မင္းသား Dwayne Johnson တို႔ တမိသားစုလုံး COVID-19 ကူးစက္ ခံခဲ့ရ

နာမည္ေက်ာ္ ေဟာလိဝုဒ္ မင္းသား Dwayne “The Rock” Johnson က သူအပါအဝင္ သူ႔ဇနီးနဲ႔ ကေလးႏွစ္ဦးတို႔ဟာ လြန္ခဲ့တဲ့ သီတင္းပတ္ အနည္းငယ္ေလာက္က COVID-19 ေရာဂါ စစ္ေဆးေတြ႕ရွိခဲ့ေပမယ့္ အခုေတာ့ အားလုံး ေနျပန္ေကာင္းလာၿပီး က်န္းက်န္းမာမာရွိတယ္လို႔ စက္တင္ဘာလ ၂ ရက္ေန႔မွာ တင္ခဲ့တဲ့ ဗီဒီယိုထဲ မွာ ေျပာဆိုထားပါတယ္။

အသက္ ၄၈ ႏွစ္အ႐ြယ္ မင္းသား The Rock က “သူနဲ႔ အသက္ ၃၅ ႏွစ္အ႐ြယ္ ဇနီး Lauren၊ သမီးေလးေတြျဖစ္ၾကတဲ့ အသက္ ၄ ႏွစ္အ႐ြယ္ Jasmine နဲ႔ အသက္ ၂ ႏွစ္အ႐ြယ္ Tiana တို႔ဟာ ဘယ္ကေန ဘယ္လို ကူးစက္လာမွန္း မသိတဲ့ သူတို႔နဲ႔ အရမ္းရင္းႏွီးသူ မိတ္ေဆြေတြထံကေန လြန္ခဲ့တဲ့ သီတင္း ႏွစ္ပတ္ခြဲေလာက္က ကူးစက္ခံ ခဲ့ရတယ္လို႔ Instagram ပို႔စ္မွာ ေျပာဆိုထားပါတယ္။

အဲ့ဒီဗီဒီယိုထဲမွာ မင္းသားက “မိသားစုတခု အေနနဲ႔ ေရာ၊ ကိုယ္ေရးကိုယ္တာ အရေရာ က်ေနာ္တို႔ ႀကဳံေတြ႕ခဲ့ရတဲ့ အထဲ စိန္ေခၚမႈအမ်ားဆုံးနဲ႔ အခက္အခဲဆုံး အရာတခု ျဖစ္ခဲ့တယ္ဆိုတာကို က်ေနာ္ ခင္ဗ်ားတို႔ကို ေျပာႏိုင္ပါတယ္” လို႔ ေျပာဆိုထားပါတယ္။မင္းသားနဲ႔ သူ႔မိသားစုဟာ ဗိုင္းရပ္စ္ပိုး အရင္ဆုံး ကူးစက္ခံခဲ့ရတဲ့ သူတို႔ရဲ႕ မိတ္ေဆြေတြလိုပဲ ဗိုင္းရပ္စ္ ကို ေရွာင္ရွားဖို႔ ေဘးကင္းလုံၿခဳံမႈရွိတဲ့ ေဆာင္႐ြက္ဖြယ္ရာေတြကို စည္းကမ္းတက် လိုက္နာခဲ့တယ္လို႔လည္း ဆိုပါတယ္။

သူ႔ရဲ႕ သမီးႏွစ္ဦးကေတာ့ ပထမဆုံး ႏွစ္ရက္ေလာက္မွာ လည္ပင္းနည္းနည္း နာခဲ့ေပမယ့္ ေနာက္ေတာ့ သက္သာလာခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ မင္းသားနဲ႔ သူ႔ဇနီးကေတာ့ ေတာ္ေတာ္ေလး ေရာဂါေဝဒနာ ခံခဲ့ရတယ္လို႔ ဆိုပါတယ္။မင္းသားက “ဒါေပမဲ့ က်ေနာ္တို႔ဟာ မိသားစုတခုအေနနဲ႔ ေကာင္းမြန္ျပည့္စုံတယ္ ဆိုတာကို ခင္ဗ်ားတို႔ဆီ ေျပာႏိုင္ပါတယ္။ က်ေနာ္တို႔ဟာ အဲ့ဒါကို အဆုံးသတ္ လိုက္ႏိုင္ပါတယ္။ က်ေနာ္တို႔ဟာ ကူးစက္ႏိုင္မႈ လုံးဝ မရွိေတာ့ပါဘူး။ က်ေနာ္တို႔ က်န္းမာ လာတာ ဘုရားသခင္ကို ေက်းဇူးတင္ပါတယ္” လို႔ ဆိုပါတယ္။

