ကမာၻ႔အႀကီး ဆုံးႏႈတ္ခမ္း ကို ပိုင္ဆိုင္ရဖို႔ ႏႈတ္ခမ္းေဆးထိုးျခင္း အတြက္ ေဒၚလာေထာင္ နဲ႔ခ်ီၿပီးသုံးစြဲ ခဲ့တဲ့ အသက္၂၂ႏွစ္ အ႐ြယ္အမ်ိဳးသမီး

တကယ့္လက္ေတြ႕ဘဝမွာ အမ်ိဳးသမီးတစ္ေယာက္ဟာ အလွကုန္ ဆိုင္ရာ လုပ္ထုံးလုပ္နည္းေတြအတြက္ ေဒၚလာေထာင္နဲ႔ခ်ီၿပီး ေငြေၾကး အ ရ အသုံးဝင္ေသာအ႐ုပ္ေလးတစ္႐ုပ္အျဖစ္ ေျပာင္းလဲခဲ့ပါတယ္။Bulgaria ႏိုင္ငံ၊ Sofia ၿမိဳ႕မွ Andrea E m i l o v a I v a n o v a ဆိုသူက သူမရဲ႕ႏႈတ္ခမ္း အ႐ြယ္အစားကို ေလးဆ တိုးၿပီးေတာ့ ကမာၻ႔အႀကီးဆုံးႏႈတ္ခမ္းပိုင္ရွင္မိန္းကေလးျဖစ္လာဖို႔ ရည္မွန္းခ်က္ရွိခဲ့တယ္လို႔ အခိုင္အမာေျပာဆိုခဲ့ပါတယ္။

၂၂ ႏွစ္အ႐ြယ္ ဒႆနိကေဗဒေက်ာင္းသူ တစ္ဦးျဖစ္တဲ့ Andrea ဟာ လြန္ခဲ့တဲ့အပတ္က သူမရဲ႕ ႏႈတ္ခမ္းကို ေနာက္ဆုံးအႀကိမ္ေဆးထိုးခဲ့ပါတယ္။ Andrea က သူမရဲ႕ IG အေကာင့္မွာ တုန္လႈပ္ဖြယ္ဓာတ္ပုံေတြကို ေဝမွ်ၿပီးေတာ့ သူမရဲ႕ အလြန႔္အလြန္ႀကီးထြားစူေထာ္ေနတဲ့ ႏႈတ္ခမ္း စူစူေလး ကို ျပသ ခဲ့ပါတယ္။သူမရဲ႕ ကုသမႈတိုင္းအတြက္ ဘူေဂးရီးယား Barbie ေလးဟာ ေဒၚလာ ၁၇၀ ခန႔္သုံးစြဲခဲ့ပါတယ္။ သူမဟာ လြန္ခဲ့တဲ့ (၂) ႏွစ္က စတင္ေျပာင္းလဲခဲ့တယ္လို႔ ဆိုပါတယ္။ သို႔ေပမယ့္ သူ မေျပာင္းလဲခဲ့ေသာ ႏွစ္မ်ား တစ္ေလွ်ာက္ ဘယ္ေလာက္ အထိသုံးစြဲခဲ့တယ္ဆိုတာ ေရတြက္ႏိုင္ျခင္းမရွိဘူးလို႔ ဝန္ခံခဲ့ပါတယ္။သူမက ေဝဖန္မႈေတြႏွင့္ ရင္ဆိုင္ေနရေပမယ့္လည္း Andrea ဟာ သူမရဲ႕ႏႈတ္ခမ္းပုံသ႑ာန္ကို ႏွစ္သက္ပါတယ္တဲ့။ သူမက သူမရဲ႕ ႏႈတ္ခမ္းအ႐ြယ္အစားႏွင့္ လုံးဝေက်နပ္မႈ မရမခ်င္း ထပ္မံျဖည့္ တင္းေပးႏိုင္မယ့္ လုပ္ထုံးလုပ္နည္းေတြကို ဆက္လက္ျပဳလုပ္ဖို႔လည္း စိတ္ပိုင္းျဖတ္ထားပါတယ္တဲ့။

