ဟန်ငြိမ်ဦး အကောင့်ကနေ မိန်းကလေး တစ်ယောက်ကို လူမဆန်စွာ ဆက်ဆံခဲ့တယ်ဆိုပြီး တင်ခဲ့တာကြောင့် Facebook Search List မှာ ပေါ်ပြူလာဖြစ်သွားတဲ့ထက်နေကြည်
Source: Htet Nay Kyi’s fb
unicode
Melody World သီချင်းဆိုပြိုင်ပွဲကနေ တဆင့် ပရိသတ်တွေကြား ထင်ရှားလာတဲ့ အဆိုတော် ထက်နေကြည်ကတော့ လက်ရှိအချိန်ထိ သူဝါသနာပါရာ အနုပညာလမ်းကို လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ်။ ထက်နေကြည်က သူ့ရဲ့ ကြည်လင်ပြတ်သားတဲ့အသံပါဝါ ကောင်းကောင်းနဲ့ သီချင်းကောင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်တာကြောင့် လူလတ်ပိုင်း ပရိသတ်တွေ တော်တော်များများ အားပေးကြတဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ထက်နေကြည်ကလည်း သူ့ရဲ့ ပရိသတ်တွေအတွက် သီချင်းသစ်တွေကို ဖန်တီးရင်း သူ့ရဲ့ ဂီတလမ်းကြောင်းမှာ တည့် မတ်စွာ ရပ်တည်နေလျက်ရှိပါတယ်။
ဒီကနေ့ စက်တင်ဘာလ (၄) ရက်နေ့ မှာတော့ ထက်နေကြည်ဟာ မိန်းကလေးတစ်ယောက်ကို လူမဆန်စွာ ဆက်ဆံခဲ့တယ်ဆိုပြီး ဟန်ငြိမ်ဦးအကောင့်ကနေပြီး စွပ်စွဲပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ထိုကောလဟာလတွေအပေါ်မှာတော့ ထက်နေကြည်က ဘာကိုမှ တုံ့ပြန်ခြင်းမရှိပဲ တစ်နေ့တာအတွင်း Facebook Search List မှာ ထိပ်ဆုံးဖြစ်သွားတဲ့ သူ့အကောင့်ကိုသူကြည့်ပြီး အံ့သြနေရတာပဲ ဖြစ်ပါတယ်။
ထက်နေကြည်ကတော့ သူ့ကိုစွပ်စွဲသမျှှတွေ အပေါ် တုံ့ပြန်ခြင်းမရှိပဲ သူလုပ်စရာရှိတဲ့အလုပ်တွေကိုသာ အေးအေးဆေးဆေး လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။
Source: Htet Nay Kyi’s fb
Credit – Cele Connections
Add a Comment
Your email address will not be published. Required fields are marked *
15 + eight =