အသက္ရႈႏိုင္ေအာင္ ေအာက္စီဂ်င္ဘူး သယ္ၿပီး Taxi ေမာင္းကာ ဘဝကို ႐ုန္းကန္လႈပ္ရွားေနရတဲ့ အမ်ိဳးသား

မၾကာေသးခင္က ထိုင္းႏိုင္ငံမွာ ရွိတဲ့ Taxi ယာဥ္ေမာင္းအမ်ိဳးသားႀကီးရဲ႕ သနားစရာအျဖစ္အပ်က္ဟာ ေရပန္းစားလို႔ရွိေနပါတယ္ ။ အဆိုပါအမ်ိဳးသားရဲ႕အျဖစ္ကို Nongying Chuaibamrung အမည္ရွိတဲ့ အမ်ိဳးသမီးက August 26 ရက္ေန႔က Taxi ငွါးစီးရင္းနဲ႔ သိရွိခဲ့တာပါ ။ Nongying ဟာ ဖုန္းအသုံးျပဳေနရင္းနဲ႔ Taxi တစ္စီး ငွါးစီးခဲ့တာပါ ။ ကားကအေတာ္ေလးကို ေႏွးေနတဲ့ အတြက္ သူမကစိတ္မရွည္ႏိုင္ေတာ့ပဲ ဖုန္းကိုခ်လိုက္ခ်ိန္မွာမွ ၊ ကားဆရာက သူ႔ရဲ႕ကားခုံအေနာက္က ေအာက္စီဂ်င္ဘူးမွပိုက္ေလးထဲမွာ ပူေဖာင္းေလးေတြပိတ္ေနလားဆိုၿပီး ေမးျမန္းခဲ့ပါတယ္ ။ ထိုအခ်ိန္မွ သူမသတိထားမိလိုက္ၿပီး ေအာက္စီဂ်င္ဘူးကို စစ္ေဆးေပးခဲ့ပါတယ္ ။

ထို႔ေနာက္အဆိုပါဦးေလးႀကီးကို အေၾကာင္းအရင္း ေမးျမန္ခဲ့ခ်ိန္မွာေတာ့ ‘ ငါ့မွာေရာဂါအေတာ္မ်ားတယ္ ၊ မ်က္လုံးေတြလည္း သိပ္မေကာင္းေတာ့ဘူး ၊ ၿပီးေတာ့ ငါ့ရဲ႕ေက်ာက္ကပ္ေတြကလည္း ေကာင္းေကာင္းအလုပ္မလုပ္ေတာ့ဘူး ၊ ငါကားေမာင္းေနတဲ့အခ်ိန္မွာေတာင္ ေက်ာက္ကပ္အတြင္းအညစ္အေၾကးဖယ္ ထုတ္သန႔္စင္ေပးရတဲ့ လုပ္ငန္းစဥ္မ်ိဳး လုပ္ေနရတာ ၊ အဆုတ္ေရဝင္ေနလို႔ အခုလိုေအာက္စီဂ်င္ဘူးႀကီးကို ငါနဲ႔အတူေဆာင္ထားရတာပါ ‘ ဆိုၿပီး ျပန္လည္ေျပာျပခဲ့ပါတယ္ ။

ထို႔အျပင္ အဆိုပါဦးေလးက အခန္းငယ္ေလး တစ္ခန္းငွါးရမ္းၿပီးေနထိုင္ေနေၾကာင္း ၊ အစိုးရက လစဥ္ေထာက္ပံ့ေၾကး 800 ဘတ္ေပးေပမယ့္လည္း ၊ အျခားအိမ္ငွါးခေတြ စားစရိတ္ေတြလိုအပ္လို႔အခုလို taxi ငွါးေမာင္းေနရတာျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။ Nongying ကလည္း အဆိုပါဦးေလးကို သနားသြားခဲ့ၿပီး ေငြအနည္းငယ္ပိုေပးခဲ့တဲ့ အျပင္ ၊ အဆိုပါဦးေလးရဲ႕အျဖစ္ကို social media မွာေဝမွ်ၿပီး အကူအညီရေအာင္ႀကိဳးစားေပးခဲ့ပါတယ္ ။ ဦးေလးက သားတစ္ေယာက္ရွိေပမဲ့ သားျဖစ္သူမွာလည္း လစာေငြအနည္းငယ္သာရရွိသူျဖစ္ေသာေၾကာင့္ ဖခင္ျဖစ္သူကိုေငြအနည္းငယ္သာပို႔ေပးႏိုင္သူပါ ။ သို႔ေပမဲ့ အဆိုပါ အျဖစ္အပ်က္ဟာ social media မွာ အေတာ္ေလးေရပန္းစားခဲ့ၿပီးေနာက္ သနားစာနာၾကတဲ့လူအေတာ္အမ်ားက ေငြေၾကး 1,189,487 ဘတ္ခန႔္လႉတန္းေပးခဲ့ၾကလို႔ ၊ ယခုဆိုရင္ Taxi ေမာင္းတဲ့အလုပ္အစား ၊ က်န္မားေရးကိုမထိခိုက္တဲ့ အျခားအလုပ္မ်ိဳးကိုသာ ျပဳလုပ္ေတာ့မည္ ျဖစ္ေၾကာင္း Taxi ဦးေလးႀကီးက ေျပာဆိုသြားခဲ့ပါတယ္ ။

