ကားအမည္ေျပာင္း အခြန္ ၃% ဘယ္ေတာ့ ေနာက္ဆုံးလဲ ေမးေန က်တဲ့ မိတ္ေဆြမ်ား အားလုံးအတြက္

၁-၁၀-၂၀ မွစ၍ ကား အမည္ေျပာင္း အခြန္ ၃% မွ ၆%သို႔အခြန္ဦးစီးဌာန မွတိုးေကာက္ပါမည္။ (ကားအမည္ေျပာင္းေဆာင္႐ြက္မည့္ မိတ္ေဆြမ်ားခဗ်)

မိမိကား အမည္ေဖာက္လုပ္ရန္ အတြက္ အရင္ဆုံး မိမိေနထိုင္ရာ ၿမိဳ႕နယ္ အခြန္႐ုံးသို႔ ေအာက္ပါစာ႐ြက္စာတမ္းမ်ားႏွင့္အတူ သြားေရာက္ ေလွ်ာက္ထားရပါမည္။

1 – သန္းေခါင္စာရင္း (မူရင္း၊ မိတၱဴ)

2 – မွတ္ပုံတင္ (မူရင္း၊ မိတၱဴ)

3 – Owner book (မူရင္း၊ မိတၱဴ)

4 – Wheel tax (မူရင္း၊ မိတၱဴ)

5 – အေရာင္းအဝယ္စာခ်ဳပ္ (မူရင္း၊ မိတၱဴ) (အေရာင္းအဝယ္ စာခ်ဳပ္သည္ အမည္ေပါက္ႏွင့္ မိမိ တိုက္႐ိုက္ခ်ဳပ္ဆိုထားေသာ စာခ်ဳပ္ျဖစ္ရပါမည္။)

6 – ကားဓာတ္ပုံ ( ေရွ႕ပုံ၊ အေနာက္ပုံ၊ ေဘးတိုက္ပုံ အားလုံး ေပါင္း ၃ ပုံ။ ဓာတ္ပုံကို မိမိကိုယ္တိုင္ ဖုန္းျဖင့္႐ိုက္၍ ဓာတ္ပုံဆိုင္မွာ သြားကူးပါ။)

ထပ္ျဖည့္ပါရေစ…ေဘးပုံဆိုသည္မွာ စတီယာတိုင္ရွိတဲ့ဘက္အျခမ္းကို ေျပာတာပါ။(ကားဓာတ္ပုံမွအပ က်န္စာ႐ြက္စာတမ္းမ်ားအား မိတၱဴ ၂ စုံ ကူးပါ။ အခြန္႐ုံးအတြက္ တစ္စုံ၊ ကညန ႐ုံးအတြက္တစ္စုံ)

အထက္ေဖာ္ျပပါ စာ႐ြက္စာတမ္းမ်ား ျပည့္စုံပါက အခြန္႐ုံး ရွိ မိမိရပ္ကြက္ကို ကိုင္ေသာ စာေရးထံတြင္တင္ရပါမည္။ စာေရးမွ မိမိကားအား ရာျဖတ္မွ သတ္မွတ္ေပးထါးေသာ ဇယားတြင္ တန္ဖိုးကို ၾကည့္၍ ၃ ရာခိုင္ႏႈန္းတြက္ခ်က္ပါသည္။

ထို႔ေနာက္ ဘဏ္သို႔ ေငြသြင္း ခ်လန္ ရရွိရန္ ေစာင့္ရ ပါသည္။ ခ်လန္ ရရွိပါက ျမန္မာ့စီးပြားေရးဘဏ္တြင္ ေငြသြားသြင္းရပါသည္။ (သက္ဆိုင္ရာၿမိဳ႕နယ္ျမန္မာ့စီးပြါးေရးဘဏ္မွာေငြသြင္းရပါမယ္ ၊ေတာင္ဥကၠလာအတြက္ သရက္ေတာ မွတ္တိုင္ရွိ ျမန္မာ့စီးပြားဘဏ္)

(ဘဏ္ေငြသြင္းရာတြင္ ေငြသြင္းခ်လန္စာ႐ြက္၏ ေနာက္ေက်ာ တြင္ သြင္းမည့္ေငြတြင္ ၅၀၀၀ တန္ ဘယ္န႐ြက္၊ တစ္ေသာင္းတန္ ဘယ္န႐ြက္ စသျဖင့္ အတိအက်ေရးထားေပးပါ။)

ဘဏ္တြင္ ေငြသြင္းၿပီးပါက ေငြသြင္းေျပစာကို မိတၱဴ တစ္႐ြက္ကူး၍ အခြန္႐ုံးစာေရးထံသို႔တခါ သြားေရာက္ေပးအပ္ရပါမည္။ အခြန္႐ုံးမွ အခြန္စိမ္းစာ႐ြက္ ၂ ႐ြက္ ထုတ္ေပးပါမည္။

မူရင္းဟု ေရးထားေသာစာ႐ြက္မွာ ကညန ႐ုံးသို႔ ေပးရပါမည္။ ပ-မူရင္းဟု ေရးထားေသာစာ႐ြက္ႏွင့္ ဘဏ္ေငြသြင္းခ်လန္မွာ မိမိသိမ္းထားရပါမည္။

