



DVB

unicode

တောင်ဥက္ကလာ နေ ပိုးတွေ့လူနာ မြောက်ဒဂုံ Capital စူပါမားကတ် ဝန်ထမ်းဖြစ်

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ရဲ့ မနေ့ညထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ပိုးတွေ့ ၅၇ ယောက်ထဲက ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နေသူ ပိုးတွေ့လူနာဟာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် Capital စူပါမားကတ် ဝန်ထမ်းတစ်ယောက်ဖြစ်တာကြောင့် အဲဒီ စူပါမားကတ်ကို လော့ဒေါင်းလုပ်လိုက်ပြီလို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင် က ဒီဗွီဘီကို ပြောပါတယ်။

ဘယ်ကကူးမှန်းမသိတဲ့ ဒီလူနာကို တောင်ဥက္ကလာ ဆေးရုံကိုပို့ထားပြီး သူနဲ့ထိတွေ့သူတွေကို ရှာဖွေ စုံစမ်းနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ မှာ ဒီနေ့ မနက်အထိ ပိုးတွေ့လူနာ ၁၀၅၈ ယောက်ရှိပြီး အဲဒီထဲက ၄၄၃ ယောက်ကတော့ ရန်ကုန်တိုင်းက ဖြစ်ပါတယ်။

DVB

Add a Comment

Your email address will not be published. Required fields are marked *

eighteen − 13 =