စင္ကာပူႏိုင္ငံတြင္ ေရာက္ရွိေနၿပီး ျမန္မာႏိုင္ငံ သို႔ ျပန္လည္ ထြက္ခြာလိုသည့္ ျမန္မာႏိုင္ငံသား မ်ားကို (၁၆)ႀကိမ္ေျမာက္ ကယ္ဆယ္ေရးေလယာဥ္ (Relief Flight) ျဖင့္ ျပန္လည္ပို႔ေဆာင္ေပး

COVID-19 တားဆီးကာကြယ္ေရးအစီအမံမ်ားေၾကာင့္ စင္ကာပူႏိုင္ငံတြင္ ေရာက္ရွိေနၿပီး ျမန္မာႏိုင္ငံ သို႔ ျပန္လည္ ထြက္ခြာလိုသည့္ ျမန္မာႏိုင္ငံသားမ်ားကို (၁၆)ႀကိမ္ေျမာက္ Relief Flight အျဖစ္ စက္တင္ဘာ ၄ ရက္ ေဒသစံေတာ္ခ်ိန္ မြန္းလြဲ ၃ နာရီ ၃၁ မိနစ္တြင္ ျမန္မာအမ်ိဳးသား ေလေၾကာင္းလိုင္း (Myanmar National Airlines-MNA) ပ်ံသန္းအမွတ္ UB 1002 ျဖင့္ စင္ကာပူႏိုင္ငံ မွ ရန္ကုန္ၿမိဳ႕သို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့သည္။

အဆိုပါ ကယ္ဆယ္ေရးေလယာဥ္ တြင္ စင္ကာပူႏိုင္ငံသို႔ ကာလတိုလာေရာက္စဥ္ ပိတ္မိေနသူမ်ား၊ စင္ကာပူႏိုင္ငံတြင္ ပညာသင္ၾကား ေနသည့္ ေက်ာင္းသား ေက်ာင္းသူမ်ား၊ ကိုယ္ဝန္ေဆာင္မိခင္မ်ား၊ အလုပ္လုပ္ခြင့္ပါမစ္ ဖ်က္သိမ္း/ ရပ္နားခံထားရသူမ်ား၊ ျပစ္ဒဏ္က်ခံၿပီး လြတ္ေျမာက္ လာသူမ်ား၊ ျမန္မာႏိုင္ငံ၌ ေဆးကုသမႈျပန္လည္ခံယူရန္ လိုအပ္ေနသူမ်ား အပါအဝင္ စုစုေပါင္း (၁၅၁) ဦး လိုက္ပါသြားၾကသည္။

ကယ္ဆယ္ေရး ေလယာဥ္ျဖင့္ လိုက္ပါမည့္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ေလဆိပ္၌ လူဝင္မႈ ႀကီးၾကပ္ေရးဆိုင္ရာ ကိစၥရပ္မ်ား ေဆာင္႐ြက္ရာတြင္ အခက္အခဲ မရွိေစေရးႏွင့္ စင္ကာပူႏိုင္ငံမွ အဆင္ေျပေခ်ာေမြ႕စြာ ထြက္ခြာႏိုင္ေရး အတြက္ ျမန္မာသံအမတ္ႀကီး ဦးေဆာင္ေသာ သံ႐ုံး ကိုယ္စားလွယ္အဖြဲ႕သည္ ခ်န္ဂီအျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ သြားေရာက္၍ လိုအပ္သည္မ်ားအား ကူညီေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။

source : Ministry of Foreign Affairs Myanmar

unicode

စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံ သို့ ပြန်လည် ထွက်ခွာလိုသည့် မြန်မာနိုင်ငံသား များကို (၁၆)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြင့် ပြန်လည်ပို့ဆောင်ပေ

COVID-19 တားဆီးကာကွယ်ရေးအစီအမံများကြောင့် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံ သို့ ပြန်လည် ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများကို (၁၆)ကြိမ်မြောက် Relief Flight အဖြစ် စက်တင်ဘာ ၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၃၁ မိနစ်တွင် မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airlines-MNA) ပျံသန်းအမှတ် UB 1002 ဖြင့် စင်ကာပူနိုင်ငံ မှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ် တွင် စင်ကာပူနိုင်ငံသို့ ကာလတိုလာရောက်စဉ် ပိတ်မိနေသူများ၊ စင်ကာပူနိုင်ငံတွင် ပညာသင်ကြား နေသည့် ကျောင်းသား ကျောင်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်း/ ရပ်နားခံထားရသူများ၊ ပြစ်ဒဏ်ကျခံပြီး လွတ်မြောက် လာသူများ၊ မြန်မာနိုင်ငံ၌ ဆေးကုသမှုပြန်လည်ခံယူရန် လိုအပ်နေသူများ အပါအဝင် စုစုပေါင်း (၁၅၁) ဦး လိုက်ပါသွားကြသည်။

ကယ်ဆယ်ရေး လေယာဉ်ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားများအနေဖြင့် လေဆိပ်၌ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲ မရှိစေရေးနှင့် စင်ကာပူနိုင်ငံမှ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေး အတွက် မြန်မာသံအမတ်ကြီး ဦးဆောင်သော သံရုံး ကိုယ်စားလှယ်အဖွဲ့သည် ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

source : Ministry of Foreign Affairs Myanmar

Add a Comment

Your email address will not be published. Required fields are marked *

four × 1 =