Mail Online ရဲ႕အဆို အ ရ Andrea ကေျပာၾကား ခဲ့တာက ”ကြၽန္မအေနနဲ႔ ကြၽန္မရဲ႕ ႏႈတ္ခမ္းအသစ္ေတြကို အရမ္းသေဘာက်တယ္၊ ေဆးထိုးၿပီးတဲ့အခ်ိန္မွာေတာ့ အစာစားဖို႔ ခက္ခဲတယ္။ ႏွစ္ရက္ သုံးရက္အၾကာမွာ ပိုခက္ခဲခဲ့ပါတယ္။ ကြၽန္မက ဒီ့ထက္ပိုႀကီးခ်င္ေသးေပမယ့္ တစ္ခ်ိဳ႕ ဆရာဝန္ေတြက ဒီေလာက္ နဲ႔ လုံေလာက္ပါတယ္လို႔ ေျပာခဲ့ၾကပါတယ္။ ကြၽန္မဆရာဝန္ကေတာ့ ကြၽန္မကို ေဆးထိုးေပးမယ္လို႔ ေျပာခဲ့ေပမယ့္ အနည္းဆုံး ၂ လေလာက္ေစာင့္ရဦးမယ္လို႔ ေျပာခဲ့ပါတယ္

၂၀၁၉ ခုႏွစ္မွာ Andrea က ပိုၿပီးေတာ့ ဖက္ရွင္ က်ေစဖို႔ သူမရဲ႕ႀကိဳးပမ္းမႈအတြက္ သူမရဲ႕ႏႈတ္ခမ္းကို သုံးဆအ႐ြယ္အစားအထိႀကီးလာေအာင္ျပဳလုပ္ခဲ့ပါတယ္။ အဲဒီ့အခ်ိန္မွာ သူမက ႏႈတ္ခမ္းအားျဖည့္ေဆးအမ်ိဳးမ်ိဳးကို အသုံးျပဳခဲ့ၿပီး Sofia မွာရွိတဲ့ အလွအပကုထုံးနဲ႔ဆိုင္တဲ့ ေဆးခန္းတိုင္းနီးပါးကို သြားေရာက္ခဲ့ေၾကာင္း သူမဝန္ခံခဲ့ပါတယ္။သူမရဲ႕ အသြင္အျပင္က လူတိုင္းရဲ႕ လက္ဖက္ရည္ခြက္မျဖစ္ႏိုင္ေပမယ့္လည္း တကယ့္လက္ေတြ႕ဘဝမွာ ခ်စ္စရာေကာင္းေသာ ပရိတ္သတ္ထံမွ ခ်ီးမြမ္းမႈေတြေျမာက္မ်ားစြာ ရရွိခဲ့ပါတယ္။ သူမရဲ႕ ေျပာင္းလဲမႈေတြကို သေဘာမတူသူေတြအတြက္ကေတာ့ သူမက ယခုလိုေျပာခဲ့ပါတယ္။ ”ကြၽန္မအေနနဲ႔ အေကာင္းျမင္သေဘာထားေတြေရာ၊ အပ်က္သေဘာပါတဲ့ ေဝဖန္ခ်က္ေတြကိုပါ ကြၽန္မရခဲ့ပါတယ္။

ဒါေပမယ့္ အပ်က္သေဘာေဆာင္တဲ့ ထင္ျမင္ခ်က္ အမ်ားစုကိုေတာ့ အမ်ိဳးသမီးေတြေရးၾကတာမ်ားပါတယ္”တဲ့။သူမက ဆက္လက္ၿပီးေတာ့ ”လူတစ္ဦးခ်င္းစီအတြက္ ကြဲျပားျခားနားေသာအယူအဆေတြေၾကာင့္ဘယ္အ႐ြယ္အစားက ႀကီးတယ္၊ ပိုႀကီးတယ္၊ႀကီးလြန္းတယ္ ဆိုတဲ့ သတ္မွတ္ခ်က္ေတြကို ကြၽန္မအေနနဲ႔ ဘယ္ လိုၫႊန္ျပခ်က္မ်ိဳးကိုမွ မေပးႏိုင္ပါဘူး။ လူေတြမွာ ကိုယ္ပိုင္လြတ္လပ္စြာ ေ႐ြးခ်ယ္ပိုင္ခြင့္ေတြရွိသင့္ပါတယ္။ ကြၽန္မအတြက္ေတာ့ နယ္နိမိတ္သတ္မွတ္ခ်က္ေတြမရွိပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။ေက်ာင္းသူတစ္ေယာက္ျဖစ္ၿပီးေတာ့ အသက္ ၂၂ ႏွစ္ရွိၿပီးျဖစ္တဲ့ သူမဟာ သူမကိုယ္သူမထူးျခားတယ္လို႔ ယုံၾကည္ၿပီးေတာ့ သူမရဲ႕ ႐ုပ္ရည္ အသြင္အျပင္ေျပာင္းလဲမႈႏွင့္ ပတ္သက္ၿပီးေတာ့ ဘယ္လိုေက်ာ္ၾကားမႈမ်ိဳးကမွ copy မလုပ္ႏိုင္ပါဘူး။ သူမက မိန္းကေလးမ်ားစြာရဲ႕ လွပေသာ လုပ္႐ိုး လုပ္စဥ္ေတြထဲကတစ္ခုျဖစ္တဲ့ ႏႈတ္ခမ္းျဖည့္ေဆးေတြ ထည့္သြင္းထားတာေၾကာင့္ ႀကီးမားေသာႏႈတ္ခမ္းေတြရွိျခင္းက သူမရဲ႕ ရွင္သန္ရာဘဝမွာ ဖက္ရွင္က်တယ္လို႔ ခံစားရေၾကာင္း သူမဝန္ခံ ခဲ့ပါတယ္။

