ဒေးဗစ်လားကို တရားစွဲဆို ထားမှု နဲ့ ပတ်သက်လို့ ဥပဒေကို ကိုင်တွယ်တဲ့ သူဟာ ဥပဓိရုပ်က အစ ကြက်သရေ ရှိဖို့လို ဟု LAZY CLUB ဂီတမှုနိုင်ဇော်ပြော

ဒေးဗစ်လားကို တရားစွဲဆို ထားမှု နဲ့ ပတ်သက်လို့ ဥပဒေကို ကိုင်တွယ်တဲ့ သူဟာ ဥပဓိရုပ်က အစ ကြက်သရေ ရှိဖို့လို ဟု LAZY CLUB ဂီတမှုနိုင်ဇော်ပြော

“ဥပဒေကို မျှမျှတတကိုင်တွယ်တဲ့သူ ဆိုကြိုဆိုတယ် ထင်သလိုလုပ်မယ် ငွေနောက်လိုက်မယ် ဆိုရင် လမ်းဘေးကခွေးလောက် အဆင့်တန်းမထားဘူး” လို့ ဒေးဗစ်လားကို တရားစွဲဆိုတာနဲ့ပတ်သတ်ပြီး ဂီတမှူးနိုင်ဇော်(lazy club) ပြောပြီ။ ဂီတမှူးနိုင်ဇော်ဟာဆိုရင်တော့ Lazy Clubရဲ့ အဓိက လိဒ်ဂစ် တာ ဆရာတစ်ယောက်ဖြစ်ပီး သူ့ရဲ့ ပြောင်မြောက်တဲ့ တီခတ်မှုတွေကြောင့် အားပေးသူ ပရိတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ခရစ်ယာန်ဓမ္မဆရာ ဒေးဗစ်လား ကိုတရားစွဲထားတဲ့ ကိစ္စနဲ့ပါတ်သက်ပီး သူ့အမြင် သူ့ခံယူချက်တွေကို ပြောပြလာခဲ့ပါတယ်။ တကယ့်တော့ မြန်မာ့တရားစီရင်ရေးဟာ အများပြည်သူအပေါ် မျှတမှုရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ ဗစ်တိုးရီးယားအမှုဆိုလည်း တရားခံ မပေါ်ဘဲ ပီးဆုံးသွားသလား ဆက်လက်ရှာဖွေနေတုန်းပဲလားဆိုတာ မသိရတော့ပါ။

ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ လူစုလူဝေး မလုပ်ရ ဥပဒေဖြင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှ ဘာသာရေးပွဲပြုလုပ်သူများကိုတော့ ထောင်ခြောက်လ ကိုးလ စသဖြင့် အသီးသီးချမှတ်အပြစ်ပေးခဲ့ပီး ဒေးဗစ်လားကို မည်ကဲ့သို့ စီရင်မည်ကိုတော့ စောင့်ကြည့်ကြ ရမှာဖြစ်ပါတယ်။ ထိုသို့ ဒေးဗစ်လား ကို တရားစွဲဆိုနေစဉ်အတွင်းမှာပဲ ရန်ကုန်တိုင်းမှ အစိုရတာဝန်ရှိအကြီးအကဲများမှ ရှင်ဥပဂုတ္တရေမျောပွဲကို လူပေါင်းများစွာဖြင့် ပြုလုပ်ခဲ့သဖြင့် ပြည်သူများမေးခွန်းထုတ်ဝေဖန်နေကြပီဖြစ်ပါတယ်။

ကိုယ်ထုတ်ထားတဲ့ ဥပဒေကို ကိုယ်ကိုယ်တိုင် ချိုးဖောက်သလိုဖြစ်နေပီး တာဝန်ယူမှု တာဝန်ခံမှု ဘယ်လိုရှိမလဲဆိုတာ စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။ အုပ်ချုပ်သူလူတန်းစားအတွက် ဥပဒေတစ်မျိုး အုပ်ချုပ်ခံလူတန်းစားအတွက် ဥပဒေတစ်မျိုး ဆိုတဲ့ ဝေဖန်မှုတွေလည်း အများအပြားတွေ့ကြရမှာဖြစ်ပါတယ်။ ကိုနိုင်ဇော် ရဲ့ ပြောပြချက်လေးကိုလည်း ကြည့်လိုက် ပါအုံးနော်။

crd : urdufood

Add a Comment

Your email address will not be published. Required fields are marked *

four × four =