ထိုင္းပရိသတ္ေတြ စုၿပီး ဘန္ေကာက္ ေသြးလွႉလက္ခံေဆး႐ုံႀကီး မွာေတာင္ စုေပါင္းေသြး လႉဒါန္းၾကမယ့္ပိုင္တံခြန္ ရဲ႕အသက္ (၂၄) ႏွစ္ျပည့္ေမြးေန႔ ပြဲ

ႏိုင္ငံေက်ာ္ ေမာ္ဒယ္၊ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ပိုင္တံခြန္က ရွည္လ်ားတဲ့ အရပ္အေမာင္း နဲ႔ ေယာက်ာ္းဆန္တဲ့ မ်က္ႏွာေၾကာင့္ မိန္းကေလးပရိသတ္ေတြရဲ႕ အသည္းစြဲမင္းသားေလးတစ္ဦး ျဖစ္ေနတာပဲ ျဖစ္ပါတယ္။ အခုဆိုရင္ ပိုင္တံခြန္က ျမန္မာႏိုင္ငံမွာသာမက ျပည္ပႏိုင္ငံအသီးသီးက ပရိသတ္ေတြၾကား မွာပါ ေတာ္ေတာ္ေလး ေရပန္းစားေအာင္ျမင္ခဲ့ၿပီး ၿပီးခဲ့တဲ့ (၂၀၁၉) ခုႏွစ္မွာလည္း ထိုင္းႏိုင္ငံမွာ Fan Meeting လုပ္ႏိုင္တဲ့အထိ ေအာင္ျမင္ခဲ့တာပဲ ျဖစ္ပါတယ္။ ထိုင္းလူမ်ိဳး ပရိသတ္အခိုင္အမာ ရရွိထားတဲ့ ပိုင္တံခြန္က သူ႔ရဲ႕ အထိမ္း အမွတ္ေန႔ေတြနဲ႔ ပက္သတ္ ၿပီး ပရိသတ္ေတြက သတိတရနဲ႔ အလႉအတန္းေတြ ျပဳလုပ္ေပးေလ့ရွိျပါတယ္။

လာမယ့္ စက္တင္ဘာလ (၁၇) ရက္ေန႔ကေတာ့ ပိုင္တံခြန္ရဲ႕ အသက္ (၂၄) ႏွစ္ျပည့္ ေမြးေန႔ေလးပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္ရဲ႕ အမာခံထိုင္းပရိသတ္ေတြကေတာ့ လာမယ့္ စက္တင္ဘာလ (၁၃) က္ေန႔ မွာေတာ့ ဘန္ေကာက္ေသြးလႉ လက္ခံေဆး႐ုံႀကီး(စဖားကာခ်ထိုင္း)တြင္စု‌ေပါင္းေသြးလႉဒါန္းပြဲျပဳလုပ္ၿပီး ပိုင္တံခြန္အတြက္ ေမြးေန႔အလႉအတန္းေတြ ျပဳလုပ္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ပိုင္တံခြန္ကေတာ့ သူ႔ရဲ႕ ေမြးေန႔မွာ ဘယ္လို ထူးထူးျခားျခား အစီအစဥ္ေတြ ျပဳလုပ္သြားမလဲဆိုတာ မသိရေသးေပမယ့္ ပိုင္တံခြန္ ရဲ႕ ထိုင္းပရိသတ္ေတြ ကေတာ့ စုေပါင္းေသြးလႉဒါန္းၾကဖို႔ စီစဥ္ၿပီးသြားခဲ့ၿပီ ျဖစ္ပါတယ္။ပရိသတ္ႀကီးလည္း စန္းပြင့္လြန္းတဲ့ ပိုင္တံခြန္ကိုၾကည့္ၿပီး အားက်ေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Paing Takhon Thailand’s fb
Credit – Cele Connections

unicode

ထိုင်းပရိသတ်တွေ စုပြီး ဘန်ကောက် သွေးလှှူလက်ခံဆေးရုံကြီး မှာတောင် စုပေါင်းသွေး လှူဒါန်းကြမယ့်ပိုင်တံခွန် ရဲ့အသက် (၂၄) နှစ်ပြည့်မွေးနေ့ ပွဲ

နိုင်ငံကျော် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ရှည်လျားတဲ့ အရပ်အမောင်း နဲ့ ယောကျာ်းဆန်တဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေးတစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက ပြည်ပနိုင်ငံအသီးသီးက ပရိသတ်တွေကြား မှာပါ တော်တော်လေး ရေပန်းစားအောင်မြင်ခဲ့ပြီး ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာလည်း ထိုင်းနိုင်ငံမှာ Fan Meeting လုပ်နိုင်တဲ့အထိ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ ထိုင်းလူမျိုး ပရိသတ်အခိုင်အမာ ရရှိထားတဲ့ ပိုင်တံခွန်က သူ့ရဲ့ အထိမ်း အမှတ်နေ့တွေနဲ့ ပက်သတ် ပြီး ပရိသတ်တွေက သတိတရနဲ့ အလှူအတန်းတွေ ပြုလုပ်ပေးလေ့ရှိပြါတယ်။

လာမယ့် စက်တင်ဘာလ (၁၇) ရက်နေ့ကတော့ ပိုင်တံခွန်ရဲ့ အသက် (၂၄) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ အမာခံထိုင်းပရိသတ်တွေကတော့ လာမယ့် စက်တင်ဘာလ (၁၃) က်နေ့ မှာတော့ ဘန်ကောက်သွေးလှူ လက်ခံဆေးရုံကြီး(စဖားကာချထိုင်း)တွင်စု‌ပေါင်းသွေးလှူဒါန်းပွဲပြုလုပ်ပြီး ပိုင်တံခွန်အတွက် မွေးနေ့အလှူအတန်းတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပိုင်တံခွန်ကတော့ သူ့ရဲ့ မွေးနေ့မှာ ဘယ်လို ထူးထူးခြားခြား အစီအစဉ်တွေ ပြုလုပ်သွားမလဲဆိုတာ မသိရသေးပေမယ့် ပိုင်တံခွန် ရဲ့ ထိုင်းပရိသတ်တွေ ကတော့ စုပေါင်းသွေးလှူဒါန်းကြဖို့ စီစဉ်ပြီးသွားခဲ့ပြီ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း စန်းပွင့်လွန်းတဲ့ ပိုင်တံခွန်ကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Paing Takhon Thailand’s fb
Credit – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

one × four =