သူမရဲ့ ဆိုင်နာမည် ကို အသုံးချပြီး ငွေလိုက်လိမ်နေတဲ့ သူတွေအကြောင်း ပြောပြခဲ့တဲ့ မိုးဟေကို




unicode

ပရိတ်သတ်ကြီးရေ မိုးဟေကိုကတော့ လှပတဲ့ ကောက်ကြောင်းလေးတွေ နဲ့ ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်များကြောင့် အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေသူပါ။ လက်ရှိမှာတော့ အနုပညာအလုပ်များကို လျှော့ချပြီး စီးပွားရေးလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ပြီး မိသားစုကို အချိန်ပေးနေ ပြီပဲ ဖြစ်ပါတယ်။

မိုးဟေကိုကတော့ ရုပ်ရှင်ထုတ်လုပ်ရေး တစ်ခုကို ထူထောင် ထားပြီး နောက်ထပ် Moe Fabric house နာမည်နဲ့ ပွဲတက်ဝတ်စုံပိတ်စများကို ရောင်းချနေတာပါ။ ကိုဗစ်ကပ်ရောဂါများကြောင့် ဆိုင်မဖွင့်ဖြစ်တော့ပဲ ဇာတ်ပို့မင်းသမီး နှိုင်းယှဉ်မြင့်မိုရ်ကို ခေါ်ယူကာ online shopping အတွက် Live လွှင့်ကာ ရောင်းချစေခဲ့တာပဲ ဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ် ရောင်းချပေးတဲ့အတွက် ဝယ်လိုအားတက်တာကြောင့် စိတ်ကျေနပ်မှုရှိတယ်လို့လည်း ဆိုပါတယ်။ နောက်ထပ်လည်း ဆိုင်မဖွင့်ဖြစ်တော့ပဲ online shopping ရောင်းချပြီး ဆက်လက်လည်ပတ်သွားမယ်လို့ ဆိုပါတယ်။မိုးဟေကိုရဲ့ အဆိုပါ Moe Fabric house နာမည်ကို အသုံးချပြီး ငွေလွှဲခိုင်းကာ လိမ်တဲ့သူများလည်း ရှိတာကြောင့် သူမရဲ့ ဆိုရှယ်မီဒီယာကနေတဆင့် ”တရားဝင်ရုံးဖုန်းနံပါတ် တစ်ခုတည်း 09954253113 သာရှိပါတယ်ရှင် ရန်ကုန်ဆိုလျင် အိမ်အရောက်ငွေချေစနစ်ပါ။

နယ်မှ ငွေလွဲမည်ဆိုပါက Moe Fabric House မှတရားဝင် ဖုန်းနံပါတ် နှင့်ဆက်သွယ်မှသာ ငွေလွဲပေးပါရန် ​တခြား နံပါတ်ဖြစ်ဆက်သွယ်လာပါက ငွေမလွှဲ ကြပါနဲ့ နော် လိမ်လည်ပြီး ငွေလွှဲခိုင်းမှာစိုးလို့ပါ ” ဆိုကာ လိမ်လည်သူတွေ ရှိတာကြောင့် အခုလိုပဲ တိပေးကြေညာချက် ထုတ်ပြန်ခဲ့ရပါတယ်။အဆိုပါ ကိစ္စနဲ့ ပက်သက်ပြီး အတွေ့အကြုံအသစ် တစ်ခုရလိုက်သလို သင်ခန်းစာအသစ်တစ်ခု ရလိုက်တယ်လို့လည်း မိုးဟေကိုက မီဒီယာတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။ ပရိတ်သတ်ကြီးရေ အွန်လိုင်းမှာ ငွေလွှဲရမယ်ဆိုရင် သေချာစုံစမ်းပြီးမှ လွှဲကြပါနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Add a Comment

Your email address will not be published. Required fields are marked *

nine − 5 =