crd : panpyoelat

unicode

တကယ့်လက်တွေ့ဘဝမှာ အမျိုးသမီးတစ်ယောက်ဟာ အလှကုန် ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတွက် ဒေါ်လာထောင်နဲ့ချီပြီး ငွေကြေး အ ရ အသုံးဝင်သောအရုပ်လေးတစ်ရုပ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။Bulgaria နိုင်ငံ၊ Sofia မြို့မှ Andrea E m i l o v a I v a n o v a ဆိုသူက သူမရဲ့နှုတ်ခမ်း အရွယ်အစားကို လေးဆ တိုးပြီးတော့ ကမ္ဘာ့အကြီးဆုံးနှုတ်ခမ်းပိုင်ရှင်မိန်းကလေးဖြစ်လာဖို့ ရည်မှန်းချက်ရှိခဲ့တယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

၂၂ နှစ်အရွယ် ဒဿနိကဗေဒကျောင်းသူ တစ်ဦးဖြစ်တဲ့ Andrea ဟာ လွန်ခဲ့တဲ့အပတ်က သူမရဲ့ နှုတ်ခမ်းကို နောက်ဆုံးအကြိမ်ဆေးထိုးခဲ့ပါတယ်။ Andrea က သူမရဲ့ IG အကောင့်မှာ တုန်လှုပ်ဖွယ်ဓာတ်ပုံတွေကို ဝေမျှပြီးတော့ သူမရဲ့ အလွန့်အလွန်ကြီးထွားစူထော်နေတဲ့ နှုတ်ခမ်း စူစူလေး ကို ပြသ ခဲ့ပါတယ်။သူမရဲ့ ကုသမှုတိုင်းအတွက် ဘူဂေးရီးယား Barbie လေးဟာ ဒေါ်လာ ၁၇၀ ခန့်သုံးစွဲခဲ့ပါတယ်။ သူမဟာ လွန်ခဲ့တဲ့ (၂) နှစ်က စတင်ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် သူ မပြောင်းလဲခဲ့သော နှစ်များ တစ်လျှောက် ဘယ်လောက် အထိသုံးစွဲခဲ့တယ်ဆိုတာ ရေတွက်နိုင်ခြင်းမရှိဘူးလို့ ဝန်ခံခဲ့ပါတယ်။သူမက ဝေဖန်မှုတွေနှင့် ရင်ဆိုင်နေရပေမယ့်လည်း Andrea ဟာ သူမရဲ့နှုတ်ခမ်းပုံသဏ္ဍာန်ကို နှစ်သက်ပါတယ်တဲ့။ သူမက သူမရဲ့ နှုတ်ခမ်းအရွယ်အစားနှင့် လုံးဝကျေနပ်မှု မရမချင်း ထပ်မံဖြည့် တင်းပေးနိုင်မယ့် လုပ်ထုံးလုပ်နည်းတွေကို ဆက်လက်ပြုလုပ်ဖို့လည်း စိတ်ပိုင်းဖြတ်ထားပါတယ်တဲ့။

Mail Online ရဲ့အဆို အ ရ Andrea ကပြောကြား ခဲ့တာက ”ကျွန်မအနေနဲ့ ကျွန်မရဲ့ နှုတ်ခမ်းအသစ်တွေကို အရမ်းသဘောကျတယ်၊ ဆေးထိုးပြီးတဲ့အချိန်မှာတော့ အစာစားဖို့ ခက်ခဲတယ်။ နှစ်ရက် သုံးရက်အကြာမှာ ပိုခက်ခဲခဲ့ပါတယ်။ ကျွန်မက ဒီ့ထက်ပိုကြီးချင်သေးပေမယ့် တစ်ချို့ ဆရာဝန်တွေက ဒီလောက် နဲ့ လုံလောက်ပါတယ်လို့ ပြောခဲ့ကြပါတယ်။ ကျွန်မဆရာဝန်ကတော့ ကျွန်မကို ဆေးထိုးပေးမယ်လို့ ပြောခဲ့ပေမယ့် အနည်းဆုံး ၂ လလောက်စောင့်ရဦးမယ်လို့ ပြောခဲ့ပါတယ်

