သဃၤန္းကြၽန္း မွ ပိုးေတြ႕လူနာ (၃) ဦး မွာ (၂) ဦးက Music Zone KTV ကဝန္ထမ္းေတြျဖစ္

မိန္းကေလးဝန္ထမ္း (၂)ဦး လို႔ သိရပါတယ္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ရဲ႕ ဒီကေန႔ည(၈)နာရီ ထုတ္ျပန္ခ်က္မွာ ပါဝင္ခဲ့တဲ့ ထပ္တိုးလူနာ (၅၃)ဦးထဲ မွာ ရန္ကုန္တိုင္းေဒသႀကီး သဃၤန္းကြၽန္းၿမိဳ႕နယ္က (၃)ဦးပါဝင္ခဲ့ပါတယ္။

သဃၤန္းကြၽန္းက ပိုးေတြ႕လူနာ (၃)ဦးမွာ (၂)ဦးက သဃၤန္းကြၽန္းၿမိဳ႕နယ္ အတြင္း ဖြင့္လွစ္ထားတဲ့ Music Zone Restaurant & KTV မွ ဝန္ထမ္းေတြျဖစ္တယ္လို႔ သိရပါတယ္။

“ ဒီည ပိုးေတြ႕(၃) ဦးထဲမွာ (၂) ဦးကေတာ့ Music Zone Restaurant & KTV က ဝန္ထမ္းမိန္းကေလးေတြပါ။ စာေရးမေတြ လို႔ သိရတယ္။ ႏွစ္ေယာက္လုံးက လူနာအမွတ္ (၇၄၁) နဲ႔ ထိေတြ႕ထားလို႔ ကြာရန္တင္းထားရာကေန အခု ပိုးေတြ႕ခဲ့တာပါ။ အခု ညတြင္းခ်င္းပဲ Music Zone ကို lockdown လုပ္ပါမယ္။ ဆိုင္ဝန္ထမ္းအားလုံးကို ဘယ္လိုလုပ္မလဲဆိုတာေတာ့ ဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္ အတိုင္း ဆက္လုပ္မယ္” လို႔ သကၤန္းကြၽန္းၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနဘုန္းလတ္က Duwun ကို ေျပာပါတယ္။

Music Zone Restaurant & KTV ကို သကၤန္းကြၽန္းၿမိဳ႕နယ္ သုမဂၤလာလမ္း ဇဝနရပ္ကြက္မွာ ဖြင့္လွစ္ ထားတာ ျဖစ္ပါတယ္။ ပိုးေတြ႕လူနာ ဝန္ထမ္းမိန္းကေလးႏွစ္ဦးက ကြာရန္တင္း ထားရွိထားသူေတြျဖစ္လို႔ ကြာရန္တင္းစင္တာကေနပဲ ေဆးကုသမႈခံယူမယ့္ ေဆး႐ုံကို ပို႔ေဆာင္မွာျဖစ္ပါတယ္။ ဒီေန႔ည သကၤန္းကြၽန္းက ပိုးေတြ႕ လူနာ (၃) ဦးထဲက က်န္တစ္ဦးရဲ႕ အေၾကာင္း ကိုေတာ့ စုံစမ္းေနဆဲျဖစ္တယ္လို႔ သိရပါတယ္။ ဒီကေန႔ည ထပ္တိုး လူနာ (၅၃) ဦးမွာ ရခိုင္က (၃၀) ဦး ၊ရန္ကုန္က (၂၁) ဦး၊ မႏၲေလးက (၁) ဦးနဲ႔ မြန္ျပည္နယ္က (၂) ဦး ပါဝင္ခဲ့ပါတယ္။

duwun

unicode

သင်္ဃန်းကျွန်း မှ ပိုးတွေ့လူနာ (၃) ဦး မှာ (၂) ဦးက Music Zone KTV ကဝန်ထမ်းတွေဖြစ်

မိန်းကလေးဝန်ထမ်း (၂)ဦး လို့ သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရဲ့ ဒီကနေ့ည(၈)နာရီ ထုတ်ပြန်ချက်မှာ ပါဝင်ခဲ့တဲ့ ထပ်တိုးလူနာ (၅၃)ဦးထဲ မှာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်က (၃)ဦးပါဝင်ခဲ့ပါတယ်။

သင်္ဃန်းကျွန်းက ပိုးတွေ့လူနာ (၃)ဦးမှာ (၂)ဦးက သင်္ဃန်းကျွန်းမြို့နယ် အတွင်း ဖွင့်လှစ်ထားတဲ့ Music Zone Restaurant & KTV မှ ဝန်ထမ်းတွေဖြစ်တယ်လို့ သိရပါတယ်။

“ ဒီည ပိုးတွေ့(၃) ဦးထဲမှာ (၂) ဦးကတော့ Music Zone Restaurant & KTV က ဝန်ထမ်းမိန်းကလေးတွေပါ။ စာရေးမတွေ လို့ သိရတယ်။ နှစ်ယောက်လုံးက လူနာအမှတ် (၇၄၁) နဲ့ ထိတွေ့ထားလို့ ကွာရန်တင်းထားရာကနေ အခု ပိုးတွေ့ခဲ့တာပါ။ အခု ညတွင်းချင်းပဲ Music Zone ကို lockdown လုပ်ပါမယ်။ ဆိုင်ဝန်ထမ်းအားလုံးကို ဘယ်လိုလုပ်မလဲဆိုတာတော့ ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် အတိုင်း ဆက်လုပ်မယ်” လို့ သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က Duwun ကို ပြောပါတယ်။

Music Zone Restaurant & KTV ကို သင်္ကန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်း ဇဝနရပ်ကွက်မှာ ဖွင့်လှစ် ထားတာ ဖြစ်ပါတယ်။ ပိုးတွေ့လူနာ ဝန်ထမ်းမိန်းကလေးနှစ်ဦးက ကွာရန်တင်း ထားရှိထားသူတွေဖြစ်လို့ ကွာရန်တင်းစင်တာကနေပဲ ဆေးကုသမှုခံယူမယ့် ဆေးရုံကို ပို့ဆောင်မှာဖြစ်ပါတယ်။ ဒီနေ့ည သင်္ကန်းကျွန်းက ပိုးတွေ့ လူနာ (၃) ဦးထဲက ကျန်တစ်ဦးရဲ့ အကြောင်း ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒီကနေ့ည ထပ်တိုး လူနာ (၅၃) ဦးမှာ ရခိုင်က (၃၀) ဦး ၊ရန်ကုန်က (၂၁) ဦး၊ မန္တလေးက (၁) ဦးနဲ့ မွန်ပြည်နယ်က (၂) ဦး ပါဝင်ခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

two × three =