(အခြန္စိမ္းစာ႐ြက္သည္ ကားျပန္ေရာင္းသည့္အခါ ထည့္မ ေပးရပါ။ မိမိကိုယ္တိုင္ အခြန္ေဆာင္ထားေသာ စာ႐ြက္ျဖစ္သျဖင့္ မိမိႏွင့္သာ သက္ဆိုင္သည္။)

salmon

unicode

ကားအမည်ပြောင်း အခွန် ၃% ဘယ်တော့ နောက်ဆုံးလဲ မေးနေ ကျတဲ့ မိတ်ဆွေများ အားလုံးအတွက်

၁-၁၀-၂၀ မှစ၍ ကား အမည်ပြောင်း အခွန် ၃% မှ ၆%သို့အခွန်ဦးစီးဌာန မှတိုးကောက်ပါမည်။ (ကားအမည်ပြောင်းဆောင်ရွက်မည့် မိတ်ဆွေများခဗျ)

မိမိကား အမည်ဖောက်လုပ်ရန် အတွက် အရင်ဆုံး မိမိနေထိုင်ရာ မြို့နယ် အခွန်ရုံးသို့ အောက်ပါစာရွက်စာတမ်းများနှင့်အတူ သွားရောက် လျှောက်ထားရပါမည်။

1 – သန်းခေါင်စာရင်း (မူရင်း၊ မိတ္တူ)

2 – မှတ်ပုံတင် (မူရင်း၊ မိတ္တူ)

3 – Owner book (မူရင်း၊ မိတ္တူ)

4 – Wheel tax (မူရင်း၊ မိတ္တူ)

5 – အရောင်းအဝယ်စာချုပ် (မူရင်း၊ မိတ္တူ) (အရောင်းအဝယ် စာချုပ်သည် အမည်ပေါက်နှင့် မိမိ တိုက်ရိုက်ချုပ်ဆိုထားသော စာချုပ်ဖြစ်ရပါမည်။)

6 – ကားဓာတ်ပုံ ( ရှေ့ပုံ၊ အနောက်ပုံ၊ ဘေးတိုက်ပုံ အားလုံး ပေါင်း ၃ ပုံ။ ဓာတ်ပုံကို မိမိကိုယ်တိုင် ဖုန်းဖြင့်ရိုက်၍ ဓာတ်ပုံဆိုင်မှာ သွားကူးပါ။)

ထပ်ဖြည့်ပါရစေ…ဘေးပုံဆိုသည်မှာ စတီယာတိုင်ရှိတဲ့ဘက်အခြမ်းကို ပြောတာပါ။(ကားဓာတ်ပုံမှအပ ကျန်စာရွက်စာတမ်းများအား မိတ္တူ ၂ စုံ ကူးပါ။ အခွန်ရုံးအတွက် တစ်စုံ၊ ကညန ရုံးအတွက်တစ်စုံ)

အထက်ဖော်ပြပါ စာရွက်စာတမ်းများ ပြည့်စုံပါက အခွန်ရုံး ရှိ မိမိရပ်ကွက်ကို ကိုင်သော စာရေးထံတွင်တင်ရပါမည်။ စာရေးမှ မိမိကားအား ရာဖြတ်မှ သတ်မှတ်ပေးထါးသော ဇယားတွင် တန်ဖိုးကို ကြည့်၍ ၃ ရာခိုင်နှုန်းတွက်ချက်ပါသည်။

ထို့နောက် ဘဏ်သို့ ငွေသွင်း ချလန် ရရှိရန် စောင့်ရ ပါသည်။ ချလန် ရရှိပါက မြန်မာ့စီးပွားရေးဘဏ်တွင် ငွေသွားသွင်းရပါသည်။ (သက်ဆိုင်ရာမြို့နယ်မြန်မာ့စီးပွါးရေးဘဏ်မှာငွေသွင်းရပါမယ် ၊တောင်ဥက္ကလာအတွက် သရက်တော မှတ်တိုင်ရှိ မြန်မာ့စီးပွားဘဏ်)

(ဘဏ်ငွေသွင်းရာတွင် ငွေသွင်းချလန်စာရွက်၏ နောက်ကျော တွင် သွင်းမည့်ငွေတွင် ၅၀၀၀ တန် ဘယ်နရွက်၊ တစ်သောင်းတန် ဘယ်နရွက် စသဖြင့် အတိအကျရေးထားပေးပါ။)

ဘဏ်တွင် ငွေသွင်းပြီးပါက ငွေသွင်းပြေစာကို မိတ္တူ တစ်ရွက်ကူး၍ အခွန်ရုံးစာရေးထံသို့တခါ သွားရောက်ပေးအပ်ရပါမည်။ အခွန်ရုံးမှ အခွန်စိမ်းစာရွက် ၂ ရွက် ထုတ်ပေးပါမည်။

မူရင်းဟု ရေးထားသောစာရွက်မှာ ကညန ရုံးသို့ ပေးရပါမည်။ ပ-မူရင်းဟု ရေးထားသောစာရွက်နှင့် ဘဏ်ငွေသွင်းချလန်မှာ မိမိသိမ်းထားရပါမည်။

(အခွန်စိမ်းစာရွက်သည် ကားပြန်ရောင်းသည့်အခါ ထည့်မ ပေးရပါ။ မိမိကိုယ်တိုင် အခွန်ဆောင်ထားသော စာရွက်ဖြစ်သဖြင့် မိမိနှင့်သာ သက်ဆိုင်သည်။)

salmon

Add a Comment

Your email address will not be published. Required fields are marked *

19 − 2 =