ကိုဗစ္ေၾကာင့္ ဥေရာပမွာ အႀကီးဆုံး ျပည့္တန္ဆာ လုပ္ငန္း ေဒဝါလီခံရ

Pascha သည္ ဥေရာပတြင္ အႀကီးဆုံး တရားဝင္ျပည့္တန္ဆာ လုပ္ငန္းမ်ားထဲ၌ ပါဝင္ၿပီးဂ်ာမနီႏိုင္ငံ ကိုလုံၿမိဳ႕တြင္ တည္ရွိသည္။ Pascha ျပည့္တန္ဆာလုပ္ငန္းကို အထပ္ ၁၀ ထပ္ရွိသည့္ အေဆာက္အဦးတြင္ ဖြင့္လွစ္ထားၿပီးကိုလုံၿမိဳ႕တြင္ အထင္ကရေနရာမ်ားထဲ၌ ပါဝင္သည္။

ကို႐ိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားခ်ိန္ ကတည္းက လုပ္ငန္းမ်ား ပိတ္ထားရသျဖင့္ ဆက္လက္ရပ္တည္ ရန္မျဖစ္ႏိုင္ေတာ့ေသာေၾကာင့္ ေဒဝါလီခံျခင္းျဖစ္ေၾကာင္း Pascha အုပ္ခ်ဳပ္ေရးဒါ႐ိုက္တာ အာမင္က ေျပာသည္။ Pascha တြင္ ျပည့္တန္ဆာ ၁၂၀ ဝန္းက်င္ အလုပ္လုပ္ကိုင္ေနၿပီး၊ စားဖိုမႉး၊ ဆံပင္ ညႇပ္ဆရာ စသျဖင့္အျခားေသာ ဝန္ထမ္း ၆၀ ခန႔္လည္း ရွိသည္။

ျပန္လည္ ဖြင့္လွစ္ႏိုင္မည့္ ကာလ တစ္ခုခုကို အာဏာပိုင္မ်ားဘက္က အာမခံေပးႏိုင္ပါက ဘဏ္မွ ေခ်းေငြရယူႏိုင္မည္ ျဖစ္ၿပီး ေဒဝါလီခံရျခင္းမွ ေရွာင္ရွားႏိုင္မည္ ျဖစ္ေသာ္လည္း အာမခံခ်က္ မရသျဖင့္ေဒဝါလီ ခံခဲ့ရေၾကာင္း အာမင္က ေျပာသည္။ကိုဗစ္ေၾကာင့္ တရားဝင္ ျပည့္တန္ဆာ လုပ္ငန္းမ်ား ပိတ္လိုက္ ရသျဖင့္ ျပည့္တန္ဆာမ်ားသည္အသက္ေမြးရန္အတြက္ တရားမဝင္ လမ္းေၾကာင္းမ်ားျဖင့္ လုပ္ကိုင္လာပါက ပို၍ အႏၲရာယ္ မ်ားႏိုင္ေၾကာင္း သုံးသပ္မႈ မ်ားလည္း ရွိေနသည္။

သတင္း – ဘီဘီစီ

unicode

ကိုဗစ်ကြောင့် ဥရောပမှာ အကြီးဆုံး ပြည့်တန်ဆာ လုပ်ငန်း ဒေဝါလီခံရ

Pascha သည် ဥရောပတွင် အကြီးဆုံး တရားဝင်ပြည့်တန်ဆာ လုပ်ငန်းများထဲ၌ ပါဝင်ပြီးဂျာမနီနိုင်ငံ ကိုလုံမြို့တွင် တည်ရှိသည်။ Pascha ပြည့်တန်ဆာလုပ်ငန်းကို အထပ် ၁၀ ထပ်ရှိသည့် အဆောက်အဦးတွင် ဖွင့်လှစ်ထားပြီးကိုလုံမြို့တွင် အထင်ကရနေရာများထဲ၌ ပါဝင်သည်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန် ကတည်းက လုပ်ငန်းများ ပိတ်ထားရသဖြင့် ဆက်လက်ရပ်တည် ရန်မဖြစ်နိုင်တော့သောကြောင့် ဒေဝါလီခံခြင်းဖြစ်ကြောင်း Pascha အုပ်ချုပ်ရေးဒါရိုက်တာ အာမင်က ပြောသည်။ Pascha တွင် ပြည့်တန်ဆာ ၁၂၀ ဝန်းကျင် အလုပ်လုပ်ကိုင်နေပြီး၊ စားဖိုမှူး၊ ဆံပင် ညှပ်ဆရာ စသဖြင့်အခြားသော ဝန်ထမ်း ၆၀ ခန့်လည်း ရှိသည်။

ပြန်လည် ဖွင့်လှစ်နိုင်မည့် ကာလ တစ်ခုခုကို အာဏာပိုင်များဘက်က အာမခံပေးနိုင်ပါက ဘဏ်မှ ချေးငွေရယူနိုင်မည် ဖြစ်ပြီး ဒေဝါလီခံရခြင်းမှ ရှောင်ရှားနိုင်မည် ဖြစ်သော်လည်း အာမခံချက် မရသဖြင့်ဒေဝါလီ ခံခဲ့ရကြောင်း အာမင်က ပြောသည်။ကိုဗစ်ကြောင့် တရားဝင် ပြည့်တန်ဆာ လုပ်ငန်းများ ပိတ်လိုက် ရသဖြင့် ပြည့်တန်ဆာများသည်အသက်မွေးရန်အတွက် တရားမဝင် လမ်းကြောင်းများဖြင့် လုပ်ကိုင်လာပါက ပို၍ အန္တရာယ် များနိုင်ကြောင်း သုံးသပ်မှု များလည်း ရှိနေသည်။

သတင်း – ဘီဘီစီ

Add a Comment

Your email address will not be published. Required fields are marked *

three × two =