ကမာၻ႔နပမ္းအဖြဲ႕ခ်ဳပ္ကေန နာမည္ရ လာခဲ့တဲ့ မင္းသား Johnson ဟာ “The Rock” ဆိုတဲ့ နာမည္ေျပာင္ရတဲ့အထိ ၾကမ္းတမ္း မာေက်ာတဲ့သူတေယာက္ ျဖစ္ခဲ့ၿပီးတဲ့ေနာက္ ၁၉၉၀ ျပည့္လြန္ႏွစ္ ေႏွာင္းပိုင္းေတြမွာေတာ့ ေဖ်ာ္ေျဖေရးေလာကထဲကို ေရာက္လာခဲ့ပါတယ္။ အခုေတာ့ သူဟာ ကမာၻေက်ာ္ မင္းသားတေယာက္အျဖစ္ ရည္တည္ေနၿပီ ျဖစ္ပါတယ္။

မင္းသားဟာ “The Mummy Returns”, “The Scorpion King, Baywatch” နဲ႔ “Jumanji: Welcome to the Jungle” တို႔လိုမ်ိဳး ႐ုပ္ရွင္ေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ရာကေန အခုေတာ့ ကမာၻ႔ဝင္ေငြအေကာင္းဆုံးနဲ႔ ေဟာလိဝုဒ္မွာ စီးပြားေရးအရ အေအာင္ျမင္ဆုံး မင္းသားတေယာက္ ျဖစ္လာခဲ့ပါတယ္။သူဟာ မီယာမီၿမိဳ႕မွာေနထိုင္ၾကတဲ့ NFL ကစားသမားေတြ အေၾကာင္း ႐ိုက္ကူးထားတဲ့ “Ballers” စီးရီးမွာ ထုတ္လုပ္သူ အျဖစ္ ေဆာင္႐ြက္ထားၿပီး ကိုယ္တိုင္လည္း ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

Ref: CNA

unicode

နာမည်ကျော် ဟောလိဝုဒ် မင်းသား Dwayne “The Rock” Johnson က သူအပါအဝင် သူ့ဇနီးနဲ့ ကလေးနှစ်ဦးတို့ဟာ လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်လောက်က COVID-19 ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပေမယ့် အခုတော့ အားလုံး နေပြန်ကောင်းလာပြီး ကျန်းကျန်းမာမာရှိတယ်လို့ စက်တင်ဘာလ ၂ ရက်နေ့မှာ တင်ခဲ့တဲ့ ဗီဒီယိုထဲ မှာ ပြောဆိုထားပါတယ်။

အသက် ၄၈ နှစ်အရွယ် မင်းသား The Rock က “သူနဲ့ အသက် ၃၅ နှစ်အရွယ် ဇနီး Lauren၊ သမီးလေးတွေဖြစ်ကြတဲ့ အသက် ၄ နှစ်အရွယ် Jasmine နဲ့ အသက် ၂ နှစ်အရွယ် Tiana တို့ဟာ ဘယ်ကနေ ဘယ်လို ကူးစက်လာမှန်း မသိတဲ့ သူတို့နဲ့ အရမ်းရင်းနှီးသူ မိတ်ဆွေတွေထံကနေ လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်ခွဲလောက်က ကူးစက်ခံ ခဲ့ရတယ်လို့ Instagram ပို့စ်မှာ ပြောဆိုထားပါတယ်။

