“မဆယ်လီ သားတစ်လီ” သီချင်း နဲ့ နှစ်ယောက်သားပျော်ပျော် ရွှင်ရွှင် ကခုန်နေကြ တဲ့ ” ရွှေထူး နဲ့ ရွှေမှုန်ရတီ” (ရုပ်သံ)

“မဆယ်လီ သားတစ်လီ” သီချင်း နဲ့ နှစ်ယောက်သားပျော်ပျော် ရွှင်ရွှင် ကခုန်နေကြ တဲ့ ” ရွှေထူး နဲ့ ရွှေမှုန်ရတီ”

အိမ်ထောင်သက် ပူပူနွေးနွေးလေးမှာ တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်မခွာရက် သိပ်ချစ် ကြတဲ့ ရွှေထူးနဲ့ရွှေမှုန်တို့နှစ်ယောက်သား ရွှေမှုန်ရဲ့ အသက် (၂၂) နှစ်ပြည့်မွေးနေ့မှာ ရွှေ ထူး ရဲ့ သီချင်းအသစ်ဖြစ်တဲ့ ” မဆယ်လီ သားတစ်လီ ” သီချင်းနဲ့ ပါတီလုပ်ပြီး ပျော်ပျော်ရွှင် ရွှင် က နေတဲ့ ဗီဒီယိုလေးက သဲက လူမှုကွန်ရက်ပေါ် မှာဝေမျှခဲ့ပါတယ်။

ကပ်ဆိုးကြီးကြောင့် ချစ်ခင်ရသူ အားလုံးကို မဖိတ်ကြားနိုင်ခဲ့ပေမယ့် သူမအတွက် မွေးနေ့ လက် ဆောင်လေးတွေပို့ပေးကြတဲ့သူတွေနဲ့ မွေးနေ့ဆုတောင်းပေးကြသူတွေကို သဲက ကျေးဇူး တင်စကားပြောခဲ့ပါသေးတယ်။ ချစ်ဇနီးလေးကို အလိုလိုက်ပြီးသိပ်ချစ်တဲ့ ရွှေထူး ကတော့ သဲဘာလုပ်လုပ်ကျေနပ်နေတဲ့သူမို့ သဲရဲ့အိမ်ထောင်ရှင် မဘဝလေးက သိပ်ကိုပျော်စရာ ကော င်းနေပါတယ်။

ဒီဗီဒီယိုလေးဟာ တင်ပြီးနာရီဝက်မပြည့်ခင်မှာ လူပေါင်းခြောက်သောင်းကျော် ဝင်ကြည့်သွား ခဲ့ ပြီး သူမတို့နှစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေ ကလည်း ကြည့်ရှုသူတိုင်းကို ကူးစက်သွားစေ ခဲ့ပါတယ်။ သိပ်ကိုပျော်နေခဲ့တဲ့ သဲနဲ့ သူမရဲ့ပျော်ရွှင်ချိန်တိုင်း အနားမှာအတူရှိတဲ့ ခင်ပွန်း တို့ နှစ်ယောက်သားရဲ့ ကြည်နူးစရာအခိုက်အတန့်လေး ကို တင်ဆက်ပေး လိုက်ပါတယ်။

Happy – Cele Zone
Photo – Shwe Mhone Yati

Add a Comment

Your email address will not be published. Required fields are marked *

eighteen + 4 =