၂၀၁၉ ခုနှစ်မှာ Andrea က ပိုပြီးတော့ ဖက်ရှင် ကျစေဖို့ သူမရဲ့ကြိုးပမ်းမှုအတွက် သူမရဲ့နှုတ်ခမ်းကို သုံးဆအရွယ်အစားအထိကြီးလာအောင်ပြုလုပ်ခဲ့ပါတယ်။ အဲဒီ့အချိန်မှာ သူမက နှုတ်ခမ်းအားဖြည့်ဆေးအမျိုးမျိုးကို အသုံးပြုခဲ့ပြီး Sofia မှာရှိတဲ့ အလှအပကုထုံးနဲ့ဆိုင်တဲ့ ဆေးခန်းတိုင်းနီးပါးကို သွားရောက်ခဲ့ကြောင်း သူမဝန်ခံခဲ့ပါတယ်။သူမရဲ့ အသွင်အပြင်က လူတိုင်းရဲ့ လက်ဖက်ရည်ခွက်မဖြစ်နိုင်ပေမယ့်လည်း တကယ့်လက်တွေ့ဘဝမှာ ချစ်စရာကောင်းသော ပရိတ်သတ်ထံမှ ချီးမွမ်းမှုတွေမြောက်များစွာ ရရှိခဲ့ပါတယ်။ သူမရဲ့ ပြောင်းလဲမှုတွေကို သဘောမတူသူတွေအတွက်ကတော့ သူမက ယခုလိုပြောခဲ့ပါတယ်။ ”ကျွန်မအနေနဲ့ အကောင်းမြင်သဘောထားတွေရော၊ အပျက်သဘောပါတဲ့ ဝေဖန်ချက်တွေကိုပါ ကျွန်မရခဲ့ပါတယ်။

ဒါပေမယ့် အပျက်သဘောဆောင်တဲ့ ထင်မြင်ချက် အများစုကိုတော့ အမျိုးသမီးတွေရေးကြတာများပါတယ်”တဲ့။သူမက ဆက်လက်ပြီးတော့ ”လူတစ်ဦးချင်းစီအတွက် ကွဲပြားခြားနားသောအယူအဆတွေကြောင့်ဘယ်အရွယ်အစားက ကြီးတယ်၊ ပိုကြီးတယ်၊ကြီးလွန်းတယ် ဆိုတဲ့ သတ်မှတ်ချက်တွေကို ကျွန်မအနေနဲ့ ဘယ် လိုညွှန်ပြချက်မျိုးကိုမှ မပေးနိုင်ပါဘူး။ လူတွေမှာ ကိုယ်ပိုင်လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်တွေရှိသင့်ပါတယ်။ ကျွန်မအတွက်တော့ နယ်နိမိတ်သတ်မှတ်ချက်တွေမရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ကျောင်းသူတစ်ယောက်ဖြစ်ပြီးတော့ အသက် ၂၂ နှစ်ရှိပြီးဖြစ်တဲ့ သူမဟာ သူမကိုယ်သူမထူးခြားတယ်လို့ ယုံကြည်ပြီးတော့ သူမရဲ့ ရုပ်ရည် အသွင်အပြင်ပြောင်းလဲမှုနှင့် ပတ်သက်ပြီးတော့ ဘယ်လိုကျော်ကြားမှုမျိုးကမှ copy မလုပ်နိုင်ပါဘူး။ သူမက မိန်းကလေးများစွာရဲ့ လှပသော လုပ်ရိုး လုပ်စဉ်တွေထဲကတစ်ခုဖြစ်တဲ့ နှုတ်ခမ်းဖြည့်ဆေးတွေ ထည့်သွင်းထားတာကြောင့် ကြီးမားသောနှုတ်ခမ်းတွေရှိခြင်းက သူမရဲ့ ရှင်သန်ရာဘဝမှာ ဖက်ရှင်ကျတယ်လို့ ခံစားရကြောင်း သူမဝန်ခံ ခဲ့ပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

16 − 14 =