Credit Mckzone Daily
Source: worldofbuzz

unicode

မကြာသေးခင်က ထိုင်းနိုင်ငံမှာ ရှိတဲ့ Taxi ယာဉ်မောင်းအမျိုးသားကြီးရဲ့ သနားစရာအဖြစ်အပျက်ဟာ ရေပန်းစားလို့ရှိနေပါတယ် ။ အဆိုပါအမျိုးသားရဲ့အဖြစ်ကို Nongying Chuaibamrung အမည်ရှိတဲ့ အမျိုးသမီးက August 26 ရက်နေ့က Taxi ငှါးစီးရင်းနဲ့ သိရှိခဲ့တာပါ ။ Nongying ဟာ ဖုန်းအသုံးပြုနေရင်းနဲ့ Taxi တစ်စီး ငှါးစီးခဲ့တာပါ ။ ကားကအတော်လေးကို နှေးနေတဲ့ အတွက် သူမကစိတ်မရှည်နိုင်တော့ပဲ ဖုန်းကိုချလိုက်ချိန်မှာမှ ၊ ကားဆရာက သူ့ရဲ့ကားခုံအနောက်က အောက်စီဂျင်ဘူးမှပိုက်လေးထဲမှာ ပူဖောင်းလေးတွေပိတ်နေလားဆိုပြီး မေးမြန်းခဲ့ပါတယ် ။ ထိုအချိန်မှ သူမသတိထားမိလိုက်ပြီး အောက်စီဂျင်ဘူးကို စစ်ဆေးပေးခဲ့ပါတယ် ။

ထို့နောက်အဆိုပါဦးလေးကြီးကို အကြောင်းအရင်း မေးမြန်ခဲ့ချိန်မှာတော့ ‘ ငါ့မှာရောဂါအတော်များတယ် ၊ မျက်လုံးတွေလည်း သိပ်မကောင်းတော့ဘူး ၊ ပြီးတော့ ငါ့ရဲ့ကျောက်ကပ်တွေကလည်း ကောင်းကောင်းအလုပ်မလုပ်တော့ဘူး ၊ ငါကားမောင်းနေတဲ့အချိန်မှာတောင် ကျောက်ကပ်အတွင်းအညစ်အကြေးဖယ် ထုတ်သန့်စင်ပေးရတဲ့ လုပ်ငန်းစဉ်မျိုး လုပ်နေရတာ ၊ အဆုတ်ရေဝင်နေလို့ အခုလိုအောက်စီဂျင်ဘူးကြီးကို ငါနဲ့အတူဆောင်ထားရတာပါ ‘ ဆိုပြီး ပြန်လည်ပြောပြခဲ့ပါတယ် ။

ထို့အပြင် အဆိုပါဦးလေးက အခန်းငယ်လေး တစ်ခန်းငှါးရမ်းပြီးနေထိုင်နေကြောင်း ၊ အစိုးရက လစဉ်ထောက်ပံ့ကြေး 800 ဘတ်ပေးပေမယ့်လည်း ၊ အခြားအိမ်ငှါးခတွေ စားစရိတ်တွေလိုအပ်လို့အခုလို taxi ငှါးမောင်းနေရတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။ Nongying ကလည်း အဆိုပါဦးလေးကို သနားသွားခဲ့ပြီး ငွေအနည်းငယ်ပိုပေးခဲ့တဲ့ အပြင် ၊ အဆိုပါဦးလေးရဲ့အဖြစ်ကို social media မှာဝေမျှပြီး အကူအညီရအောင်ကြိုးစားပေးခဲ့ပါတယ် ။ ဦးလေးက သားတစ်ယောက်ရှိပေမဲ့ သားဖြစ်သူမှာလည်း လစာငွေအနည်းငယ်သာရရှိသူဖြစ်သောကြောင့် ဖခင်ဖြစ်သူကိုငွေအနည်းငယ်သာပို့ပေးနိုင်သူပါ ။ သို့ပေမဲ့ အဆိုပါ အဖြစ်အပျက်ဟာ social media မှာ အတော်လေးရေပန်းစားခဲ့ပြီးနောက် သနားစာနာကြတဲ့လူအတော်အများက ငွေကြေး 1,189,487 ဘတ်ခန့်လှူတန်းပေးခဲ့ကြလို့ ၊ ယခုဆိုရင် Taxi မောင်းတဲ့အလုပ်အစား ၊ ကျန်မားရေးကိုမထိခိုက်တဲ့ အခြားအလုပ်မျိုးကိုသာ ပြုလုပ်တော့မည် ဖြစ်ကြောင်း Taxi ဦးလေးကြီးက ပြောဆိုသွားခဲ့ပါတယ် ။

Credit Mckzone Daily
Source: worldofbuzz

Add a Comment

Your email address will not be published. Required fields are marked *

2 × 2 =