ဒန်ပေါက် ချက်ပြီး ရပ်ကွပ်ထဲ လိုက်ဝေပေးဖို့အတွက် တက်ညီ လက်ညီ နဲ့ ချက်ပြုတ်ပြင်ဆင်နေ တဲ့ အောင်လ နဲ့ ဝိုင်းစု
|ဒန်ပေါက် ချက်ပြီး ရပ်ကွပ်ထဲ လိုက်ဝေပေးဖို့အတွက် တက်ညီလက်ညီ နဲ့ ချက်ပြုတ်ပြင်ဆင်နေ တဲ့ အောင်လနဲ့ဝိုင်းစု
ပရိသတ်ကြီးရေ အောင်လနဲ့ ဝိုင်းစုတို့ စုံတွဲလေးကတော့ အနုပညာ လမ်းကြောင်းမှာ အောင်မြင်မှုကိုယ်စီရရှိထားတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦး ကတော့ တစ်ယောက်ကို တစ်ယောက်ကြင်ကြင်နာနာနဲ့ချစ်ကြတဲ့သူတွေဖြစ်တာကြောင့် ပရိသတ်တွေ အားကျနေရတဲ့ စုံတွဲလေးတစ်တွဲ ဆိုလဲ မမှားပါဘူးနော်..။
အောင်လ တို့ ချစ်သူနှစ်ယောက်က အားတဲ့ အချိန်တွေမှာဆိုရင် တေးသီချင်းအသစ်လေးတွေကို နှစ်ယောက်အတူတူ ဖန်တီးကြတာဖြစ်ပါတယ်။ဒါ့အပြင် အလှူအတန်းနဲ့ပတ်သက်ရင်လည်း နှစ်ယောက်အတူတက်ညီလက်ညီနဲ့ လှူဒါန်းမှုတွေပြုလုပ်လေ့ရှိပါတယ်။ အခုဆိုရင်လည်း သူတို့နှစ်ဦးက ဒန်ပေါက်ချက်ပြီး ရပ်ကွပ်ထဲကိုဝေပေးဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။
အောင်လကတော့“ မနက်ဖြန် ဒန်ပေါက်ချက်ပြီး ရပ်ကွက်ထဲ လိုက်ပို့ဖို့ ဒီည ကြက်သား နှပ်။ သူငယ်ချင်းတွေ အတွက် တော့် နောက်တစ်ခေါက်မှ ပို့ပေးပါမယ် ။ အခုက ပူတော့ နည်းနည်း ပဲချက်နိုင်တယ် …🥺Ps:ကိုယ်တိုင်လုပ် မဆလာဖြင့် ချက်သည် ”ဆိုပြီး ချစ်သူဝိုင်းစုနဲ့ အတူ တက်ညီ လက်ညီ နဲ့ ချက်ပြုတ်ပြင်ဆင်နေတဲ့ ပုံရိပ်လေးတွေကို သူ့ရဲ့လူမှုကွန်ရက်မှာ တင်ထားတာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ….။
Source-Reodineius Aung La