တ႐ုတ္တြင္ ႏွာေခါင္းစည္းမ်ား ဝတ္ဆင္စရာမလိုဘဲ စာသင္ေက်ာင္းမ်ား ျပန္ဖြင့္

တ႐ုတ္ႏိုင္ငံရဲ႕ၿမိဳ႕ႀကီးေတြမွာ အေျခခံပညာ၊ အလယ္တန္း နဲ႔ အထက္တန္းေက်ာင္းေတြ ျပန္ဖြင့္တဲ့အခ်ိန္မွာ ေက်ာင္းသားေတြဟာ ႏွာေခါင္းစည္းဝတ္ဆင္စရာမလိုသလို လူစုလူေဝးေရွာင္ရွားတာမ်ိဳးလည္းလုပ္စရာမလိုတာကို ျမင္ေတြ႕ခဲ့ၾကရတယ္လို႔ သိရပါတယ္။

တခ်ိဳ႕ေက်ာင္းေတြမွာေတာ့ ႏွာေခါင္းစည္းဝတ္ဆင္ျခင္းနဲ႔ အပူခ်ိန္တိုင္းတာမ်ိဳးေတြ ရွိေနဆဲျဖစ္တာကို ျမင္ေတြ႕ရပါတယ္။ကပ္ေရာဂါစတင္ျဖစ္ပြားခဲ့ရာဝူဟန္ၿမိဳ႕မွာေတာ့ ေက်ာင္းသား ၁.၄ သန္းေလာက္က ေက်ာင္းျပန္တက္ၾကၿပီျဖစ္ပါတယ္။ လူမႈကြန္ရက္မီဒီယာေပၚကဓာတ္ပုံေတြမွာ အလံတင္ပြဲ အတြက္ စု႐ုံးေနၾကတဲ့ေက်ာင္းသားေတြကို ျမင္ေတြ႕ႏိုင္ပါတယ္။ဝူဟန္ၿမိဳ႕၊ ခ်ဳံကင္းၿမိဳ႕နဲ႔ ေပက်င္းၿမိဳ႕က ေက်ာင္းေတြမွာ အလံတင္အခမ္းအနားေတြ၊ ျပန္လည္ႀကိဳဆိုပြဲေတြနဲ႔ ခ်ီတက္လမ္းေလွ်ာက္ပြဲေတြလုပ္ေဆာင္ခဲ့ၾကပါတယ္။

တခ်ိဳ႕ေက်ာင္းေတြက ဇူလိုင္လကတည္းက ျပန္ဖြင့္ႏိုင္ခဲ့တာျဖစ္ပါတယ္။အလားတူပဲ စေကာ့တလန္၊ အဂၤလန္နဲ႔ ေဝလျပည္နယ္က စာသင္ေက်ာင္းေတြကိုလည္း စည္းမ်ဥ္းကန႔္သတ္ခ်က္ေတြနဲ႔အတူ ျပန္ဖြင့္ေပးထားၿပီျဖစ္တယ္လို႔ သိရပါတယ္။

source : Asteria

uincode

တရုတ်တွင် နှာခေါင်းစည်းများ ဝတ်ဆင်စရာမလိုဘဲ စာသင်ကျောင်းများ ပြန်ဖွင့်

တရုတ်နိုင်ငံရဲ့မြို့ကြီးတွေမှာ အခြေခံပညာ၊ အလယ်တန်း နဲ့ အထက်တန်းကျောင်းတွေ ပြန်ဖွင့်တဲ့အချိန်မှာ ကျောင်းသားတွေဟာ နှာခေါင်းစည်းဝတ်ဆင်စရာမလိုသလို လူစုလူဝေးရှောင်ရှားတာမျိုးလည်းလုပ်စရာမလိုတာကို မြင်တွေ့ခဲ့ကြရတယ်လို့ သိရပါတယ်။

တချို့ကျောင်းတွေမှာတော့ နှာခေါင်းစည်းဝတ်ဆင်ခြင်းနဲ့ အပူချိန်တိုင်းတာမျိုးတွေ ရှိနေဆဲဖြစ်တာကို မြင်တွေ့ရပါတယ်။ကပ်ရောဂါစတင်ဖြစ်ပွားခဲ့ရာဝူဟန်မြို့မှာတော့ ကျောင်းသား ၁.၄ သန်းလောက်က ကျောင်းပြန်တက်ကြပြီဖြစ်ပါတယ်။ လူမှုကွန်ရက်မီဒီယာပေါ်ကဓာတ်ပုံတွေမှာ အလံတင်ပွဲ အတွက် စုရုံးနေကြတဲ့ကျောင်းသားတွေကို မြင်တွေ့နိုင်ပါတယ်။ဝူဟန်မြို့၊ ချုံကင်းမြို့နဲ့ ပေကျင်းမြို့က ကျောင်းတွေမှာ အလံတင်အခမ်းအနားတွေ၊ ပြန်လည်ကြိုဆိုပွဲတွေနဲ့ ချီတက်လမ်းလျှောက်ပွဲတွေလုပ်ဆောင်ခဲ့ကြပါတယ်။

တချို့ကျောင်းတွေက ဇူလိုင်လကတည်းက ပြန်ဖွင့်နိုင်ခဲ့တာဖြစ်ပါတယ်။အလားတူပဲ စကော့တလန်၊ အင်္ဂလန်နဲ့ ဝေလပြည်နယ်က စာသင်ကျောင်းတွေကိုလည်း စည်းမျဉ်းကန့်သတ်ချက်တွေနဲ့အတူ ပြန်ဖွင့်ပေးထားပြီဖြစ်တယ်လို့ သိရပါတယ်။

source : Asteria

Add a Comment

Your email address will not be published. Required fields are marked *

three × three =