Facebook သုံးတာ ဒီလို ပို့စ်မျိုးတွေ ကြောင့် ဘေလ် ကုန်ရ ကျိုး နပ်နေ တာပါ…

ဖတ်ကြည့်မှ……သိမှာမို့…..ဖတ်ကြည့် နော့

ဖတ်စေချင်လွန်းလို့ပါ……

လင်မယား စုံတွဲတစ်တွဲပါလာတဲ့သင်္ဘောတစ်စင်း နစ်မြှုပ် သွားတယ်…

အချိန်တော်တော်ကြာမှအသက်ကယ်လှေတစ်စင်းရောက်လာတယ်…

အသက်ကယ်လှေပေါ်မှာ နေရာဆိုလို့တစ်နေရာဘဲ ကျန်တော့တယ်…

အဲဒီအချိန်မှာ ယောက်ျားဖြစ်သူက သူ့မိန်းမ ကို သူ့အနောက်ဆွဲချလိုက်ပြီး သူကိုယ်တိုင် အသက်ကယ်လှေပေါ်ခုံတက်လိုက်တယ်…

အဲဒီ အမျိုးသမီး ကတော့တဖြည်းဖြည်း ချင်းနစ်မြှုပ်နေတဲ့သင်္ဘောပေါ်မှာရပ်ပြီးသူ့ ယောက်ျားကို စကားတစ်ခွန်းအော်ပြောလိုက်တယ်…

ဒီနေရာအထိပြောပြီးတော့ ဆရာမကကျောင်းသားတွေကို မေးလိုက်တယ်…

“မင်းတို့ ခန့်မှန်းကြည့်…အမျိုးသမီးက ဘာအော်ပြောလိုက်သလဲ?”

ကျောင်းသားတွေကတော့ အလုအယက်ဒေါနဲ့မောနဲ့ အော်ပြောကြ တယ်…“ငါနင့်ကိုမုန်းတယ်… ငါကို ထားပစ် ရစ်ခဲ့တယ်… ”

အဲဒီအချိန်မှာ ဆရာမကကျောင်းသူလေး တစ်ယောက်ကိုဘာမှမပြောတာ ကို သတိထားမိတော့ဆရာမက သူ့ကိုမေး လိုက်တယ်…

အဲဒီကျောင်းသူလေးက ပြန်ဖြေ လိုက်တယ်…“ဆရာမ… သမီး ထင်တယ်…

အဲဒီ အမျိုးသမီးအော်ပြောလိုက် မှာက …ငါတို့ကလေးကို ကောင်းကောင်းဂရုစိုက်ပေးပါ လို့”…

ဆရာမက အံ့သြသွားတယ်…သူ့ကို ပြန်မေး လိုက်တယ်…“အဲဒီ ပုံပြင်ကို နားထောင်ဖူး လို့လာ?”

ကျောင်းသူလေးက ခေါင်းကို ခါပြီး ပြောလိုက်တယ်…

“ဟင့်အင်း… သမီး မေမေ နေမကောင်းဖြစ်ပြီးဆုံးခါနီးမှာ ဒီစကားဟာ သူ ဖေဖေ့ကို ပြောခဲ့တဲ့ စကားပါ…”

ဆရာမက ပြန်ပြောလိုက်တယ် ….“အဖြေမှန်ပါတယ်ကွယ်…”သင်္ဘော နစ်မြှုပ်သွားပါတယ်…

ယောက်ျားက သူ့မြို့ကို ပြန်ရောက်ပြီးသမီးလေးကို ကြီးပြင်းလာတဲ့အထိ ကိုယ်တိုင်ပြုစုစောင့်ရှောက် ပေးခဲ့တယ်…

နှစ်ပေါင်းများစွာကြာပြီးနောက်အဲဒီယောက်ျားဟာလဲ ရောဂါနဲ့ ဆုံးပါးသွားတော့…

သမီးဖြစ်သူက သူကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေ ကို ရှင်းတော့မှ သူ့ဖေဖေရဲ့ နေ့စဉ်မှတ်တမ်းစာအုပ်ကိုတွေ့တယ်…

