ရန်ကုန်မြို့လယ်ခေါင် မင်္ဂလာတောင်ညွှန့် တွင် အမျိုးသမီး တဦး ဓားဒဏ်ရာ များဖြင့် သေဆုံး
|ရန်ကုန်မြို့လယ်ခေါင် မင်္ဂလာတောင်ညွှန့် တွင် အမျိုးသမီး တဦး ဓားဒဏ်ရာ များဖြင့် သေဆုံး
ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ကန်တော်လေး အရှေ့ရပ်ကွက် ၊ ၉၄လမ်းတွင် အမျိုးသမီးတစ်ဦး ဓားဒဏ်ရာ များဖြင့် သေဆုံးနေကြောင်း သိရပါတယ်။ သေဆုံးနေသူ အမျိုးသမီးသည် အသက် ၂၅ နှစ်ခန့်အရွယ် ရှိပြီး အမည်နဲ့ နေရပ်ကို မသိရှိရဘဲ စုံစမ်းနေတုန်းပဲ လို့ သိရပါတယ်။
ကန်တော်လေးအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က”ဖြစ်တာက ဟုတ်ပါတယ်။ ရဲတွေ စစ်ဆေးနေတုန်းပါ။ ဒီမိန်းကလေးက ဒီမှာနေတဲ့သူလည်း မဟုတ်ဘူး။ ဒီရပ်ကွက်ကလည်းမဟုတ်ဘူး။ ဘယ်က ဆိုတာ မသိရသေးဘူး။ ဝတ်ထားတဲ့ အဝတ်အစားကတော့ သပ်သပ် ရပ်ရပ်ပါပဲ။”ဟု ပြောပါတယ်။
အဆိုပါ (၉၄) လမ်းရှိ (၇)လွှာတိုက်ခန်း လှေခါးပေါ် ၌ အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဓားဒဏ်ရာ များဖြင့် သေဆုံးနေကြောင်း သတင်းရသောကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ သွားရောက် စစ်ဆေးနေပြီး အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ တင်ပို့ထားတယ်လို့ သိရပါတယ်။
အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်း မင်္ဂလာတောင်ညွှန့် ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
crd : whitesone