လက္သန႔္ေဆးရည္ သုံးတာထက္ ဆပ္ျပာ နဲ႔ လက္ေဆးတာက ကို႐ိုနာ ဗိုင္းရပ္စ္ကို ပိုကာကြယ္ႏိုင္

ကို႐ိုနာဗိုင္းရပ္စ္က ေၾကာက္စရာေကာင္းပါတယ္ ေၾကာက္သင့္ပါတယ္။ ကူးစက္ျမန္တယ္။ ေသေစႏိုင္တယ္။ ကူးစက္ခံ ရၿပီး သိပ္မၾကာခင္ အခန႔္မသင့္လွ်င္ ေသဆုံးႏိုင္တယ္။တျခား ေရာဂါေတြေၾကာင့္ ေသဆုံးမႈေတြ အမ်ားႀကီးပါ။ လူဆိုတာ ေသမ်ိဳးပါပဲ .. ေန႔တိုင္းေသေနၾကတာပါ။ 2009 ခုႏွစ္ အေမရိကားက H1N1 တုပ္ေကြးက လူသန္းေပါင္းမ်ားစြာ ကူးစက္ခံရၿပီး လူသိန္းခ်ီ ေသဆုံးခဲ့ပါတယ္။ဒါ့အျပင္တစ္ႏွစ္လွ်င္ TB ေရာဂါေၾကာင့္ ၁.၅ သန္း၊ HIV ေၾကာင့္ လူ ၇.၇ သိန္း၊ ငွက္ဖ်ားေၾကာင့္ လူ ေလးသိန္းေက်ာ္ ေသဆုံးေနပါတယ္။

မကူးစက္ေသာ ေရာဂါမ်ား ေၾကာင့္ တႏွစ္လွ်င္ လူ သန္းေလးဆယ္ေက်ာ္ ေသဆုံးေနပါတယ္။ အထူး အားျဖင့္ ႏွလုံးေရာဂါ ကင္ဆာေရာဂါ ဆီးခ်ိဳ ေရာဂါ ယာဥ္တိုက္မႈ ထိခိုက္ခံရျခင္း အဝလြန္ျခင္း တို႔ေၾကာင့္ ျဖစ္ပါတယ္။ တႏွစ္မွာ ႏွလုံးေရာဂါေၾကာင့္ ေသဆုံးသူ က ၁၇ သန္းခန႔္ျဖစ္ပါတယ္….တကယ္တမ္း ဆန္းစစ္ၾကည့္လိုက္ရင္… ကို႐ိုနာဗိုင္းရပ္စ္ ေၾကာင့္ ေသဆုံးသူ အမ်ားစုကလဲ နဂို ေရာဂါ အခံ ရွိေနၾကတာမ်ားပါတယ္ အမွည့္ေႂကြတာပါ။ ထန္းသီးေႂကြခိုက္ က်ီးနင္းခိုက္ေပါ့။ အေၾကာက္လြန္ၿပီး ႏွာေခါင္းစည္းေတြ တပ္လိုက္ျဖဳတ္လိုက္ ျပန္တပ္လိုက္ယားလို႔မ်က္ႏွာကို ဟိုပြတ္ဒီပြတ္ နဲ႔မွ ေရာဂါပိုး ကူးဖို႔လြယ္မွာပါ။

မလိုအပ္ပဲ ခရီးမထြက္ပါနဲ႔ မလိုအပ္ပဲ လူထူထပ္ရာ မသြားပါနဲ႔။ လူစုလူေဝးႏွင့္ ဝတ္ျပဳ ျခင္းမ်ား.. ကိုေလွ်ာ့ပါ (ဘာသာေရးကို ဆန႔္က်င္တာ မဟုတ္ရပါ ဥပမာ ကိုးရီးယား ဝတ္ျပဳေက်ာင္း)လက္ေဆးျခင္း. (လက္ကို hand senitzier နဲ႔ေဆးတာထက္ ဆပ္ျပာနဲ႔စကၠန႔္ ၂၀ ေသခ်ာ ေဆးေၾကာတာ က ပိုေကာင္းပါတယ္)စိတ္ဖိစီးမႈကို ေလ်ာ့ခ်ျခင္း က်န္းမာေအာင္ ေနထိုင္စားေသာက္ျခင္းတို႔ကို အဓိက ထား ျပဳမူေနထိုင္ဖို႔က ပိုအေရးႀကီးတယ္လို႔ယူဆပါတယ္။ဒီကို႐ိုနာဗိုင္းရပ္စ္ အျပင္ အျခားေသာ ေရာဂါေတြကိုလဲ ေၾကာက္ေစခ်င္ပါတယ္။

