အွန်လိုင်းမှာဂယက်ထနေတဲ့ ကာယကံရှင်တွေမသိဘဲ အလှူရှင်နာမည်စာရင်းမှာပါနေတဲ့ကိစ္စ ဖြေရှင်းတောင်းပန်လာတဲ့ “ယုန်လေး”

မင်္ဂလာပါ ပရိသတ်ကြီးရေ အဆိုတော် ယုန်လေးကိုတော့ အားလုံး သိပြီးသား ဖြစ်မှာပါနော်။ ယုန်လေးဟာ ဆိုရင်တော့ သီချင်း သီဆိုရုံ သာမက ယခုနောက်ပိုင်းမှာ ရုပ်ရှင်ကားကြီးတွေမှာပါ ပါဝင်ရိုက်ကူး ထားတဲ့သူ တစ် ဉီးလည်း ဖြစ်တဲ့အတွက် လူသိများသူ တစ် ဉီးလို့ ဆိုရမှာပါနော်။ နိုင်ငံရေးကိစ္စတွေ နဲ့ ပတ်သက်ပြီးတော့လည်း သူ့ရဲ့ လုပ်ရပ်တချို့ ရိုက်ကူးမှုတွေဟာ ဝေဖန်စရာတွေ ဖြစ်ခဲ့တာအတွက် ပရိသတ်ပြည်သူတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရသူဖြစ်ပြီး အကြိမ်ကြိမ် တောင်းပန်လိုက်၊ ငိုလိုက် ကန်တော့လိုက် ထပ်ဖြစ်လိုက်နဲ့ တောင်းပန်သံသရာမှာ မကြာမကြာ လည်နေခဲ့တဲ့သူ တစ် ဉီးလို့လည်း ဆိုရမယ့်သူပါ။

ယခုနောက်ပိုင်း ကာလတွေမှာ တောင်းပန်တာတွေ ငိုပြတာတွေနဲ့ အတန်ကြာ ကင်းဝေးနေခဲ့တဲ့ ယုန်လေးဟာ ပြီးခဲ့တဲ့ရက်မှာတော့ ကားရောင်းရတဲ့ ငွေကို မတည်ကာ လိုအပ်နေသူတွေကို အလှူလုပ်မယ်ဆိုပြီး ပို့စ်တင်လာကာ သူ့ထဲသို့ လှူဒါန်းထားသူများ အလှူစာရင်းဆိုပြီး လှူသူအမည်နဲ့ ငွေပမာဏတွေ တွဲတင်ကာ ပို့စ်တင်ပြီး အလှူခံလာခဲ့တာကို တွေ့ရပါတယ်။ ဒီလိုအလှူရှင် စာရင်းတွေ တင်လာတာကပဲ သူနဲ့ ကာလအတန်ကြာ တောင်းပန်ခြင်းတွေ ပြန်စဖို့ ဇာတ်လမ်းဆိုတာကိုတော့ မည်သူမှ ကြိုတင် မှန်းဆ သိနိုင်ခဲ့ကြမယ် မထင်ပါဘူးနော်။ အခုအခါမှာတော့ ယုန်လေးတင်လာတဲ့ အမည် စာရင်းမှာ ပါဝင်နေသော အဆိုတော်နေဝင်း၊ အဆိုတော်ကျော်ထွဋ်ဆွေနှင့် မော်ဒယ်လ်နန်းသူဇာတို့မှ သူတို့အနေနဲ့ ယုန်လေးရဲ့စာရင်းထဲမှာ ပါဝင်နေပေမယ့် သူတို့ကိုယ်တိုင် အကျိုးအကြောင်း ဘာမှ မသိခဲ့ရသလို သူတို့ အနေနဲ့ ငွေကြေးတစ်စုံတစ်ရာ ထည့်ဝင်ခဲ့ခြင်း မရှိဘူးလို့ ဆိုလာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ယုန်လေး က အခုလို တောင်းပန် ဖြေရှင်းလာခဲ့တာကို တွေ့ရပါတယ်။ အဆိုတော်ယုန်လေးက “ဆန် ဆီ ကြက်ဥ မိသားစု 3000 စာရောက်ပါပြီ။

မနက်ဖြန် လုပ်အားဖြစ်အလှူပါဝင်သော ညီအစ်ကိုများမှ စလှူပါပြီခင်မျာ။ အလှူရှင်များ ကိုလည်း ကျေးဇူးတင် ပါတယ် 🙏🏻 ကျွန်တော် အရင်က Producer အနေနဲ့ထုတ်ထားတဲ့ ခွေတွေထဲက Ringtune နှင့် တခြားတခြား ပလက်ဖောင်းများမှ ရထားတဲ့ အနုပညာကြေးတွေကို လွန်ခဲ့တဲ့ 2 လ က အနုပညာရှင်တွေကို အလှူလေးတွေ လုပ်ဖို့ အလှူခံခဲ့ပါတယ်။ လွှဲပေးဆိုလည်း လွှဲပေးမယ်ပြောခဲ့ပါတယ်။ အကုန်လုံးက ထည့်ဝင်ခဲပါတယ်။ သူတို့ အနုပညာကြောင့် ရထားတဲ့ ငွေမို့လို့ အလှူရှင်နာမည်မှာ ကျွန်တော် ဒီတိုင်းတက်ခဲ့ပါတယ်။ အနုပညာရှင်များလည်း စိတ်အနှောင့်ယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်” ဆိုပြီး သူ့အနေနဲ့ အလှူအမည်စာရင်း ရေးခဲ့တာဟာ ထိုအနုပညာရှင်များကို ပေးစရာရှိသော အနုပညာကြေးငွေတွေ ဖြစ်တဲ့အတွက် သူတို့နာမည်တပ်ခဲ့ရတာ ဖြစ်ကြောင်း ရေးသား ပြောဆိုလာခဲ့ပြီး ယခုလို ပြုမူခဲ့မိသည့် အတွက် အနှောက်အယှက် ဖြစ်သွားကြမယ် ဆိုရင်လည်း တောင်းပန်ပါတယ်ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

crd