဲလေ။ ပိုက်ဆံတွေရင်းနှီးထားရတော့ သူတို့လဲ များများတော့ လ်ုချင်မှာပဲ။ ရက်နဲနဲနဲ့ များများရ သူတို့လဲကိုက်တယ်။ သူတို့ကိုလဲ အပြစ်မပြောပါဘူး။ ဒါပေမယ့် ဘာစည်းစောင့်သင့်လဲဆိုတော့ (၅)ရက်နဲ့ အပြီးရိုက်ချင်နဲ့သူတွေရှိကြတယ်။ အဲ့လိုတော့ မလုပ်သင့်ဘူး။ မကောင်းတာတော့ အကုန်လုံး မကောင်းကြတာပါ။ တစ်ယောက်ထဲတော့ သွားပြောလို့ မရဘူး။ “ဆိုပြီး ပြောပြလာခဲ့တာဖြစ်ပါတယ်ကျော်ရဲအောင်ကတော့ ရုပ်ရှင်တစ်ကားကို ၅ ရက်နဲ့ အပြီးရိုက်သူတွေကြောင့် ရုပ်ရှင်လောကကြီး ပျက်စီးလာတဲ့အကြောင်း ပြောပြသွားခဲ့တာပါနော် ပရိသတ်ကြီးလည်းကျော်ရဲအောင်ရဲ့အမြင်လေးကို သဘောတူမတူ ပြောခဲ့ကြပါအုန်း

Credit ShweyaungMyanmar

Add a Comment

Your email address will not be published. Required fields are marked *

eighteen − seven =