သူ့ရဲ့ ချစ်သူ ကောင်မလေးကို ဗီဒီယိုဖိုင်လေးနဲ့တကွ အလင်းပြလိုက်ပြီ ဖြစ်တဲ့ မင်းသားချော “ဟိန်းဝေယံ”

Posted on

အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်း နေတဲ့ မင်းသားချော ဟိန်းဝေယံ ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကိုအခိုင်အမာ ရရှိထားသူ ဖြစ်ပါတယ်။ ဟိန်းဝေယံကတော့ မြန်မာဇာတ်လမ်းတွေမှာဆိုရင် ဟာသပိုင်းကိုလည်း ပိုင်နိုင်သလို ဒရမ်မာတွေကို ပိုင်နိုင်စွာ သရုပ်ဆောင်တတ်သူလည်း ဖြစ်ပါတယ်နော်..ဟိန်းဝေယံက ဖေဖော်ဝါရီလ ထဲကနေ ပြည်သူတွေကို အလှူတွေ လုပ်ရင်းနဲ့ ရပ်တည် လာခဲ့တာ ဖြစ်ပါတယ်။

ဝေဖန်သူတစ်ချို့ကတော့ ဟိန်းဝေယံက စစ်တပ်ကို ထောက်ခံသူ ဖြစ်တယ်ဆိုပြီး ပြောဆိုနေမှုတွေ ကိုတော့ ဟိန်းဝေယံက ဖြေရှင်းချက်တော့ ဘာမှပေးမလာပါဘူးနော်. လွန်ခဲ့တဲ့စက်တင်ဘာ ၇ ရက်နေ့မှာသတင်းတွေထွက်နေတဲ့ D Days နဲ့ပက်သက်လို့ပြည်သူတွေကို စိတ်ပူတဲ့စာလေး ရေးသားလာခဲ့ပါသေးတယ်။ သူရေးသာပြီး နောက် မှာတော့ တပ်ချစ်သူက ခုမှရေးသား လာတယ်ဆိုပြီးလည်း ဝေဖန်မှုတစ်ချို့ရှိခဲ့ပြန်ပါတယ်။

ဒီနေ့လေးမှတော့ မင်းသားဟိန်းဝေယံက သူ့ရဲ့ချစ်သူကို Tiktok လေးနဲ့ အလင်းပြ လာခဲ့ပါပြီ….ချစ်သူနှစ်ဦးတွဲရိုက်ထားတဲ့ ဗီဒီယိုတွေအောက်မှာတော့ ကောမန့်တွေနဲ့စည်ကားနေပါတော့တယ်။ တစ်ချို့ပရိသတ်တွေကတော့ တစ်ကယ်ပဲချစ်သူလားဆိုတဲ့ မေးခွန်းတစ်ချို့ကို မင်းသား ဟိန်းဝေယံက ဘာစာသားနဲ့မှ ပြန်မဖြေပဲ အသည်းပုံလေး နဲ့သာ ပြန် လည် ဖြေကြား ပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဟိန်းဝေယံရဲ့ချစ်သူလေးပါတဲ့ Tiktok လေးကိုကြည့်ပြီး လိုက်ဖက်မှူရှိရဲ့လားဆိုတာ ရေးပေး သွားကြပါအုံးနော်..

Source: heinwaiyan

zawgyi




Source: heinwaiyan