ယောကျာ်းလေး ပရိသတ်တွေ အသည်းယားလောက်မယ့် အမူအရာလေးတွေ နဲ့ ဈေးပန်းခင်း ထားတဲ့ ဆောင်းယွန်းစံ ရဲ့ ဗီဒီယို






unicode

ယောကျာ်းလေး ပရိသတ်တွေ အသည်းယားလောက်မယ့် အမူအရာလေးတွေ နဲ့ စျေးပန်းခင်း ထားတဲ့ ဆောင်းယွန်းစံ ရဲ့ ဗီဒီယို

ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆောင်းယွန်းစံ ကတော့ အနုပညာလောက ကို အောင်မြင်မှုတွေနဲ့ အကောင်းဆုံး လျှောက်လှမ်းနိုင်အောင် ကြိုးစားနေတဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ အနုပညာလှုပ်ရှားမှုအနေ နဲ့ ဗီဒီယိုဇာတ်ကားတွေအပြင် ကြော်ငြာတွေကိုလည်း ရိုက်ကူးနေတာဖြစ်ပါတယ်။ ဆောင်းယွန်းစံ က ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေအပြင် ရင်ခုန်စရာ ကောင်းလောက်တဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။

လတ်တလောမှာလည်း ဆောင်းယွန်းစံက လိုအပ်တဲ့ သူတွေအတွက် ကိုယ်တိုင် သွားရောက်ပြီး တတ်နိုင်သလောက် လှူဒါန်းနေတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် မကြာခဏဆိုရင် သူမက အိမ်မှာနေရင်း အပျင်းပြေဆော့ကစားထားတဲ့ tiktok ဗီဒီယိုလေးတွေကို ဖော်ပြပေးပါတယ်။ ယခုမှာတော့ ဆောင်းယွန်းစံ က ယောကျာ်းလေး ပရိသတ်တွေ အသည်းယား လောက်မယ့် tiktok ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

ဒီဗီဒီယိုလေးတွေ ထဲမှာတော့ ဆောင်းယွန်းစံ က အသည်းယားစရာ ကောင်းလောက်တဲ့ မျက်နှာထားလေးတွေနဲ့ ပီပီပြင်ပြင် ဆော့ကစားထားတာဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဆောင်းယွန်းစံလေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို သဘောကျကြိုက်နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ ယခု မှာတော့ ရင်ခုန်စရာကောင်းလောက်တဲ့ အမူအရာလေးတွေ နဲ့ ဆော့ကစား ထားတဲ့ ဆောင်းယွန်းစံ ရဲ့ tiktokဗီဒီယိုလေးကို ကူးယူပြီး ဖော်ပြပေးလိုက်ပါတယ်။

Video Credit -Saung Yoon San fb account

Source -Saung Yoon San fb account

Add a Comment

Your email address will not be published. Required fields are marked *

nineteen − six =