




unicode

ရိုးရှင်း လှပတဲ့ ဖက်ရှင်လေး နဲ့ ပင်ကိုယ် အလှတွေပေါ်လွင်နေပြီး မြင်သူငေးရလောက်အောင် လှသွေးကြွယ်နေတဲ့ ခင်ဝင့်ဝါ

ပရိသတ်ကြီးရေ အလှမယ်တစ်ယောက်အဖြစ် အနုပညာ လောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ သူလေးကတော့ ခင်ဝင့်ဝါပဲဖြစ်ပါတယ်။ အလှမယ်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ ခင်ဝင့်ဝါက ယောကျာ်းလေးပရိသတ်တွေရဲ့ အသည်းကျော်မလေးလည်းဖြစ်လို့နေပါတယ်။ ရုပ်ရှင် ဇာတ်ကားတွေမှာလည်း ဝါရင့် သရုပ်ဆောင်များနဲ့အတူ ပါဝင် ရိုက်ကူးလေ့ရှိနေတဲ့ ခင်ဝင့်ဝါက အကောင်းဆုံး သရုပ်ဆောင်မှုတွေနဲ့ ပါဝင်ရိုက်ကူးထားတာကိုလည်း တွေ့ရပါတယ်။

ဖော်ရွေပျူဌာတတ်တဲ့ သူမရဲ့ စိတ်ထားလေးနဲ့ အမူအရာလေး တွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတာလည်းဖြစ်ပါတယ်။ အမြဲ ဖက်ရှင်တွေကိုလည်း လိုက်ဖက်ညီညီ ရွေးချယ်ဝတ်ဆင်တတ်တာကြောင့် ပရိသတ်တွေက ချစ်စနိုးနဲ့ ဖက်ရှင်မင်းသမီးလေးလို့ တင်စားခေါ်ဝေါ်တာကိုလည်း တွေ့ရပါတယ်။ လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတဲ့ ခင်ဝင့်ဝါက ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။

ရိုးရှင်းလှပတဲ့ ဖက်ရှင်လေးကို​ ဝတ်ဆင်ပြီး စူးရှတဲ့အကြည့်တွေ နဲ့ကြည့်ကာ ပိုစ့်ပေးဓာတ်ဖမ်းနေတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ပင်ကိုယ်အလှတွေပေါ်လွင်နေတဲ့ ခင်ဝင့်ဝါရဲ့ ပုံလေးတွေကို ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ကဲ ချစ်ပရိသတ်ကြီးကလည်း မင်းသမီးချောလေး ခင်ဝင့်ဝါရဲ့ ပုံလေးတွေ ကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်…..။

Source – Khin Wint Wah’s Instagram

Add a Comment

Your email address will not be published. Required fields are marked *

twelve − five =