Credit (ေဒါက္တာယဥ္ႏြယ္)

unicode

ကိုရိုနာဗိုင်းရပ်စ်က ကြောက်စရာကောင်းပါတယ် ကြောက်သင့်ပါတယ်။ ကူးစက်မြန်တယ်။ သေစေနိုင်တယ်။ ကူးစက်ခံ ရပြီး သိပ်မကြာခင် အခန့်မသင့်လျှင် သေဆုံးနိုင်တယ်။တခြား ရောဂါတွေကြောင့် သေဆုံးမှုတွေ အများကြီးပါ။ လူဆိုတာ သေမျိုးပါပဲ .. နေ့တိုင်းသေနေကြတာပါ။ 2009 ခုနှစ် အမေရိကားက H1N1 တုပ်ကွေးက လူသန်းပေါင်းများစွာ ကူးစက်ခံရပြီး လူသိန်းချီ သေဆုံးခဲ့ပါတယ်။ဒါ့အပြင်တစ်နှစ်လျှင် TB ရောဂါကြောင့် ၁.၅ သန်း၊ HIV ကြောင့် လူ ၇.၇ သိန်း၊ ငှက်ဖျားကြောင့် လူ လေးသိန်းကျော် သေဆုံးနေပါတယ်။

မကူးစက်သော ရောဂါများ ကြောင့် တနှစ်လျှင် လူ သန်းလေးဆယ်ကျော် သေဆုံးနေပါတယ်။ အထူး အားဖြင့် နှလုံးရောဂါ ကင်ဆာရောဂါ ဆီးချို ရောဂါ ယာဉ်တိုက်မှု ထိခိုက်ခံရခြင်း အဝလွန်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။ တနှစ်မှာ နှလုံးရောဂါကြောင့် သေဆုံးသူ က ၁၇ သန်းခန့်ဖြစ်ပါတယ်….တကယ်တမ်း ဆန်းစစ်ကြည့်လိုက်ရင်… ကိုရိုနာဗိုင်းရပ်စ် ကြောင့် သေဆုံးသူ အများစုကလဲ နဂို ရောဂါ အခံ ရှိနေကြတာများပါတယ် အမှည့်ကြွေတာပါ။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ပေါ့။ အကြောက်လွန်ပြီး နှာခေါင်းစည်းတွေ တပ်လိုက်ဖြုတ်လိုက် ပြန်တပ်လိုက်ယားလို့မျက်နှာကို ဟိုပွတ်ဒီပွတ် နဲ့မှ ရောဂါပိုး ကူးဖို့လွယ်မှာပါ။

မလိုအပ်ပဲ ခရီးမထွက်ပါနဲ့ မလိုအပ်ပဲ လူထူထပ်ရာ မသွားပါနဲ့။ လူစုလူဝေးနှင့် ဝတ်ပြု ခြင်းများ.. ကိုလျှော့ပါ (ဘာသာရေးကို ဆန့်ကျင်တာ မဟုတ်ရပါ ဥပမာ ကိုးရီးယား ဝတ်ပြုကျောင်း)လက်ဆေးခြင်း. (လက်ကို hand senitzier နဲ့ဆေးတာထက် ဆပ်ပြာနဲ့စက္ကန့် ၂၀ သေချာ ဆေးကြောတာ က ပိုကောင်းပါတယ်)စိတ်ဖိစီးမှုကို လျော့ချခြင်း ကျန်းမာအောင် နေထိုင်စားသောက်ခြင်းတို့ကို အဓိက ထား ပြုမူနေထိုင်ဖို့က ပိုအရေးကြီးတယ်လို့ယူဆပါတယ်။ဒီကိုရိုနာဗိုင်းရပ်စ် အပြင် အခြားသော ရောဂါတွေကိုလဲ ကြောက်စေချင်ပါတယ်။

Credit (ဒေါက်တာယဉ်နွယ်)

Add a Comment

Your email address will not be published. Required fields are marked *

19 − eighteen =