ကိုဗစ် ကာကွယ်ဆေး မရမခြင်း စာသင်ကျောင်းများ ပြန်မ ဖွင့် ဟု ဖိလစ်ပိုင် သမ္မတပြောကြား
|ကိုဗစ် ကာကွယ်ဆေး မရမခြင်း စာသင်ကျောင်းများ ပြန်မ ဖွင့် ဟု ဖိလစ်ပိုင် သမ္မတပြောကြား
ကိုဗစ်-၁၉ ကာကွယ်ဆေး မရမခြင်း စာသင်ကျောင်း များ ပြန်မဖွင့်ဟု ဖိလစ်ပိုင် သမ္မတ ဒူတာတေး ပြောကြား…
တစ်ချို့သော နိုင်ငံများ တွင် ကျောင်းများပြန်ဖွင့်နေပြီဖြစ်သော် လည်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးကတော့ ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးမရမချင်း ကျောင်းသားများကို ကျောင်းပြန်တက်ခွင့်မပြုဟု ပြောဆိုလိုက်သည်။
ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်သောအားဖြင့် ဖိလိစ်ပိုင်တွင် မတ်လမှ စတင်၍ မူလတန်းနှင့် အလယ်တန်းကျောင်း များကို ပိတ်ထားရာ ၂၅ သန်းကျော်သော ကျောင်းသားများမှာ သြဂုတ်လကုန်မှသာလျှင် ကျောင်းပြန်တက်ရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း တနင်္လာနေ့က ပြောကြားသော မိန့်ခွန်း တွင် ဒူတာတေးက ကျောင်းသား များ၏ ပညာရေးထိခိုက်နိုင်သည်ဖြစ်သော်လည်း ကျောင်းပြန်တက်ခိုင်းရမှာ အန္တရာယ်သိပ်များသည်ဟု ဆိုလိုက်သည်။
“သူတို့တွေ တကယ့်ကို အန္တရာယ်ကင်းပြီလို့ ကျွန်တော် သေသေချာချာမပြောနိုင်သေးဘူး ဆိုရင် စာသင်ခန်းတွေ ဖွင့်လှစ်ဖို့အကြောင်း ပြောတာတွေက အချည်းနှီးပါပဲ။ ကျွန်တော့်အတွက် ကာကွယ်ဆေးက ပထမပဲ။ ဖိလစ်ပိုင်မှာ ကာကွယ်ဆေးရပြီဆိုရင် အဆင်ပြေပြီ။ ဘယ်သူမှ ဘွဲ့မရဘူး ဆိုရင်လည်း ရှိပါစေတော့” ဟု ဒူတာတေးက ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝှမ်း သုတေသနသများက ကာကွယ်ဆေးဖော်နိုင်ရန် အသည်း အသန်ကြိုးစားနေကြသော်လည်း မည်သည့်အချိန်တွင် ဆေးပေါ်နိုင်သည်ဆိုတာနှင့် ပမာဏအမြောက်အများ ဖြန့်ဖြူးနိုင်မှာလားဆိုခြင်းကတော့ ရေရေရာရာမရှိသေးပေ။

ဖိလစ်ပိုင်တွင် အစိုးရကျောင်း များသည် ဇွန်လမှ ဧပြီလအထိဖွင့်သည်။ သို့သော် ပိုးတွေ့ရှိသူမြင့်တက်လာပြီးနောက် နိုင်ငံကို လော့ဂ်ဒေါင်းချလိုက်ပြီး ကျောင်းဖွင့်ရက်ကိုလည်း နောက်ဆုတ်ခိုင်းထားခဲ့သည်။
စာသင်ခန်းအတွင် လူထု ထပ်မှုကို လျော့ပါးစေရန် ပညာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားပြီးဖြစ်သည့် အွန်လိုင်းစာသင်ခန်းများပါဝင်သည့် ရောစပ်ထားသော အဝေးသင်ပညာသင်ကြားရေးစီမံချက်များကို လာမည့် စာသင်နှစ်တွင် အသုံးပြုမည်ဖြစ်သည်။ သို့သော် ဖိလစ်ပိုင်တွင် သန်းနှင့်ချီသော ဆင်းရဲ သားပြည်သူများမှာ အွန်လိုင်းသင်ခန်းစာ အတွက် အဓိကဖြစ်သော ကွန်ပြူတာ မသုံးနိုင်ကြပေ။
ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါက ကလေးများကို အိမ်တွင် လပေါင်းများစွာ ရှိနေစေခဲ့သည်။ သို့သော် တောင်ကိုရီးယားနှင့် ပြင်သစ်တို့အပါအဝင် နိုင်ငံများတွင်တော့ လူကိုယ်တိုင် တက်ရောက်ရသည့် ကျောင်းများပြန်ဖွင့်လှစ်နေကြပြီဖြစ်သည်။