အဲ့ဒီဗီဒီယိုထဲမှာ မင်းသားက “မိသားစုတခု အနေနဲ့ ရော၊ ကိုယ်ရေးကိုယ်တာ အရရော ကျနော်တို့ ကြုံတွေ့ခဲ့ရတဲ့ အထဲ စိန်ခေါ်မှုအများဆုံးနဲ့ အခက်အခဲဆုံး အရာတခု ဖြစ်ခဲ့တယ်ဆိုတာကို ကျနော် ခင်ဗျားတို့ကို ပြောနိုင်ပါတယ်” လို့ ပြောဆိုထားပါတယ်။မင်းသားနဲ့ သူ့မိသားစုဟာ ဗိုင်းရပ်စ်ပိုး အရင်ဆုံး ကူးစက်ခံခဲ့ရတဲ့ သူတို့ရဲ့ မိတ်ဆွေတွေလိုပဲ ဗိုင်းရပ်စ် ကို ရှောင်ရှားဖို့ ဘေးကင်းလုံခြုံမှုရှိတဲ့ ဆောင်ရွက်ဖွယ်ရာတွေကို စည်းကမ်းတကျ လိုက်နာခဲ့တယ်လို့လည်း ဆိုပါတယ်။

သူ့ရဲ့ သမီးနှစ်ဦးကတော့ ပထမဆုံး နှစ်ရက်လောက်မှာ လည်ပင်းနည်းနည်း နာခဲ့ပေမယ့် နောက်တော့ သက်သာလာခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မင်းသားနဲ့ သူ့ဇနီးကတော့ တော်တော်လေး ရောဂါဝေဒနာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။မင်းသားက “ဒါပေမဲ့ ကျနော်တို့ဟာ မိသားစုတခုအနေနဲ့ ကောင်းမွန်ပြည့်စုံတယ် ဆိုတာကို ခင်ဗျားတို့ဆီ ပြောနိုင်ပါတယ်။ ကျနော်တို့ဟာ အဲ့ဒါကို အဆုံးသတ် လိုက်နိုင်ပါတယ်။ ကျနော်တို့ဟာ ကူးစက်နိုင်မှု လုံးဝ မရှိတော့ပါဘူး။ ကျနော်တို့ ကျန်းမာ လာတာ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။

ကမ္ဘာ့နပမ်းအဖွဲ့ချုပ်ကနေ နာမည်ရ လာခဲ့တဲ့ မင်းသား Johnson ဟာ “The Rock” ဆိုတဲ့ နာမည်ပြောင်ရတဲ့အထိ ကြမ်းတမ်း မာကျောတဲ့သူတယောက် ဖြစ်ခဲ့ပြီးတဲ့နောက် ၁၉၉၀ ပြည့်လွန်နှစ် နှောင်းပိုင်းတွေမှာတော့ ဖျော်ဖြေရေးလောကထဲကို ရောက်လာခဲ့ပါတယ်။ အခုတော့ သူဟာ ကမ္ဘာကျော် မင်းသားတယောက်အဖြစ် ရည်တည်နေပြီ ဖြစ်ပါတယ်။

မင်းသားဟာ “The Mummy Returns”, “The Scorpion King, Baywatch” နဲ့ “Jumanji: Welcome to the Jungle” တို့လိုမျိုး ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ အခုတော့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးနဲ့ ဟောလိဝုဒ်မှာ စီးပွားရေးအရ အအောင်မြင်ဆုံး မင်းသားတယောက် ဖြစ်လာခဲ့ပါတယ်။သူဟာ မီယာမီမြို့မှာနေထိုင်ကြတဲ့ NFL ကစားသမားတွေ အကြောင်း ရိုက်ကူးထားတဲ့ “Ballers” စီးရီးမှာ ထုတ်လုပ်သူ အဖြစ် ဆောင်ရွက်ထားပြီး ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Ref: CNA

Add a Comment

Your email address will not be published. Required fields are marked *

16 − 7 =