ကိုယ်တိုင် အလိမ်ခံရသူပြော တဲ့ မိုးကုတ်က သိန်း (၈) သောင်းကျော် လိမ်လည်မှုကြီး နောက်ကွယ်

ကိုယ်တိုင် အလိမ်ခံရသူပြောတဲ့ မိုးကုတ်က သိန်း ၈ သောင်းကျော် လိမ်လည်မှုကြီးနောက်ကွယ် မိုးကုတ်မြို့က သိန်း ၈သောင်းကျော် လိမ်လည်မှူကြီး (၈သောင်းဆိုတာက ပြောစကားပါ ထို့ထက်ကျော်နိုင်သေးတယ်ဟု ထင်မြင်ယူဆရပါတယ်)၂၂.၅.၂၀၂၀ တွင် ည ၅/၆ နာရီဝန်းကျင် တွင် စတင်ဖြစ်ပွါးခဲ့တယ်လို့ထင်ရပါသည်။ ဖြစ်စဉ်မှာ မိုးကုတ်မြို့အောင်ချမ်းသာဈေးလေးအရှေ့ဘက် ခင်စင်းဝန်းရွှေဆိုင်က ယူထားသောအတိုးငွေနှင့် ယုံကြည်စွာ အပ်နှံထားတော့ ပိုက်ဆံများကို ပိုင်ဆိုင်များထံ မအပ်နှင်းနိုင်ဘဲ ဆိုင်ကို ခေတ္တပိတ်ရန်လုပ်ခဲ့သည့် အတွက် လူအများမှ ကြောက်လန့်ပီး ခင်စင်းဝန်း ရွှေဆိုင်

ပိုင်ရှင်ရဲ့ အိမ်အရှေ့မှာ လာရောက် တောင်းကျ ပါသည် သို့ပါသော်လည်း ခင်စန်းဝင်းရွှေဆိုင်မှ ထွက်မတွေ့ပဲ မပေးကြောင်းပြောပါသည်အချိန်အတော်အတန် ကြာသော်အခါ ရဲများရောက်လာပီး ခင်စန်းဝင်းရဲ့ အိမ်ထဲသို့ ဝင်သွားသည် နာရီပိုင်းကြာသော်အခါ ရဲများအိမ်ထဲမှ ထွက်လာပီး ခင်စန်းဝင်း ရွှေဆိုင် ရဲ့ လက်ရှိ

နေအိမ် နှစ်လုံးပဲ ပြောပီး လေလံတင်ပီး ရငွေ ကို ၁၀၀% ဆိုရင် ၅၀% ရမည်ဟုပြောခဲ့ပါသည်။ သိုသော် လူအများလက်မခံပါလူတိုင်းချွေးနည်းစာဖြင့်ရှာထားသော ပိုက်ဆံကိုမှ အခုလိုလုပ်တော့ ကန့်ကွက် ပါတယ်တကယ်တမ်းက အိမ်နှစ်လုံးတင်မကပါ ခင်စန်းဝင်းရွှေဆိုင်မှာ မန္တလေးမှ အိမ်များလဲရှိ ပါတယ် ဆောက်လုပ်ပီးတာ မကြာသေးဘူးလို့လဲ ထပ်သိရပါသည်။

သို့ပါသော်လည်း ခင်စန်းဝင်းမှ မိမိ ယောကျားရဲ့ ကွဲ ထားသည် ဟု ဆိုပါသည်။ ထိုကြောင့် ပိုင်ဆိုင်မှူမှာ ယောက်ကျားနှင့်သက်ဆိုင်သည်ဟု ပြောခဲ့ပါသည်ကျွန်တော်ရဲ့ ကိုယ်တွေ့ကြားရသည့်မှာ သူ့ယောင်္ကျားနဲ့ မကွဲပါ။ အရင်နေ့တွေကပင် မိုးကုတ်မြိ့ချမ်းသာကြီးဘုရားပင် တွေ့ခဲ့ရသည် ယခုကွဲ သည်ဟုဆိုခြင်းမှာ လိမ်လည်ခြင်းသာဖြစ်ကြောင်း ထင်ရှားပါတယ်။ နောက်ပီး ခင်စန်းဝင်း လိမ်သွားသည်မှာ သိန်းပေါင်း၈သောင်းကျော်ဖြစ်ပါသည်

ထိုပိုက်ဆံတွေကို ဘာလုပ်ပစ်လဲ တစ်ချက်ရှိပါသည်။ ပထမပြော ခဲ့သည်မှာ အိမ်နှစ်လုံးသာ ပြောခဲ့ပါသည်။ ၎င်းဟာလဲ လိမ်လည်မူကြီးပါ။နောက်တစ်ချက်မှာ တရားရုံးကအမိန့်ကျမှသာ ရဲတွေ ကလုပ်ခွင့်ရှိပါတယ်။ ယခုမှာ ကော်မရှင်အဖွဲရုံးနှငိ့ ရဲများသာ ပေါင်းလုပ်နေပါသည်။ရွှေဆိုင်နှင့် ပူပေါင်းကြံစည်မူလိုကျွန်တော်ထင် ပါသည်။ ၂၃.၅.၂၀၂၀ ယခုကော်မရှင်ရုံးတွင် ယခင်ပြောခဲ့သော မိမိအပ်နှံထားသည့် ပိုက်ဆံရဲ့ ၅၀%တောင် ရမည် မသေချာကြောင်း ကြားခဲ့ရပါတယ်။

မှတ်ချက်။ ခံရသည့်သူများ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင် တာကတော့ ငြိမ်မနေကျပါနဲ့ ဖြစ်နိုင်ရင် တိုင်းရုံး နေပြည်တော် ဘာညာ ထိတတ်ပီး လုပ်စေချင်ပါတယ်။ဤအမူသည် သာမန်မဟုတ်ပါ လူလည်ကျပီး လုပ်သွားပါသည် ခံရသူများ အနေနဲ့ မကြောက်ပါနဲ့ လိမ်ခံရလို့ ရှက်စရာလဲမဟုတ်ပါ။ဖော်ပြပါပုံများမှာ ၂၂.၅.၂၀၂၀ စတင်ဖြစ်ပွးရာပုံများနှင့် ၂၃.၅.၂၀၂၀ ရုံးတွင် မိမ်လိမ်ခံရကြောင်း လက်မှတ်လာထိုးနေသောမြင်ကွင်းများ ဖြစ်ပါသည် ခံရသူများအနေနှင့် ငြိမ်မနေကျဖို့ ထပ်မံပြောချင်ပါသည်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

20 − two =