ႏွစ္ေပါင္း (၃၀) ၾကာေအာင္ ေဆးလိပ္အရမ္းေသာက္ခဲ့သူရဲ႕ အဆုတ္ကို ခြဲစိတ္ၾကည့္ေသာအခါ

အခုေဖာ္ျပမယ့္ အျဖစ္အပ်က္ကေတာ့ လြန္ခဲ့တဲ့ႏွစ္ကျဖစ္ခဲ့တာပါ။ဒါေပမဲ့ ႐ိုးမသြားတဲ့ အေၾကာင္းအရာမို႔ ေဆးလိပ္ေသာက္တတ္သူတိုင္းရဲ႕ က်န္းမာေရးအတြက္ရည္႐ြယ္ၿပီး ေဖာ္ျပေပးခ်င္ပါတယ္။ ေဆးလိပ္ေသာက္ ျခင္းဟာ ႏွလုံးနဲ႔ အသက္ရႉလမ္းေၾကာင္း ဆိုင္ရာေရာဂါေတြကို ျဖစ္ေစတယ္ဆိုတာ သိၿပီးျဖစ္မွာပါ။ဒါ့ျပင္ ေဆးလိပ္ေသာက္သူတစ္ဦးအေနနဲ႔ COVID-19 ကူးစက္ခံခဲ့ရမယ္ဆိုရင္ ျပင္းထန္တဲ့ေရာဂါလကၡဏာနဲ႔ ပိုမိုဆိုး႐ြားတဲ့ က်န္းမာေရး အေျခအေနကို ခံစားရဖြယ္ရွိပါတယ္။ၿပီးခဲ့တဲ့ႏွစ္တုန္းက တ႐ုတ္ႏိုင္ငံ၊ Wuxi People ေဆး႐ုံက ဆရာဝန္ ေတြဟာ အဆုတ္ေရာဂါနဲ႔ေသဆုံးသြားခဲ့တဲ့ အသက္ ၅၂ ႏွစ္ အ႐ြယ္ အမ်ိဳးသားႀကီးတစ္ဦးရဲ႕ ကိုယ္တြင္းအဂၤါေတြကို ထုတ္ယူခဲ့ၾကပါတယ္။အဲဒီလူနာဟာ သူေသဆုံးသြားတဲ့အခါ သူ႔ရဲ႕ ကိုယ္တြင္းအဂၤါေတြကို လႉဒါန္းဖို႔ သေဘာတူလက္မွတ္ေရး ထိုးထားသူပါ။

အဲဒီခြဲစိတ္မႈကို ဦးေဆာင္ ျပဳလုပ္ခဲ့တဲ့ အဆုတ္အစားထိုးခြဲစိတ္အထူးကုတစ္ဦးျဖစ္သူ Dr Chen ရဲ႕အဆိုအရ လူနာ မဆုံးခင္က CT scan မဖတ္လိုက္ရေၾကာင္း၊ ေသဆုံးၿပီးတဲ့အခါ အဆုတ္ကိုထုတ္ယူၾကည့္ခ်ိန္မွာေတာ့ အဲဒီကိုယ္တြင္းအဂၤါေတြကို ျပန္သုံးလို႔မရေတာ့ေၾကာင္းကို သိရွိရပါတယ္။ အဆိုပါအမ်ိဳးသားဟာ အသက္ရွိစဥ္က ႏွစ္ေပါင္း ၃၀ ေလာက္ ေဆးလိပ္အရမ္းေသာက္ခဲ့သူလို႔လည္း သိရပါတယ္။ သူ႔ရဲ႕အဆုတ္ဟာ ပုံမွန္ရွိရမယ့္ပန္းေရာင္သန္းသန္းအစား မီးေသြးလိုမဲနက္ေနၿပီး မီးခိုးမႈိင္းေတြကပ္ေနတဲ့ ပုံစံမ်ိဳးျဖစ္ေနခဲ့တာပါ။

ဒါ့ျပင္ Dr Chen က သူတို႔ႏိုင္ငံက ေဆးလိပ္ေသာက္သူ အေတာ္မ်ားမ်ားဟာ အဲဒီလိုအဆုတ္ပုံစံမ်ိဳးရွိၾကတယ္ လို႔လည္း ဆိုပါတယ္။အဲဒါေၾကာင့္ ေဆးလိပ္အရမ္းေသာက္သူတစ္စုံတစ္ေယာက္ရဲ႕ အဆုတ္ကို ေသဆုံးၿပီးခ်ိန္မွာ လႉမယ္ဆိုရင္ေတာင္ အသုံးျပဳဖို႔မျဖစ္ႏိုင္ေတာ့ပါဘူး။ ခြဲထုတ္ထားတဲ့ အဲဒီအဆုတ္ပုံ ကို မွတ္တမ္းတင္႐ိုက္ကူးထားတဲ့ ဗီဒီယိုဟာ ဆိုရွယ္မီဒီယာေပၚမွာ အေတာ္ေလး ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ဆိုရွယ္မီဒီယာသုံးစြဲသူတခ်ိဳ႕ကဆိုရင္ “ေဆးလိပ္မေသာက္ဖို႔အတြက္ အေကာင္းဆုံးေၾကာ္ျငာ” လို႔တင္စားၿပီး မွ်ေဝခဲ့ၾကပါတယ္။