အဲဒီအချိန်ရောက်မှ သူသိလိုက်တယ်…ဖေဖေနဲ့ မေမေ သင်္ဘောအတူစီးတဲ့ အချိန်မှာ မေမေ့ရောဂါဟာ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ…

အရေးပေါ်အချိန်မှာဖေဖေဟာ အသက်ရှင်ဖို့တစ်မျှင်တာရှိ တဲ့နေရာကို အရောက်ပြေးခဲ့တယ်…

သူ့ရဲ့ မှတ်တမ်းစာအုပ်မှာရေးထားတာက“ငါ မင်းနဲ့ ဒီပင်လယ်အောက် ကို အတူတူ သာနစ်မြှုပ်သွားလိုက်ချင်ပါတယ်…

ဒါပေမဲ့ ဒါဟာ မဖြစ်နိုင်ပါဘူး…သမီးလေးအတွက်ကြောင့်….

ဒီပင်လယ်ရေနက်အောက်မှာ..နင်တစ်ယောက်တည်းကိုဘဲ ထားခဲ့လိုက်ရတာပါ…”

ပုံပြင်ပြောလို့ပြီးသွားပါပြီ…အခန်းထဲမှာလဲ ငြိမ်သက်သွားပါတယ်…ဆရာမကသိတယ်…

သူ့ကျောင်းသားတွေ ဒီပုံပြင်ရဲ့ အနှစ်သာရကိုနားလည်လိမ့်မယ်လို့…

ဒီလောကမှာရှိတဲ့ ကောင်းခြင်းဆိုးခြင်း ဆိုတာတွေ…တခါတလေမှာ ပွေလီရှုပ်ထွေးလှပါတယ်…

ပိုင်းခြားရမှာ ခက်ခဲလှပါတယ်…ဒါကြောင့် အရာရာတိုင်းကို အပေါ်ယံဘဲကြည့်ပြီး အလွယ်တကူ ဝေဖန်ပိုင်းခြားလို့မရပါဘူး…

ပိုက်ဆံရှင်းချိန်မှာပိုက်ဆံအရင်ထုတ်ပြီးရှင်းတဲ့သူဟာ…သူ ပိုက်ဆံ အရမ်း ချမ်းသာနေ လို့မဟုတ်ဘူး…

သူက ဒီသူငယ်ချင်း သံယောဇဉ်ကိုငွေကြေး ထက်ပိုပြီး အလေး ထားလို့ပါ…

အလုပ်လုပ်ချိန်မှာ အသိစိတ်နဲ့ပိုပြီးကြိုးစားလုပ်တဲ့သူဟာသူ အ နေလို့ မဟုတ်ဘူး…သူက တာဝန်သိ တတ်လို့ပါ…

ရန်ဖြစ်တဲ့အချိန်မှာအရင်ဆုံး တောင်းပန်တဲ့ သူဟာသူမှားနေလို့မဟုတ်ဘူး…ကိုယ့်ဘေးက လူကိုသူ တန်ဖိုးထားရမှန်းသိနေလို့ပါ…

မင်းကိုအမြဲကူညီနေတဲ့သူဟာမင်းဆီကနေ တစ်ခုခု ပြန်ရဖို့တောင့်တနေတာမဟုတ်ဘူး…

မင်းကို သူငယ်ချင်းအစစ်တစ်ယောက်အနေနဲ့တန်ဖိုးထားလို့ပါ…

မင်းကို အမြဲ မက်ဆေ့ပို့ ဆက်သွယ်နေတဲ့သူဟာသူအားယားနေလို့ မဟုတ်ပါဘူး…ဒါဟာ သူ့ စိတ်ထဲမှာ မင်း ရှိနေလို့ပါဘဲ…

Credit: ( Dr Shwe Tun )

Add a Comment

Your email address will not be published. Required fields are marked *

18 − five =