ပန်းရောင်းရင်း ရပ်တည်နေရရှာ တဲ့ မိခင်ကို အသက် (၄) နှစ်ထဲ က တတ်ထားတဲ့ ပညာ နဲ့ လုပ်ကျွေးနေတဲ့ အမွှာညီကို

ပန်းရောင်းရင်း ရပ်တည်နေရရှာ တဲ့ မိခင်ကို အသက် (၄) နှစ်ထဲ က တတ်ထားတဲ့ ပညာ နဲ့ လုပ်ကျွေးနေတဲ့ အမွှာညီကို

ပရိသတ်ကြီးရေ ဟန်သာမိုး ဟန်သာဖြိုး အမွှာ ညီအစ်ကိုကို သိကြမှာပါနော်…Myanmar Got Talent ပြိုင်ပွဲမှာ ထူးချွန်စွာယှဉ်ပြိုင်ခဲ့တဲ့ မိုး ဖြိုးအမွှာလေးဟာ ခုဆို မိဘကို အသက်ငယ်ငယ်နဲ့ လုပ်ကျွေးနေတာပါ…အသက် ၄နှစ်မှာ သူတို့ ဝါသနာပါတဲ့ သဘင်အက နဲ့ စတင် ကခဲ့ပြီး အသက် ၇နှစ်မှာ ပြိုင်ပွဲတွေ ဝင်ပြိုင်ရင်း အောင်မြင်လာ ခဲ့ပါတယ်…။ ဒီလို မအောင်မြင်ခင်က မိုးဖြိုးတို့ရဲ့ မေမေဟာ ဘုရားစောင်းတန်းမှာ ပန်းရောင်းရင်း သူတို့ညီအစ်ကိုကို ရှာကျွေးခဲ့တာပါ….ခုတော့ အမွှာညီအစ်ကိုက အမေဖြစ်သူကို ပြန်ရှာကျွေးနေနိုင် ပါပြီ…ဒီအကြောင်းလေးကို အမွှာ တို့ရဲ့ မေမေက ခုလိုလူမှုကွန်ရက်မှာ ရေးသားပြောပြ ထားပါတယ်…

“သမိုင်းဆိုတာ လူတိုင်းမှာရှိတယ် မဟာမြတ်မုနိဘုရား အရှေ့စောင်းတန်းမှာ ပန်းစပီးရောင်းခဲ့ရပါတယ်စောင်းတန်း ထဲမှ ကူညီစောင့်ရှောက်ပေးပါသောကျေးဇူးရှင်များ သူငယ်ချင်း အပေါင်းများလဲကိုလဲသတိတရရှိနေပါတယ်။နုတ် ၏ဆောင်မခြင်းလက်၏ဆောင်မခြင်းများကိုလဲ အမှတ်တရရှိနေပါတယ်။မင်းသားဖြစ်ခြင်တဲ့ သားကိုမင်းသားဝတ်စုံလက်ခမယူပဲတတ်နိုင်သလောက် ပံပိုးပေးတဲ့အတွက်ကျေးဇူးရှိပါတယ်။ မင်းသားဖြစ်ချင် လို့တိးဝိုင်းတွေမှာကပါရစေ ဆိုပီးခေါ်ခဲ့သော အဆိုတော် မမငယ်ငယ်မမေ့ပါဘူးနော်…ဆရာဇော်နိုင် နဲ့မတွေ့ခင်မင်းသမီးမယမင်းလှိုင် ရဲ့သင်ပြပေးတဲ့ကျေးဇူးကိုလဲမမေ့ပါဘူး…လိုအပ်ယင် ကူညီကြသောဆိုင်ကယ်တက်စီသမားများကျေးဇူး ရှိသောကျေးဇူးရှင်အပေါင်းတစ်ဦးတစ်ယောက်ခြင်းကိုကျေးဇူးတင်ပါတယ်။

အကြာင်းမတိုက်ဆိုင် လို့မတွေ့မဆုံဖြစ်ကြပေမဲ့ခင်ပွန်းကြီး ဆယ်ပါးဝန်ချတောင်းပန်ပြီးကျေးဇူးရှိသူ အားလုံးကန်တော့ပါတယ်..အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပီးဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျပါစေ”…သားတို့မေမေ ဆိုပြီးသားတို့အမွှာ pageမှာရေးသားထားပါတယ်။ သားတို့အမွှာကို ချစ်တဲ့ ပရိသတ်ကြီးလည်း ငယ်ငယ်လေး နဲ့ မိခင်ကို လုပ်ကျွေးနိုင်တဲ့ သူတို့ကို ဂုဏ်ပြုစကားလေး ဆိုခဲ့ပေးပါအုံးနော်..

Credit Jeeptoolay
Source သားတို့အမွှာ