



unicode

သူ့ရဲ့ ချစ်သူ မိန်းကလေးကို ထုတ်ဖော် ပြသလိုက်ပြီ ဖြစ်တဲ့ ပိုင်တံခွန်

မင်းသားချော ပိုင်တံခွန်ကတော့ ဆယ်ကျော်သက် အရွယ် ပျိုပျိုမေလေးတွေကြားမှာ သည်းသည်းလှုပ် ရေပန်းစားအောင်မြင်နေတဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။ခဏလေးအတွင်းမှာ လူသိများအောင်မြင်လာတဲ့ ပိုင်တံခွန်က အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ သီချင်းဗီဒီယိုတွေ ဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ တစ်ချက်ပြုံးလိုက်တိုင်း ပျိုပျိုမေလေးတွေရဲ့ ရင်ခုန်သံတွေကို မြန်ဆန်စေနိုင်ခဲ့သူလေးလည်းဖြစ်ပါတယ်။

မိန်းကလေးပရိသတ်တွေစိတ်အဝင်စားဆုံးအရာကတော့ပိုင်တံခွန်ရဲ့အချစ်ရေးပါ။ ပိုင်တံခွန် ကတော့အချစ်ရေးနဲ့ပတ်သက်ပြီး ထုတ်ပြောထားခြင်းမရှိပေမယ့် ဒီနေ့မှာတော့ သူကိုယ်တိုင် တည်းဖြတ်ထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ My dayမှာ အတိအလင်းတင်လာခဲ့တာပါ။ တစ်ခါမှ မိန်းကလေး​နဲ့ပတ်သက်ပြီးပရိသတ်တွေကိုချမပြခဲ့ပေမယ့် အခုကတော့ တရားဝင်ပြောပြလိုက်တယ်လို့တောင်ဆိုရမှာပါ။

ချစ်စရာကောင်းပြီးအပြစ်ပြောရက်စရာမရှိတဲ့ မိန်မလှလေးကတော့ ပိုင်တံခွန်ရဲ့ ချစ်တာကိုခံရတဲ့အတွက်မိန်းက​လေးပရိသတ်တွေကတော့အားကျနေတာ အမှန်ပါပဲနော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *

seventeen − one =