



Credit Shweyaunglan

unicode

မိသားစုဆိုတာ ကို ယုံကြည်မှု လုံးဝကို မရှိဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်တဲ့ ခင်သဇင် (ရုပ်/သံ)

ပရိတ်သတ်ကြီးရေ…..ကျစ်လျစ်သွယ်လျတဲ့ ဘော်ဒီလေးကို ပိုင်ဆိုင်ထားပြီး ပီပြင်ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်ရင်ထဲအချိန်တိုအတွင်းရောက်ရှိလာတဲ့ မင်းသမီးချောလေးခင်သဇင်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာMrtv-4မှာ လက်ရှိပြသနေတဲ့အချစ်ဖွဲ့လေညင်းဆိုတဲ့ ရုပ်သံ ဇာတ်လမ်းတွဲမှာ ဒေါ်မိုးကလျာအနေနဲ့အကောင်းဆုံးပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဒီရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ခင်သဇင်က မိသားစုဆိုတာ ကို ယုံကြည်မှု လုံးဝကို မရှိဘူးလို့ ပွင့်ပွင့်လင်းလင်းပြောကြားလာခဲ့တာပါ“သူတို့ စိတ်မြန်လက်မြန်နဲ့ကွဲကြတဲ့ အိမ်ထောင်တစ်ခုမှာ ခင်သဇင်ရဲ့ ဘဝတစ်ခုလုံးစာနဲ့ရင်းပြီး ခံစားခဲ့ရတာ…မိဘမစုံတဲ့ကလေးတစ်ယောက်က လူစင်မမှီသလိုပဲ ခင်သဇင် လို ကလေးမျိုးတွေ လောကထဲကို ထပ်ပြီး မခေါ်ချင်တော့ဘူး” လို့ ခင်သဇင်ကပြောကြားခဲ့တာဖြစ်ပါတယ်

ဒါ့အပြင် ခင်သဇင်က ”သဇင့်အရင်တုန်းက ငယ်ဘဝဓာတ်ပုံတွေကို ကြည့် လိုက်ရင် ငါဒီလောက်ဘာလို့ပျော်နေခဲ့တာလဲ အမြဲတွေးကြည့်မိတယ် တကယ်ကို အဲ့ဒါတွေ ဘာတစ်ခုမှ သတိမရတော့ တာ အဲ့ဒါတွေကြောင့် သဇင် ယောကျာ်းယူရမှာအရမ်းကြောက်တယ် နောက်ပြီး ယူဖြစ်ရင်ကလေးမွေးဖို့ကိုအရမ်းကြောက်တယ် အဲ့ဒီလောက်ထိကို ဖြစ်သွားတာပေါ့ တကယ်မိသားစုဘဝကို ကောင်းကောင်းပိုင်ဆိုင်ထားတဲ့သူတွေ့ရင်တော့ တကယ်အားကျပါတယ်” လို့ ခင်သဇင်ကပြောသွားခဲ့တာပါ ပရိသတ်ကြီးရေခင်သဇင်ကတော့ သူမတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ တွေကြောင့် မိသားစုဘဝဆိုတာကို မယုံရဲ လောက်အောင်ဖြစ်ခဲ့ရပုံပါပဲနော် လူမှုကွန်ယက်မှာ သတင်းကြီးနေတာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်နော်

Credit Shweyaunglan

Add a Comment

Your email address will not be published. Required fields are marked *

2 × 1 =