Credit We Media

unicode

အခုဖော်ပြမယ့် အဖြစ်အပျက်ကတော့ လွန်ခဲ့တဲ့နှစ်ကဖြစ်ခဲ့တာပါ။ဒါပေမဲ့ ရိုးမသွားတဲ့ အကြောင်းအရာမို့ ဆေးလိပ်သောက်တတ်သူတိုင်းရဲ့ ကျန်းမာရေးအတွက်ရည်ရွယ်ပြီး ဖော်ပြပေးချင်ပါတယ်။ ဆေးလိပ်သောက် ခြင်းဟာ နှလုံးနဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါတွေကို ဖြစ်စေတယ်ဆိုတာ သိပြီးဖြစ်မှာပါ။ဒါ့ပြင် ဆေးလိပ်သောက်သူတစ်ဦးအနေနဲ့ COVID-19 ကူးစက်ခံခဲ့ရမယ်ဆိုရင် ပြင်းထန်တဲ့ရောဂါလက္ခဏာနဲ့ ပိုမိုဆိုးရွားတဲ့ ကျန်းမာရေး အခြေအနေကို ခံစားရဖွယ်ရှိပါတယ်။ပြီးခဲ့တဲ့နှစ်တုန်းက တရုတ်နိုင်ငံ၊ Wuxi People ဆေးရုံက ဆရာဝန် တွေဟာ အဆုတ်ရောဂါနဲ့သေဆုံးသွားခဲ့တဲ့ အသက် ၅၂ နှစ် အရွယ် အမျိုးသားကြီးတစ်ဦးရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထုတ်ယူခဲ့ကြပါတယ်။အဲဒီလူနာဟာ သူသေဆုံးသွားတဲ့အခါ သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို လှူဒါန်းဖို့ သဘောတူလက်မှတ်ရေး ထိုးထားသူပါ။

အဲဒီခွဲစိတ်မှုကို ဦးဆောင် ပြုလုပ်ခဲ့တဲ့ အဆုတ်အစားထိုးခွဲစိတ်အထူးကုတစ်ဦးဖြစ်သူ Dr Chen ရဲ့အဆိုအရ လူနာ မဆုံးခင်က CT scan မဖတ်လိုက်ရကြောင်း၊ သေဆုံးပြီးတဲ့အခါ အဆုတ်ကိုထုတ်ယူကြည့်ချိန်မှာတော့ အဲဒီကိုယ်တွင်းအင်္ဂါတွေကို ပြန်သုံးလို့မရတော့ကြောင်းကို သိရှိရပါတယ်။ အဆိုပါအမျိုးသားဟာ အသက်ရှိစဉ်က နှစ်ပေါင်း ၃၀ လောက် ဆေးလိပ်အရမ်းသောက်ခဲ့သူလို့လည်း သိရပါတယ်။ သူ့ရဲ့အဆုတ်ဟာ ပုံမှန်ရှိရမယ့်ပန်းရောင်သန်းသန်းအစား မီးသွေးလိုမဲနက်နေပြီး မီးခိုးမှိုင်းတွေကပ်နေတဲ့ ပုံစံမျိုးဖြစ်နေခဲ့တာပါ။

ဒါ့ပြင် Dr Chen က သူတို့နိုင်ငံက ဆေးလိပ်သောက်သူ အတော်များများဟာ အဲဒီလိုအဆုတ်ပုံစံမျိုးရှိကြတယ် လို့လည်း ဆိုပါတယ်။အဲဒါကြောင့် ဆေးလိပ်အရမ်းသောက်သူတစ်စုံတစ်ယောက်ရဲ့ အဆုတ်ကို သေဆုံးပြီးချိန်မှာ လှူမယ်ဆိုရင်တောင် အသုံးပြုဖို့မဖြစ်နိုင်တော့ပါဘူး။ ခွဲထုတ်ထားတဲ့ အဲဒီအဆုတ်ပုံ ကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာပေါ်မှာ အတော်လေး ပျံ့နှံ့သွားခဲ့ပါတယ်။ဆိုရှယ်မီဒီယာသုံးစွဲသူတချို့ကဆိုရင် “ဆေးလိပ်မသောက်ဖို့အတွက် အကောင်းဆုံးကြော်ငြာ” လို့တင်စားပြီး မျှဝေခဲ့ကြပါတယ်။

Credit We Media

Add a Comment

Your email address will not be published. Required fields are marked *

four − four =