








unicode

ရယ်စရာကောင်းလောက် တဲ့ မျက်နှာ ထားလေးတွေ နဲ့ အပီ အပြင် ကို ဆော့ကစား ထား တဲ့ မနောရဲ့ အခွီး tiktok ဗီဒီယို

ပရိသတ်ကြီးရေ ဂီတလောကမှာ နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားပြီး အောင်မြင်မှုတွေနဲ့ အကောင်းဆုံးလျှောက်လှမ်းနေတဲ့ သူကတော့ တေးသံရှင် မနောပဲဖြစ်ပါတယ်။

မနောဟာ မြန်မာသံစဉ်တေးသီချင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေတာတွေ့ရပါတယ်။

ဒါ့အပြင် သာယာပျော်ရွှင်စရာကောင်းလောက်တဲ့ မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားပြီး ဘဝကိုအေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာလည်း မနောက ပရိသတ်တွေ ရယ်မောပျော်ရွှင်စရာကောင်းတဲ့ ဟာသ tiktok ဗီဒီယိုလေးတွေကိုလည်း ဖော်ပြပေးတာတွေ့ရပါတယ်။

ယခုမှာဆိုရင်လည်း မနော က ကြည့်မိသူတိုင်းပြုံးပျော်ရွှင်စေမယ့် ဟာသ tiktok ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

ဒီဗီဒီယိုလေးထဲမှာတော့ မနောက သူငယ်ချင်းတွေနဲ့ အတူ ခေတ်စားနေတဲ့ သီချင်းလေးကိုနောက်ခံထားပြီး ရယ်စရာမျက်နှာထားလေးတွေနဲ့ ဆော့ကစားထားတဲ့ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း မနော က ” ဘေးကလူကြီးတွေကြည့်ကိုမကြည့်ရဲ့ဘူး အနည်းဆုံးတော့ ၃ ခေါက်ကြည့်ဗျို့တစ်ယောက်တစ်ခေါက်ပေါ့

တစ်နေကုန် ပင်ပန်းသမျှတွေပြေပါစေ” ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ ရယ်မောပျော်ရွှင်စေဖို့အတွက် မနော ရဲ့ အခွီး ဗီဒီယိုလေးကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit -မေနာ Manaaw fb account

Source – မေနာ Manaaw fb account

Add a Comment

Your email address will not be published. Required fields are marked *

1 × two =