ပိန္တဲ့ Customer ေတြကို အစားအစာ ႏွင့္ ဘီယာ အခမဲ့ ဆုခ်မယ္ဆိုၿပီး ေၾကညာခဲ့တဲ့ စားေသာက္ဆိုင္ (႐ုပ္သံ)

တ႐ုတ္ႏိုင္ငံက စားေသာက္ဆိုင္တစ္ဆိုင္ဟာ က်ဥ္ေျမာင္းတဲ့ သံေခ်ာင္းအကန႔္ေတြအၾကားတိုးေဝွ႔ ျဖတ္သြားႏိုင္တဲ့ မည္သူ႔ကိုမဆို အစားအေသာက္အခမဲ့ဝန္ေဆာင္မႈေပးမည္ျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္ ။ ဆိုင္ပိုင္ရွင္ Zhao Lang အမည္ရွိတဲ့ အမ်ိဳးသားရဲ႕ေျပာျပခ်က္အရ ယခုလို promotion နည္းလမ္းလုပ္ရတဲ့ရည္႐ြယ္ခ်က္ဟာ လူေတြ ကိုယ္အေလးခ်ိန္ထိန္းသိမ္းဖို႔ ရည္႐ြယ္၍ျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။

အဆိုပါဆိုင္ေလးဟာ တ႐ုတ္ႏိုင္ငံမွာအေတာ္ေလးကို လူစိတ္ ဝင္စားမႈရရွိသြားခဲ့ပါတယ္ ။ Zhao ရဲ႕ေျပာျပခ်က္အရ လူအေတာ္မ်ားမ်ားက ဝိတ္မခ်ႏိုင္ၾကဘူး ၊ ဘာလို႔လည္းဆိုတဲ့ သူတို႔ကဘီယာေသာက္တာကို မရပ္နားႏိုင္ၾကလို႔ပဲ ၊ ဒီနည္းလမ္းေလးက သူတို႔ေတြကို ကိုယ္အေလးခ်ိန္ထိန္းက်ဖို႔ သတိရေစေအာင္လို႔ပါ ဆိုၿပီး ေျပာျပ ခဲ့ပါတယ္ ။

သံေခ်ာင္းအခန႔္အကန႔္ေတြရဲ႕ အက်ဥ္းအက်ယ္ေတြေပၚမႈတည္ၿပီး မတူညီ တဲ့ discount ေတြရွိၾကပါတယ္ ။ အငယ္ဆုံး 15cm အက်ယ္သာရွိတဲ့အကန႔္ကို ျဖတ္ႏိုင္ရင္ေတာ့ စာပြဲတစ္ခုလုံးရဲ႕ အစားအစာ နဲ႔ beer ကိုအခမဲ့ရရွိမွာပါ ။ 18cm အကန႔္ကိုျဖတ္ႏိုင္ရင္ေတာ့ ဘီယာ 5ပုလင္း free ရမွာျဖစ္ၿပီး ၊ 25 cm အကန႔္ကိုသာ ျဖတ္ႏိုင္ ရင္ေတာ့ free beer အခြင့္အေရးကိုဆုံးရႈံးရမွာပါ ။

မိန္းကေလးေတြ အေတာ္မ်ားမ်ားကသာ အျမင့္ဆုံးဆုရရွိခဲ့ၾကတာပါ ။ အနည္းဆုံး တစ္ရက္မွာ တစ္ေယာက္ေလာက္ကေတာ့ အက်ဥ္ဆုံးအကန႔္ကိုျဖတ္ႏိုင္ေလ့ရွိၿပီး ၊ အေယာက္ 20 ခန႔္ကေတာ့ ဒုတိယအဆင့္အကန႔္ကိုျဖတ္ႏိုင္ေလ့ရွိေၾကာင္းသိရွိရပါတယ္ ။ အဆိုပါ promotion campaign ကို လူအမ်ားစုက metal gate challenge ဆိုၿပီး လူသိမ်ားလ်က္ရွိပါတယ္ ။

Jasmine Mckzone Daily

Source nextshark

unicode

တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ဆိုင်ဟာ ကျဉ်မြောင်းတဲ့ သံချောင်းအကန့်တွေအကြားတိုးဝှေ့ ဖြတ်သွားနိုင်တဲ့ မည်သူ့ကိုမဆို အစားအသောက်အခမဲ့ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ် ။ ဆိုင်ပိုင်ရှင် Zhao Lang အမည်ရှိတဲ့ အမျိုးသားရဲ့ပြောပြချက်အရ ယခုလို promotion နည်းလမ်းလုပ်ရတဲ့ရည်ရွယ်ချက်ဟာ လူတွေ ကိုယ်အလေးချိန်ထိန်းသိမ်းဖို့ ရည်ရွယ်၍ဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။

အဆိုပါဆိုင်လေးဟာ တရုတ်နိုင်ငံမှာအတော်လေးကို လူစိတ် ဝင်စားမှုရရှိသွားခဲ့ပါတယ် ။ Zhao ရဲ့ပြောပြချက်အရ လူအတော်များများက ဝိတ်မချနိုင်ကြဘူး ၊ ဘာလို့လည်းဆိုတဲ့ သူတို့ကဘီယာသောက်တာကို မရပ်နားနိုင်ကြလို့ပဲ ၊ ဒီနည်းလမ်းလေးက သူတို့တွေကို ကိုယ်အလေးချိန်ထိန်းကျဖို့ သတိရစေအောင်လို့ပါ ဆိုပြီး ပြောပြ ခဲ့ပါတယ် ။

သံချောင်းအခန့်အကန့်တွေရဲ့ အကျဉ်းအကျယ်တွေပေါ်မှုတည်ပြီး မတူညီ တဲ့ discount တွေရှိကြပါတယ် ။ အငယ်ဆုံး 15cm အကျယ်သာရှိတဲ့အကန့်ကို ဖြတ်နိုင်ရင်တော့ စာပွဲတစ်ခုလုံးရဲ့ အစားအစာ နဲ့ beer ကိုအခမဲ့ရရှိမှာပါ ။ 18cm အကန့်ကိုဖြတ်နိုင်ရင်တော့ ဘီယာ 5ပုလင်း free ရမှာဖြစ်ပြီး ၊ 25 cm အကန့်ကိုသာ ဖြတ်နိုင် ရင်တော့ free beer အခွင့်အရေးကိုဆုံးရှုံးရမှာပါ ။

မိန်းကလေးတွေ အတော်များများကသာ အမြင့်ဆုံးဆုရရှိခဲ့ကြတာပါ ။ အနည်းဆုံး တစ်ရက်မှာ တစ်ယောက်လောက်ကတော့ အကျဉ်ဆုံးအကန့်ကိုဖြတ်နိုင်လေ့ရှိပြီး ၊ အယောက် 20 ခန့်ကတော့ ဒုတိယအဆင့်အကန့်ကိုဖြတ်နိုင်လေ့ရှိကြောင်းသိရှိရပါတယ် ။ အဆိုပါ promotion campaign ကို လူအများစုက metal gate challenge ဆိုပြီး လူသိများလျက်ရှိပါတယ် ။

Jasmine Mckzone Daily

Source nextshark

Add a Comment

Your email address will not be published. Required fields are marked *

four × four =